ဒေါက်တာဇော်မြင့်မောင်အပါအဝင်ဝန်ကြီးဟောင်းများအပေါ် ချမှတ်သည့်အမိန့် အယူခံဝင်

0
88

(Unicode)

ဒေါက်တာဇော်မြင့်မောင်အပါအဝင်ဝန်ကြီးဟောင်းများအပေါ် ချမှတ်သည့်အမိန့် အယူခံဝင်

NLD ဒုတိယဥက္ကဌ (၂)၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ၂၀၂၁ ဒီဇင်ဘာ ၈ရက်မှာ အပြီးသတ်အမိန့်ချမှတ်လိုက်တဲ့ အမှု ၂ခုအတွက် အမိန့်ကို သူ့ရဲ့ ရှေ့နေတွေက အထက်တရားရုံးမှာ အယူခံဝင်လိုက်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ဖေဖော်ဝါရီလထဲ ဖမ်းဆီးထိန်းသိမ်းပြီးနောက် NLD ပါတီရဲ့ ထုတ်ပြန်ကြေညာချက်ကြောင့်ဆိုပြီး ပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်ခံခဲ့ရပြီး အဲ့ဒီအမှုအတွက် ထောင် ၂နှစ်၊ ကိုဗစ်ဆိုင်ရာ အသိပညာပေးကို လူစုလူဝေးနဲ့ လုပ်ခဲ့တာကြောင့်ဆိုပြီး သဘာဝဘေးဥပဒေပုဒ်မ ၂၅ နဲ့ စွဲဆိုထားတဲ့အမှုကို ထောင် (၂)နှစ် ချမှတ်လိုက်တာပါ။

“ဒေါက်တာဇော်မြင့်မောင်အပေါ် ချမှတ်လိုက်တဲ့ ထောင်၄နှစ်ကိစ္စကို အယူခံတင်လိုက်ပါပြီ ”လို့ ရှေ့နေတွေက ပြောပြပါတယ်။

ဒေါက်တာဇော်မြင့်မောင် လိုပဲ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ ပုဒ်မ ၃၀-က နဲ့ ထောင်ဒဏ် ၂ နှစ်ထာင်ဒဏ်ချမှတ်၂နှစ်ချမှတ်ခံထားရတဲ့ မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင် အမှု၊ဒေါက်တာရဲလွင်အပြင် အိုးဘိုအကျဉ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့မန္တလေး တိုင်းအစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဟောင်း ဦးဇာနည်အောင်၊စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်းဒေါက်တာစိုးသန်း၊မန္တလေးတိုင်း NLDပါတီ အတွင်းရေးမှူး ဦးတင်ကိုကို တို့ရဲ့ ထောင်ဒဏ်တွေနဲ့ ပါတ်သတ်ပြီးတော့လည်း အယူခံတင်ဖို့ ရှိတယ်လို့ သိရပါတယ်။

“အဲ့ဒီ့ပုဂ္ဂိုလ်တွေရဲ့ အမှုတွေကိုလည်း အယူခံတင်မှာပါ”လို့ ရှေ့နေတွေက ပြောကြပါတယ်။

(Zawgyi)

ေဒါက္တာေဇာ္ျမင့္ေမာင္အပါအဝင္ဝန္ႀကီးေဟာင္းမ်ားအေပၚ ခ်မွတ္သည့္အမိန႔္ အယူခံဝင္

NLD ဒုတိယဥကၠဌ (၂)၊ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာေဇာ္ျမင့္ေမာင္အေပၚ စြဲဆိုထားတဲ့ အမႈေတြထဲက ၂၀၂၁ ဒီဇင္ဘာ ၈ရက္မွာ အၿပီးသတ္အမိန႔္ခ်မွတ္လိုက္တဲ့ အမႈ ၂ခုအတြက္ အမိန႔္ကို သူ႔ရဲ႕ ေရွ႕ေနေတြက အထက္တရား႐ုံးမွာ အယူခံဝင္လိုက္ပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေဖေဖာ္ဝါရီလထဲ ဖမ္းဆီးထိန္းသိမ္းၿပီးေနာက္ NLD ပါတီရဲ႕ ထုတ္ျပန္ေၾကညာခ်က္ေၾကာင့္ဆိုၿပီး ပုဒ္မ ၅၀၅(ခ)နဲ႔ အမႈဖြင့္ခံခဲ့ရၿပီး အဲ့ဒီအမႈအတြက္ ေထာင္ ၂ႏွစ္၊ ကိုဗစ္ဆိုင္ရာ အသိပညာေပးကို လူစုလူေဝးနဲ႔ လုပ္ခဲ့တာေၾကာင့္ဆိုၿပီး သဘာဝေဘးဥပေဒပုဒ္မ ၂၅ နဲ႔ စြဲဆိုထားတဲ့အမႈကို ေထာင္ (၂)ႏွစ္ ခ်မွတ္လိုက္တာပါ။

“ေဒါက္တာေဇာ္ျမင့္ေမာင္အေပၚ ခ်မွတ္လိုက္တဲ့ ေထာင္၄ႏွစ္ကိစၥကို အယူခံတင္လိုက္ပါၿပီ ”လို႔ ေရွ႕ေနေတြက ေျပာျပပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္ လိုပဲ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ နဲ႔ ပုဒ္မ ၃၀-က နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ထာင္ဒဏ္ခ်မွတ္၂ႏွစ္ခ်မွတ္ခံထားရတဲ့ မႏၲေလးၿမိဳ႕ေတာ္ဝန္ေဟာင္းေဒါက္တာရဲလြင္ အမႈ၊ေဒါက္တာရဲလြင္အျပင္ အိုးဘိုအက်ဥ္းေထာင္ထဲ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့မႏၲေလး တိုင္းအစိုးရ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးေဟာင္း ဦးဇာနည္ေအာင္၊စိုက္ပ်ိဳးေရး၊ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးေဟာင္းေဒါက္တာစိုးသန္း၊မႏၲေလးတိုင္း NLDပါတီ အတြင္းေရးမႉး ဦးတင္ကိုကို တို႔ရဲ႕ ေထာင္ဒဏ္ေတြနဲ႔ ပါတ္သတ္ၿပီးေတာ့လည္း အယူခံတင္ဖို႔ ရွိတယ္လို႔ သိရပါတယ္။

“အဲ့ဒီ့ပုဂၢိဳလ္ေတြရဲ႕ အမႈေတြကိုလည္း အယူခံတင္မွာပါ”လို႔ ေရွ႕ေနေတြက ေျပာၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here