တိုက်ခိုက်ရေး၊သယ်ယူပို့ဆောင်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ လေယာဥ်နဲ့ရဟတ်ယာဥ်များ တပ်တော်ဝင်ခဲ့

0
962

(Unicode)

တိုက်ခိုက်ရေး၊သယ်ယူပို့ဆောင်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ လေယာဥ်နဲ့ရဟတ်ယာဥ်များ တပ်တော်ဝင်ခဲ့

မိတ္ထီလာတပ်နယ်က လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှာ ဒီဇင်ဘာ ၁၅ ရက်ကပြုလုပ်တဲ့ တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ်မြောက်အဖြစ်ကျင်းပတဲ့ နှစ်ပတ်လည်နေ့အခမ်းအနားမှာ တပ်တော်ဝင်ခဲ့တာဖြစ်ပါတယ်။

တပ်တော်ဝင်ခဲ့တဲ့လေယာဥ်နဲ့ရဟတ်ယာဥ်တွေထဲက Yak-130 နဲ့ K-8 တို့ဟာ အမောင်းသင်ဂျက်တိုက်လေယာဥ်နဲ့အပေါ့စားတိုက်ခိုက်ရေးလေယာဥ်အမျိုးအစားတွေဖြစ်သလို ဝေဟင်-ဝေဟင်၊ ဝေ ဟင်-မြေပြင်စစ်ဆင်ရေးတွေ၊အနီးကပ် လေကြောင်းပစ်ကူပေးတာတွေ၊ပိုင်းဖြတ်တိုက်ခိုက်တာ လက်နက်တပ်ဆင်ကင်းထောက်တဲ့ တာဝန်တွေကိုလုပ်ဆောင်နိုင်ပါတယ်။

ART-72 600 ကတော့ အလတ်စား သယ်ယူပို့ ဆောင်ရေးလေယာဥ်ဖြစ်ပြီး အဓိကပုဂ္ဂိုလ်တွေကိုသယ်ယူပို့ဆောင်တာ ကုန်ပစ္စည်းပို့တာနဲ့ရှာဖွေကယ်ဆယ်ရေးတာဝန်တွေကိုဆောင်ရွက်နိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။

Y-12 လေယာဥ်ဟာ ကုန်ပစ္စည်းသယ်ဆောင်တာအပြင် လေထီးခုန်တာ ပင်လယ်ပြင်ရှာဖွေရေးကယ်ဆယ်တာ ကင်းထောက်လုပ်ငန်းတွေကိုပါလုပ်ဆောင်နိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။

Eurocopter ရဟတ်ယာဥ်ကတော့ အလတ်စားသယ်ယူပို့ဆောင်ရေးရဟတ်ယာဥ်ဖြစ်ပါတယ်။ အဓိကပုဂ္ဂိုလ်တွေကိုသယ်ယူပို့ဆောင်တာ၊ ခရီး သည်ပို့ဆောင်တာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတာဝန်တွေကိုထမ်းဆောင်နိုင်ပါတယ်။

“တပ်မတော်(လေ)အတွက် ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဥ်တွေကို အဆင့်မြှင့်တင်တာနဲ့ထပ်မံဝယ်ယူဖြည့်တင်းပေးတာတွေကို လုပ်ပေးနေတဲ့အပြင် သယ်ယူပို့ဆောင်ရေး လေယာဥ်နဲ့ရဟတ်ယာဥ်တွေနဲ့တိုက်ခိုက်ရေးရဟတ်ယာဥ်တွေကို ဝယ်ယူဖြည့်တင်းနိုင်ခဲ့တဲ့အတွက် မြန်မာ့ဝေဟင်ပိုင်နက်စိုးမိုးရေးကို အဆင့်မြှင့်တင်နိုင်ခဲ့တယ်”လို့ နစက ဥက္ကဋ္ဌကအခမ်းအနားမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။

(Zawgyi)

တိုက္ခိုက္ေရး၊သယ္ယူပို႔ေဆာင္ေရးနဲ႔ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ တာဝန္ထမ္းေဆာင္ႏိုင္တဲ့ ေလယာဥ္နဲ႔ရဟတ္ယာဥ္မ်ား တပ္ေတာ္ဝင္ခဲ့

