ငါး၊ပုဇွန်အပါအဝင် မွေးမြူရေးကုမ္ပဏီ၊လုပ်ငန်း၂၀၀ကျော်ကို ကိုဗစ်ချေးငွေထုတ်ပေး

0
114

(Unicode)

ငါး၊ပုဇွန်အပါအဝင် မွေးမြူရေးကုမ္ပဏီ၊လုပ်ငန်း၂၀၀ကျော်ကို ကိုဗစ်ချေးငွေထုတ်ပေး

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ချေးငွေထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် ကုမ္ပဏီ/ လုပ်ငန်း (၂၃၂) ခု သို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေကို ဒီဇင်ဘာ ၁၄ရက်တွင် ထုတ်ယူခွင့်ပြုလိုက်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)မှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ရက်က နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ချေးငွေထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် ကုမ္ပဏီ/ လုပ်ငန်း (၁၁၄) ခုကို ချေးငွေထုတ်ချေးပေးပြီး ဆက်လက်၍ ကျန်ကုမ္ပဏီနှင့် လုပ်ငန်းများကို ချေးငွေဆက်ထုတ်ပေးခြင်းဖြစ်သည်ဟု သိရသည်။

ချေးငွေရရှိသည့် လုပ်ငန်းများထဲ ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်၊မွန်ပြည်နယ်၊မကွေးတိုင်း မြို့နယ်တို့မှ လုပ်ငန်းများ ပါဝင်သည်ကိုတွေ့ရသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ လုပ်ငန်းများမှာ အများဆုံးဖြစ်သည်ကို တွေ့ရှိရသည်။

Credit-Argi Digit News

(Zawgyi)

ငါး၊ပုဇြန္အပါအဝင္ ေမြးျမဴေရးကုမၸဏီ၊လုပ္ငန္း၂၀၀ေက်ာ္ကို ကိုဗစ္ေခ်းေငြထုတ္ေပး

ကိုဗစ္-၁၉ ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရး သက္ေရာက္မႈမ်ားအေပၚ ကုစားေရး လုပ္ငန္းေကာ္မတီမွ ႏိုင္ငံသားပိုင္ ငါး၊ ပုဇြန္ ေမြးျမဴေရးအပါအဝင္ ေမြးျမဴေရးက႑သို႔ ေခ်းေငြထုတ္ေပးရန္ ေလွ်ာက္ထားလာသည့္ ကုမၸဏီ/ လုပ္ငန္းမ်ားအနက္ ကုမၸဏီ/ လုပ္ငန္း (၂၃၂) ခု သို႔ ကိုဗစ္-၁၉ ရန္ပုံေငြမွ ေခ်းေငြကို ဒီဇင္ဘာ ၁၄ရက္တြင္ ထုတ္ယူခြင့္ျပဳလိုက္ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI)မွ သိရသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၁၆ရက္က ႏိုင္ငံသားပိုင္ ငါး၊ ပုဇြန္ ေမြးျမဴေရးအပါအဝင္ ေမြးျမဴေရးက႑သို႔ ေခ်းေငြထုတ္ေပးရန္ ေလွ်ာက္ထားလာသည့္ ကုမၸဏီ/ လုပ္ငန္းမ်ားအနက္ ကုမၸဏီ/ လုပ္ငန္း (၁၁၄) ခုကို ေခ်းေငြထုတ္ေခ်းေပးၿပီး ဆက္လက္၍ က်န္ကုမၸဏီႏွင့္ လုပ္ငန္းမ်ားကို ေခ်းေငြဆက္ထုတ္ေပးျခင္းျဖစ္သည္ဟု သိရသည္။

ေခ်းေငြရရွိသည့္ လုပ္ငန္းမ်ားထဲ ရန္ကုန္တိုင္းေဒသႀကီး၊မႏၲေလးတိုင္းေဒသႀကီး၊ဧရာဝတီတိုင္း၊ပဲခူးတိုင္း၊ရွမ္းျပည္နယ္၊စစ္ကိုင္းတိုင္း၊ရခိုင္ျပည္နယ္၊ကခ်င္ျပည္နယ္၊မြန္ျပည္နယ္၊မေကြးတိုင္း ၿမိဳ႕နယ္တို႔မွ လုပ္ငန္းမ်ား ပါဝင္သည္ကိုေတြ႕ရသည္။

ရန္ကုန္တိုင္းႏွင့္ ဧရာဝတီတိုင္းတို႔မွ လုပ္ငန္းမ်ားမွာ အမ်ားဆုံးျဖစ္သည္ကို ေတြ႕ရွိရသည္။

Credit-Argi Digit News


LEAVE A REPLY

Please enter your comment!
Please enter your name here