(၇၄)ကြိမ်မြောက်တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေး) စာမေးပွဲကျင်းပမည်

0
178

(Unicode)

(၇၄)ကြိမ်မြောက်တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေး) စာမေးပွဲကျင်းပမည်

(၇၄) ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကို ၂၀၂၂ ဇန်နဝါရီလထဲတွင် ကျင်းပမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကပြောသည်။

“ကိုဗစ်ရေးရာဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ကျင်းပဆောင်ရွက်သွားမှာပါ”ဟု သာသနာရေးကိစ္စပြောရေးဆိုခွင့်ရှိသူကပြောသည်။

ကျင်းပမည့်ရက်ကို ၁၃၈၃ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ဗုဒ္ဓဟူးနေ့မှ ၁၃၈၃ ခုနှစ်၊ ပြာသိုလ ဆန်း ၈ ရက် (တနင်္ဂနွေ)နေ့အထိ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၉ ရက် နေ့အထိ)ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်ထားသည်။

ဝင်ရောက်ဖြေဆိုမည့် သံဃာတော်အရှင်သူမြတ်များသည် လက်မှတ်ရေးထိုး တင်သွင်းပြီးနောက် အကြောင်းမညီညွတ်၍ ဖြေဆိုရန် ပျက်ကွက်ပါက ပျက်ကွက်သည့်အကြောင်းကို ၁၃၈၃ ခုနှစ်၊ နတ်တော် | လပြည့်ကျော်၂ရက် (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၂၀ရက်) နောက်ဆုံးထား၍ ရန်ကုန်မြို့၊ကမ္ဘာအေးကုန်းမြေ၊ စာမေးပွဲဌာနခွဲ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့သို့ အကြောင်းပြန်ကြားရန်လည်း သာသနာရေးဦးစီးဌာနက အသိပေးအကြောင်းကြားထားသည်။

(Zawgyi)

(၇၄)ႀကိမ္ေျမာက္တိပိဋကဓရတိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရး (သေဘာေရး) စာေမးပြဲက်င္းပမည္

(၇၄) ႀကိမ္ေျမာက္ တိပိဋကဓရတိပိဋက ေကာဝိဒ ေ႐ြးခ်ယ္ေရး (သေဘာေရးေျဖ) စာေမးပြဲကို ၂၀၂၂ ဇန္နဝါရီလထဲတြင္ က်င္းပမည္ဟု သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနကေျပာသည္။

“ကိုဗစ္ေရးရာဗဟိုေကာ္မတီရဲ႕ ခြင့္ျပဳခ်က္နဲ႔ က်င္းပေဆာင္႐ြက္သြားမွာပါ”ဟု သာသနာေရးကိစၥေျပာေရးဆိုခြင့္ရွိသူကေျပာသည္။

က်င္းပမည့္ရက္ကို ၁၃၈၃ ခုႏွစ္၊ ျပာသိုလဆန္း ၄ ရက္ ဗုဒၶဟူးေန႔မွ ၁၃၈၃ ခုႏွစ္၊ ျပာသိုလ ဆန္း ၈ ရက္ (တနဂၤေႏြ)ေန႔အထိ (၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၅ ရက္ေန႔မွ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၉ ရက္ ေန႔အထိ)ဟု သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက သတ္မွတ္ထားသည္။

ဝင္ေရာက္ေျဖဆိုမည့္ သံဃာေတာ္အရွင္သူျမတ္မ်ားသည္ လက္မွတ္ေရးထိုး တင္သြင္းၿပီးေနာက္ အေၾကာင္းမညီၫြတ္၍ ေျဖဆိုရန္ ပ်က္ကြက္ပါက ပ်က္ကြက္သည့္အေၾကာင္းကို ၁၃၈၃ ခုႏွစ္၊ နတ္ေတာ္ | လျပည့္ေက်ာ္၂ရက္ (၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ၂၀ရက္) ေနာက္ဆုံးထား၍ ရန္ကုန္ၿမိဳ႕၊ကမာၻေအးကုန္းေျမ၊ စာေမးပြဲဌာနခြဲ၊ တိပိဋကဓရ တိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရးအဖြဲ႕သို႔ အေၾကာင္းျပန္ၾကားရန္လည္း သာသနာေရးဦးစီးဌာနက အသိေပးအေၾကာင္းၾကားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here