အတူလိုက်ပါလာတဲ့သတင်းထောက်တစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ အရှေ့ တောင် အာရှခရီးစဉ်အချို့ ဖျက်သိမ်းခဲ့ရ

0
144

(Unicode)

အတူလိုက်ပါလာတဲ့သတင်းထောက်တစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ အရှေ့ တောင် အာရှခရီးစဉ်အချို့ ဖျက်သိမ်းခဲ့ရ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ၄င်းရဲ့ကိုယ်စားလှယ်အဖွဲ့ဝင် သတင်းထောက်တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာကြောင့် အရှေ့တောင်အာရှခရီးစဉ်အချို့ကို ဗုဒ္ဓဟူးနေ့မှာ ဖျက်သိမ်းခဲ့ပါတယ်။

မစ္စတာဘလင်ကန်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ် အတွင်း ဗြိတိန်၊အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ကို သံတမန်ရေးရာလည်ပတ်မှုပြီးသွားတဲ့ အချိန်တိုင်း စစ်ဆေးမှုခံယူခဲ့ပြီး Negative သာ ဖြစ်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မစ္စတာဘလင်ကန်ဟာ အရှေ့တောင်အာရှခရီးစဉ်အဖြစ် အင်ဒိုနီးရှား၊မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကို သွားရောက်လည်ပတ်ဖို့စီစဉ်ထားတာဖြစ် ပြီး ယခုအခြေအနေကြောင့် ထိုင်းနိုင်ငံခရီးစဉ် ကို ဖျက်သိမ်းခဲ့ရပါတယ်။

မစ္စတာဘလင်ကန်ဟာ ထိုင်းနိုင်ငံရဲ့ ဒုတိယဝန် ကြီးချုပ်ကို အစီအစဉ်ပြောင်းလဲသွားတဲ့အတွက် အလွန်ဝမ်းနည်းရကြောင်းပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာ Price က ပြောပါတယ်။

မစ္စတာဘလင်ကန်ဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းသံတမန်တစ်ဦးဖြစ်တဲ့ မစ္စတာ Pramudwinaiကို ဝါရှင်တန်သို့ အစောဆုံးအခွင့်အလမ်းဖြင့်လာရောက်ရန်ဖိတ်ကြားခဲ့တယ်လို့လည်း မစ္စတာ Price က ပြောပါတယ်။ဒါ့အပြင် ထိုင်းနိုင်ငံကို အမြန်ဆုံးသွားရောက်ဖို့ ကတိပြုထားတယ် လို့လည်း ဆိုပါတယ်။

ဗိုင်းရပ်စ်ပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့ သတင်းထောက် ဟာ တနင်္လာနေ့က ဂျာကာတာမှာစစ်ဆေးခဲ့ချိန် Negative ဖြစ်ခဲ့ပြီး အင်္ဂါနေ့ည ကွာလာလမ်ပူကို ရောက်ရှိပြီးနောက် စစ်ဆေးချိန်မှာ ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ယခုခရီးစဉ်ဟာ မစ္စတာဘလင်ကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အရှေ့တောင်အာရှကို ပထမဆုံးလာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

Source- The New York Times

(Zawgyi)

အတူလိုက္ပါလာတဲ့သတင္းေထာက္တစ္ဦးတြင္ ကိုဗစ္ပိုးေတြ႕ရွိခဲ့တာေၾကာင့္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္ရဲ႕ အေရွ႕ ေတာင္ အာရွခရီးစဥ္အခ်ိဳ႕ ဖ်က္သိမ္းခဲ့ရ

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္ဟာ ၄င္းရဲ႕ကိုယ္စားလွယ္အဖြဲ႕ဝင္ သတင္းေထာက္တစ္ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိခဲ့တာေၾကာင့္ အေရွ႕ေတာင္အာရွခရီးစဥ္အခ်ိဳ႕ကို ဗုဒၶဟူးေန႔မွာ ဖ်က္သိမ္းခဲ့ပါတယ္။

မစၥတာဘလင္ကန္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ အတြင္း ၿဗိတိန္၊အင္ဒိုနီးရွားနဲ႔ မေလးရွားႏိုင္ငံတို႔ကို သံတမန္ေရးရာလည္ပတ္မႈၿပီးသြားတဲ့ အခ်ိန္တိုင္း စစ္ေဆးမႈခံယူခဲ့ၿပီး Negative သာ ျဖစ္ခဲ့တယ္လို႔ ႏိုင္ငံျခားေရးဌာနမွ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

မစၥတာဘလင္ကန္ဟာ အေရွ႕ေတာင္အာရွခရီးစဥ္အျဖစ္ အင္ဒိုနီးရွား၊မေလးရွားႏွင့္ ထိုင္းႏိုင္ငံတို႔ကို သြားေရာက္လည္ပတ္ဖို႔စီစဥ္ထားတာျဖစ္ ၿပီး ယခုအေျခအေနေၾကာင့္ ထိုင္းႏိုင္ငံခရီးစဥ္ ကို ဖ်က္သိမ္းခဲ့ရပါတယ္။

မစၥတာဘလင္ကန္ဟာ ထိုင္းႏိုင္ငံရဲ႕ ဒုတိယဝန္ ႀကီးခ်ဳပ္ကို အစီအစဥ္ေျပာင္းလဲသြားတဲ့အတြက္ အလြန္ဝမ္းနည္းရေၾကာင္းေျပာၾကားခဲ့တယ္လို႔ ႏိုင္ငံျခားေရးဌာနေျပာေရးဆိုခြင့္ရွိသူ မစၥတာ Price က ေျပာပါတယ္။

မစၥတာဘလင္ကန္ဟာ ထိုင္းႏိုင္ငံရဲ႕ ထိပ္တန္းသံတမန္တစ္ဦးျဖစ္တဲ့ မစၥတာ Pramudwinaiကို ဝါရွင္တန္သို႔ အေစာဆုံးအခြင့္အလမ္းျဖင့္လာေရာက္ရန္ဖိတ္ၾကားခဲ့တယ္လို႔လည္း မစၥတာ Price က ေျပာပါတယ္။ဒါ့အျပင္ ထိုင္းႏိုင္ငံကို အျမန္ဆုံးသြားေရာက္ဖို႔ ကတိျပဳထားတယ္ လို႔လည္း ဆိုပါတယ္။

ဗိုင္းရပ္စ္ပိုးစစ္ေဆးေတြ႕ရွိခဲ့တဲ့ သတင္းေထာက္ ဟာ တနလၤာေန႔က ဂ်ာကာတာမွာစစ္ေဆးခဲ့ခ်ိန္ Negative ျဖစ္ခဲ့ၿပီး အဂၤါေန႔ည ကြာလာလမ္ပူကို ေရာက္ရွိၿပီးေနာက္ စစ္ေဆးခ်ိန္မွာ ပိုးေတြ႕ရွိခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ယခုခရီးစဥ္ဟာ မစၥတာဘလင္ကန္ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ အေရွ႕ေတာင္အာရွကို ပထမဆုံးလာေရာက္တဲ့ ခရီးစဥ္လည္း ျဖစ္ပါတယ္။

Source- The New York Times


LEAVE A REPLY

Please enter your comment!
Please enter your name here