မိတၳီလာတပ္နယ္က ေလေၾကာင္းအတတ္သင္ေလတပ္စခန္းဌာနခ်ဳပ္မွာ ဒီဇင္ဘာ ၁၅ ရက္ကျပဳလုပ္တဲ့ တပ္မေတာ္(ေလ)ဖြဲ႕စည္းတည္ေထာင္မႈ (၇၄)ႏွစ္ေျမာက္အျဖစ္က်င္းပတဲ့ ႏွစ္ပတ္လည္ေန႔အခမ္းအနားမွာ တပ္ေတာ္ဝင္ခဲ့တာျဖစ္ပါတယ္။

တပ္ေတာ္ဝင္ခဲ့တဲ့ေလယာဥ္နဲ႔ရဟတ္ယာဥ္ေတြထဲက Yak-130 နဲ႔ K-8 တို႔ဟာ အေမာင္းသင္ဂ်က္တိုက္ေလယာဥ္နဲ႔အေပါ့စားတိုက္ခိုက္ေရးေလယာဥ္အမ်ိဳးအစားေတြျဖစ္သလို ေဝဟင္-ေဝဟင္၊ ေဝ ဟင္-ေျမျပင္စစ္ဆင္ေရးေတြ၊အနီးကပ္ ေလေၾကာင္းပစ္ကူေပးတာေတြ၊ပိုင္းျဖတ္တိုက္ခိုက္တာ လက္နက္တပ္ဆင္ကင္းေထာက္တဲ့ တာဝန္ေတြကိုလုပ္ေဆာင္ႏိုင္ပါတယ္။

ART-72 600 ကေတာ့ အလတ္စား သယ္ယူပို႔ ေဆာင္ေရးေလယာဥ္ျဖစ္ၿပီး အဓိကပုဂၢိဳလ္ေတြကိုသယ္ယူပို႔ေဆာင္တာ ကုန္ပစၥည္းပို႔တာနဲ႔ရွာေဖြကယ္ဆယ္ေရးတာဝန္ေတြကိုေဆာင္႐ြက္ႏိုင္တဲ့ အမ်ိဳးအစားျဖစ္ပါတယ္။

Y-12 ေလယာဥ္ဟာ ကုန္ပစၥည္းသယ္ေဆာင္တာအျပင္ ေလထီးခုန္တာ ပင္လယ္ျပင္ရွာေဖြေရးကယ္ဆယ္တာ ကင္းေထာက္လုပ္ငန္းေတြကိုပါလုပ္ေဆာင္ႏိုင္တဲ့အမ်ိဳးအစားျဖစ္ပါတယ္။

Eurocopter ရဟတ္ယာဥ္ကေတာ့ အလတ္စားသယ္ယူပို႔ေဆာင္ေရးရဟတ္ယာဥ္ျဖစ္ပါတယ္။ အဓိကပုဂၢိဳလ္ေတြကိုသယ္ယူပို႔ေဆာင္တာ၊ ခရီး သည္ပို႔ေဆာင္တာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းတာဝန္ေတြကိုထမ္းေဆာင္ႏိုင္ပါတယ္။

“တပ္မေတာ္(ေလ)အတြက္ ဘက္စုံသုံးတိုက္ခိုက္ေရးေလယာဥ္ေတြကို အဆင့္ျမႇင့္တင္တာနဲ႔ထပ္မံဝယ္ယူျဖည့္တင္းေပးတာေတြကို လုပ္ေပးေနတဲ့အျပင္ သယ္ယူပို႔ေဆာင္ေရး ေလယာဥ္နဲ႔ရဟတ္ယာဥ္ေတြနဲ႔တိုက္ခိုက္ေရးရဟတ္ယာဥ္ေတြကို ဝယ္ယူျဖည့္တင္းႏိုင္ခဲ့တဲ့အတြက္ ျမန္မာ့ေဝဟင္ပိုင္နက္စိုးမိုးေရးကို အဆင့္ျမႇင့္တင္ႏိုင္ခဲ့တယ္”လို႔ နစက ဥကၠ႒ကအခမ္းအနားမိန္႔ခြန္းမွာထည့္သြင္းေျပာဆိုခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here