ကျောင်းသားများအပေါ်ချမှတ်ထားသည့်အမှုပြစ်ဒဏ်အား ပြည်နယ်လွှတ်တော်က ၁နှစ်လျှော့ပေး

0
219

(Unicode)

ကျောင်းသားများအပေါ်ချမှတ်ထားသည့်အမှုပြစ်ဒဏ်အား ပြည်နယ်လွှတ်တော်က ၁နှစ်လျှော့ပေး

ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရခိုင်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့အပေါ် ချမှတ်ထားသည့် အမှုများနှင့် ပတ်သတ်ပြီး အယူခံလွှာကို ရခိုင်ပြည်နယ်တရားလွှတ်တော်က စစ်ဆေးပြီး မူလပြစ်ဒဏ်များအား ၁နှစ် ဖြေလျှော့ပေးကြောင်း အမိန့်ချလိုက်သည်ဟု ကျောင်းသားများ၏ ရှေ့နေကပြောသည်။

“ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လချမှတ်ခံထားရတဲ့ ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦးကို ရခိုင်ပြည်နယ်တရားလွှတ်တော်က ထောင်ဒဏ် ၁ နှစ်လျှော့ပေါ့အမိန့်ချမှတ်လိုက်တယ်။ အပြီးသတ်အမိန့်ချလိုက်တာပါ။ ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လပဲ ကျခံရတော့မယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်ကပြောသည်။

ပြီးခဲ့သည့် ၂ဝ၂ဝ ကအဆိုပါကျောင်းသား ၄ ဦးအား နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉)တို့ဖြင့် သက်ဆိုင်ရာက တရားစွဲခဲ့ပြီး ၂၀၂၁ စက်တင်ဘာလ ၁၆ ရက်တွင် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခဲ့သည်။

ထိုသို့ ချမှတ်မှုအပေါ် အထက်တရားရုံးသို့ ပြင်ဆင်မှု တက်ခဲ့သည်။

ချုပ်ရက်များပါ ထုတ်နုတ်ခံစားစေဟုဆိုသည့်အတွက် ကျောင်းသားများ ၂၀၂၂ခုနှစ် ဧပြီလထဲ ပြန်လွတ်ရန်ရှိနေသည်။

(Zawgyi)

ေက်ာင္းသားမ်ားအေပၚခ်မွတ္ထားသည့္အမႈျပစ္ဒဏ္အား ျပည္နယ္လႊတ္ေတာ္က ၁ႏွစ္ေလွ်ာ့ေပး

ရခိုင္ျပည္နယ္ေက်ာင္းသားသမဂၢမွ ျပန္ၾကားေရးတာဝန္ခံ ကိုေက်ာ္ႏိုင္ေဌး၊ တြဲဘက္ျပန္ၾကားေရးတာဝန္ခံ ကိုဦးသန္းႏိုင္၊ ေက်ာက္ျဖဴပညာေရးေကာလိပ္မွ ကိုျမတ္စိုးဝင္းႏွင့္ ရခိုင္ေက်ာင္းသားမ်ားသမဂၢ(ဒဂုံတကၠသိုလ္)မွ ကိုေကာင္းထြန္းတို႔အေပၚ ခ်မွတ္ထားသည့္ အမႈမ်ားႏွင့္ ပတ္သတ္ၿပီး အယူခံလႊာကို ရခိုင္ျပည္နယ္တရားလႊတ္ေတာ္က စစ္ေဆးၿပီး မူလျပစ္ဒဏ္မ်ားအား ၁ႏွစ္ ေျဖေလွ်ာ့ေပးေၾကာင္း အမိန႔္ခ်လိုက္သည္ဟု ေက်ာင္းသားမ်ား၏ ေရွ႕ေနကေျပာသည္။

“ေထာင္ဒဏ္ ၂ ႏွစ္နဲ႔ ၆ လခ်မွတ္ခံထားရတဲ့ ရခိုင္တကၠသိုလ္ေက်ာင္းသား ၄ ဦးကို ရခိုင္ျပည္နယ္တရားလႊတ္ေတာ္က ေထာင္ဒဏ္ ၁ ႏွစ္ေလွ်ာ့ေပါ့အမိန႔္ခ်မွတ္လိုက္တယ္။ အၿပီးသတ္အမိန႔္ခ်လိုက္တာပါ။ ေထာင္ဒဏ္ ၁ ႏွစ္နဲ႔ ၆ လပဲ က်ခံရေတာ့မယ္”ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ၫႊန႔္ေမာင္ကေျပာသည္။

ၿပီးခဲ့သည့္ ၂ဝ၂ဝ ကအဆိုပါေက်ာင္းသား ၄ ဦးအား ႏိုင္ငံေတာ္အၾကည္အညိဳပ်က္ေစမႈပုဒ္မ ၅၀၅(ခ)၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒပုဒ္မ (၂၉)တို႔ျဖင့္ သက္ဆိုင္ရာက တရားစြဲခဲ့ၿပီး ၂၀၂၁ စက္တင္ဘာလ ၁၆ ရက္တြင္ စစ္ေတြၿမိဳ႕နယ္တရား႐ုံးက ေထာင္ဒဏ္ ၂ ႏွစ္ႏွင့္ ၆ လခ်မွတ္ခဲ့သည္။

ထိုသို႔ ခ်မွတ္မႈအေပၚ အထက္တရား႐ုံးသို႔ ျပင္ဆင္မႈ တက္ခဲ့သည္။

ခ်ဳပ္ရက္မ်ားပါ ထုတ္ႏုတ္ခံစားေစဟုဆိုသည့္အတြက္ ေက်ာင္းသားမ်ား ၂၀၂၂ခုႏွစ္ ဧၿပီလထဲ ျပန္လြတ္ရန္ရွိေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here