ဂျာမနီနိုင်ငံက WFP မြန်မာကို၂၀၂၁ ခုနှစ်အတွက် ယူရို ၃ သန်း ထပ်တိုး ထောက်ပံ့

0
152

(Unicode)

ဂျာမနီနိုင်ငံက WFP မြန်မာကို၂၀၂၁ ခုနှစ်အတွက် ယူရို ၃ သန်း ထပ်တိုး ထောက်ပံ့

မြို့ပြနေပြည်သူများကြား စားနပ်ရိက္ခာမလုံလောက်သည့်ပြဿနာ ကြီးထွားလာမှုကို တုံ့ပြန်ရန်အတွက် WFP သည် မြန်မာနိုင်ငံ အဓိကမြို့ပြဒေသများရှိ ပြည်သူပေါင်း ၂ သန်းအထိ ထောက်ပံ့ပေးနိုင်ရန် တိုးမြှင့်ရည်မှန်းထားသည့်အတွက်ကြောင့် ဂျာမနီက မြန်မာနိုင်ငံရှိ WFP အတွက် ယူရို ၃ သန်း ထပ်မံပံ့ပိုးပေးခဲ့ပါသည်ဟု မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးက ပြောဆိုသည်။

မြန်မာနိုင်ငံရှိ WFP သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ စစ်ဘေးရှောင်ပြည်သူပေါင်း ၃၆၀၀၀၀ အတွက် ကူညီထောက်ပံ့ပေးလျက်ရှိသည့် အဖွဲ့အစည်းကြီးဖြစ်သည်။

ယင်းအပြင် ပဋိပက္ခများ၊ လူမျိုးစုများကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုများနှင့် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကြောင့် အသက်ရှင်နေထိုင်ရန် ခက်ခဲနေသူများအတွက် စားနပ်ရိက္ခာများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ခြွင်းချက်မရှိ ထောက်ပံ့ပေးလျက်လည်းရှိသည်။

ဂျာမနီသံရုံးက“ အခက်အခဲဘေးဒုက္ခ ကြုံတွေ့နေရသည့် ပြည်သူများကို ကူညီထောက်ပံ့ရန်မှာ ကမ္ဘာလုံးဆိုင်ရာ တာဝန်ဖြစ်သည်ဟု ဂျာမနီ က ယူဆပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုစနစ်ကို အားဖြည့်တင်းရန်နှင့် ပိုမိုတိုးတက်စေရန် တက်ကြွစွာ အားပေးထောက်ပံ့လျက်ရှိပါသည်”ဟု ပြောဆိုထားသည်။

(Zawgyi)

ဂ်ာမနီႏိုင္ငံက WFP ျမန္မာကို၂၀၂၁ ခုႏွစ္အတြက္ ယူ႐ို ၃ သန္း ထပ္တိုး ေထာက္ပံ့

ၿမိဳ႕ျပေနျပည္သူမ်ားၾကား စားနပ္ရိကၡာမလုံေလာက္သည့္ျပႆနာ ႀကီးထြားလာမႈကို တုံ႔ျပန္ရန္အတြက္ WFP သည္ ျမန္မာႏိုင္ငံ အဓိကၿမိဳ႕ျပေဒသမ်ားရွိ ျပည္သူေပါင္း ၂ သန္းအထိ ေထာက္ပံ့ေပးႏိုင္ရန္ တိုးျမႇင့္ရည္မွန္းထားသည့္အတြက္ေၾကာင့္ ဂ်ာမနီက ျမန္မာႏိုင္ငံရွိ WFP အတြက္ ယူ႐ို ၃ သန္း ထပ္မံပံ့ပိုးေပးခဲ့ပါသည္ဟု ျမန္မာႏိုင္ငံဆိုင္ရာဂ်ာမနီသံ႐ုံးက ေျပာဆိုသည္။

ျမန္မာႏိုင္ငံရွိ WFP သည္ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔ရွိ စစ္ေဘးေရွာင္ျပည္သူေပါင္း ၃၆၀၀၀၀ အတြက္ ကူညီေထာက္ပံ့ေပးလ်က္ရွိသည့္ အဖြဲ႕အစည္းႀကီးျဖစ္သည္။

ယင္းအျပင္ ပဋိပကၡမ်ား၊ လူမ်ိဳးစုမ်ားၾကား ျဖစ္ပြားသည့္ အၾကမ္းဖက္မႈမ်ားႏွင့္ ရာသီဥတုဆိုင္ရာ ေဘးအႏၲရာယ္မ်ားေၾကာင့္ အသက္ရွင္ေနထိုင္ရန္ ခက္ခဲေနသူမ်ားအတြက္ စားနပ္ရိကၡာမ်ားကို ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) က ႁခြင္းခ်က္မရွိ ေထာက္ပံ့ေပးလ်က္လည္းရွိသည္။

ဂ်ာမနီသံ႐ုံးက“ အခက္အခဲေဘးဒုကၡ ႀကဳံေတြ႕ေနရသည့္ ျပည္သူမ်ားကို ကူညီေထာက္ပံ့ရန္မွာ ကမာၻလုံးဆိုင္ရာ တာဝန္ျဖစ္သည္ဟု ဂ်ာမနီ က ယူဆၿပီး ႏိုင္ငံတကာ လူသားခ်င္းစာနာေထာက္ထားမႈစနစ္ကို အားျဖည့္တင္းရန္ႏွင့္ ပိုမိုတိုးတက္ေစရန္ တက္ႂကြစြာ အားေပးေထာက္ပံ့လ်က္ရွိပါသည္”ဟု ေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here