ရေကြည်မြို့နယ် ကုန်းပြင်ရဲစခန်းမီးလောင်မှုဖြစ်

0
134

(Unicode)

ရေကြည်မြို့နယ် ကုန်းပြင်ရဲစခန်းမီးလောင်မှုဖြစ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကုန်းပြင်ကျေးရွာအုပ်စု ကုန်းပြင်နယ်မြေရဲစခန်း ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီခွဲက မီးလောင်ကျွမ်းခဲ့ရာ (၃)ခန်းတွဲနှင့် (၄)ခန်းတွဲ မီးလောင်ဆုံးရှုံးခဲ့သည်။

ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိက “ဝါယာရှော့ဖြစ်တာ။သူတို့က မီးစက်နဲ့ မီး၊အဲ့ဒီ့ကနေ ဝါယာရှော့ဖြစ်ပြီး လောင်တာ”ဟု ပြောသည်။

မီးလောင်မှုမှာ သွပ်မိုးထရံကာ ပျဉ်ခင်း(၃)ခန်းတွဲ တပ်ဖွဲ့ပိုင် လူမနေအခန်းမှ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး (၃)ခန်းတွဲ ပျဉ်ခင်းထရံကာ သွပ်မိုး(၁)လုံး မိသားစုသုံးစုနေနှင့် (၄)ခန်းတွဲ သွပ်မိုးထရံကာ ပျဉ်ခင်း ရဲတပ်ဖွဲ့ပိုင်(၁)လုံး မိသားစု(၃)စုနေတို့အား ထပ်မံကူးစက် လောင်ကျွမ်းခဲ့သည်ဟု သိရသည်။

မီးလောင်ရာသို့ ရေကြည်မြို့နယ် မီးသတ်စခန်းမှ ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကား (၄)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီတွင် မီးထိန်းနိုင်၍ ည ၈ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဟု ရဲက ပြောသည်။

(Zawgyi)

ေရၾကည္ၿမိဳ႕နယ္ ကုန္းျပင္ရဲစခန္းမီးေလာင္မႈျဖစ္

ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ခ႐ိုင္ ေရၾကည္ၿမိဳ႕နယ္ ကုန္းျပင္ေက်း႐ြာအုပ္စု ကုန္းျပင္နယ္ေျမရဲစခန္း ဒီဇင္ဘာ ၁၅ ရက္ ည ၇ နာရီခြဲက မီးေလာင္ကြၽမ္းခဲ့ရာ (၃)ခန္းတြဲႏွင့္ (၄)ခန္းတြဲ မီးေလာင္ဆုံးရႈံးခဲ့သည္။

ဧရာဝတီတိုင္းရဲတပ္ဖြဲ႕မွ ရဲအရာရွိက “ဝါယာေရွာ့ျဖစ္တာ။သူတို႔က မီးစက္နဲ႔ မီး၊အဲ့ဒီ့ကေန ဝါယာေရွာ့ျဖစ္ၿပီး ေလာင္တာ”ဟု ေျပာသည္။

မီးေလာင္မႈမွာ သြပ္မိုးထရံကာ ပ်ဥ္ခင္း(၃)ခန္းတြဲ တပ္ဖြဲ႕ပိုင္ လူမေနအခန္းမွ လွ်ပ္စစ္ဝိုင္ယာေရွာ့ျဖစ္ၿပီး မီးစတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ၿပီး (၃)ခန္းတြဲ ပ်ဥ္ခင္းထရံကာ သြပ္မိုး(၁)လုံး မိသားစုသုံးစုေနႏွင့္ (၄)ခန္းတြဲ သြပ္မိုးထရံကာ ပ်ဥ္ခင္း ရဲတပ္ဖြဲ႕ပိုင္(၁)လုံး မိသားစု(၃)စုေနတို႔အား ထပ္မံကူးစက္ ေလာင္ကြၽမ္းခဲ့သည္ဟု သိရသည္။

မီးေလာင္ရာသို႔ ေရၾကည္ၿမိဳ႕နယ္ မီးသတ္စခန္းမွ ဦးစီးမႉးႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက မီးသတ္ကား (၄)စီးျဖင့္ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ရာ ည ၈ နာရီတြင္ မီးထိန္းႏိုင္၍ ည ၈ နာရီခြဲတြင္ မီးၿငိမ္းသြားခဲ့သည္။

မီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူမရွိဟု ရဲက ေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here