လေးကေ့ကော်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင် ထောင်ကျော်ရောက်ရှိ

0
62

(Unicode)

လေးကေ့ကော်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင် ထောင်ကျော်ရောက်ရှိ

ကရင်ပြည်နယ်၊မြဝတီမြို့နယ်က ကရင်အမျိုး သားအစည်းအရုံး(KNU)တပ်မဟာ(၆) ထိန်းချုပ်နယ်မြေထဲက လေးကေ့ကော်မြို့သစ်မှာ ဒီဇင်ဘာ ၁၅ ရက်မနက်ပိုင်းကစကာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်မှာလည်း ဆက်လက်ဖြစ် ပွားနေတာကြောင့် ထိုင်းနိုင်ငံ၊မဲဆောက်ဖက်သို့ စစ်ဘေးရှောင်ထောင်ကျော်ရောက်ရှိခိုလှုံနေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာလူမျိုးတွေဆီက သိရပါတယ်။

ထိုင်းနိုင်ငံဖက်ကို တိမ်းရှောင်သွားကြတဲ့ စစ်ဘေးရှောင်တွေဟာ သောင်ရင်းမြစ်ကိုဖြတ်ပြီး ဝင်ရောက်သွားခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဖက်သို့ ဝင်ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ထိုင်းစစ်တပ်က အကူအညီတွေပေးပြီး ယာယီနေရာချထားပေးလျက်ရှိပါတယ်။ စစ်ဘေးရှောင်တွေအတွက် လက်တလောစားသောက်မှုအဆင်ပြေစေဖို့အတွက် ထိုင်းနိုင်ငံရောက်မြန်မာလူမျိုးအလှူရှင်တွေက အစားအသောက်တွေပို့ဆောင်ပေးခဲ့ကြပါတယ်။

စစ်ဘေးရှောင်များရောက်ရှိလာစဥ် ၎င်းတို့အ တွက် အဓိကလိုအပ်ချက်မှာ ဆောင်းရာသီဖြစ်တာကြောင့် စောင်နဲ့အနွေးထည်အများဆုံးလိုအပ်လျက်ရှိပြီး ခြင်ထောင်တွေလည်းလိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

“စစ်ဘေးရှောင်လာတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ ကလေးတွေနဲ့နေမကောင်းဖြစ်နေတဲ့သူတွေလည်းပါတာကြောင့် အကူအညီကတော့အတော်ကြီးကိုလိုအပ်နေတယ် ညကလည်းချမ်းတော့မအိပ်နိုင်ကြပဲ ထိုင်နေကြရတဲ့သူတွေရှိတယ်”လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတစ်ယောက်ကပြောပါတယ်။

နစက ရဲ့လုံခြုံရေးအဖွဲ့တွေက လေးကေကော်မြို့သစ်ကို ဒီဇင်ဘာ ၁၄ ရက်ကဝင်ရောက်ပြီးရှာ​​ဖွေစစ်ဆေးမှုတွေလုပ်ခဲ့ရာကနေ အခုလို KNLA နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာဟာ လေးကေ့ကော်မြို့သစ်ကလူနေရပ်ကွက်တွေမှာလည်းဖြစ်ပွားခဲ့တာကြောင့် နီးစပ်ရာနေရာတွေကိုရောက်ရှိခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေလည်း အများအပြားရှိတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတွေဆီက သိရပါတယ်။

Photo _ ကရင်အမျိုးသားမီဒီယာ

(Zawgyi)

ေလးေက့ေကာ္မွာျဖစ္ပြားေနတဲ့ တိုက္ပြဲေၾကာင့္ ထိုင္းႏိုင္ငံသို႔ စစ္ေဘးေရွာင္ ေထာင္ေက်ာ္ေရာက္ရွိ

ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕နယ္က ကရင္အမ်ိဳး သားအစည္းအ႐ုံး(KNU)တပ္မဟာ(၆) ထိန္းခ်ဳပ္နယ္ေျမထဲက ေလးေက့ေကာ္ၿမိဳ႕သစ္မွာ ဒီဇင္ဘာ ၁၅ ရက္မနက္ပိုင္းကစကာတိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီး ဒီဇင္ဘာ ၁၆ ရက္မွာလည္း ဆက္လက္ျဖစ္ ပြားေနတာေၾကာင့္ ထိုင္းႏိုင္ငံ၊မဲေဆာက္ဖက္သို႔ စစ္ေဘးေရွာင္ေထာင္ေက်ာ္ေရာက္ရွိခိုလႈံေနရၿပီး အကူအညီေတြလိုအပ္ေနတယ္လို႔ စစ္ေဘးေရွာင္ေတြကိုကူညီေပးေနတဲ့ ထိုင္းႏိုင္ငံေရာက္ျမန္မာလူမ်ိဳးေတြဆီက သိရပါတယ္။

ထိုင္းႏိုင္ငံဖက္ကို တိမ္းေရွာင္သြားၾကတဲ့ စစ္ေဘးေရွာင္ေတြဟာ ေသာင္ရင္းျမစ္ကိုျဖတ္ၿပီး ဝင္ေရာက္သြားခဲ့ၾကတာျဖစ္တယ္လို႔ သိရပါတယ္။

ထိုင္းႏိုင္ငံဖက္သို႔ ဝင္ေရာက္လာတဲ့ စစ္ေဘးေရွာင္ေတြကို ထိုင္းစစ္တပ္က အကူအညီေတြေပးၿပီး ယာယီေနရာခ်ထားေပးလ်က္ရွိပါတယ္။ စစ္ေဘးေရွာင္ေတြအတြက္ လက္တေလာစားေသာက္မႈအဆင္ေျပေစဖို႔အတြက္ ထိုင္းႏိုင္ငံေရာက္ျမန္မာလူမ်ိဳးအလႉရွင္ေတြက အစားအေသာက္ေတြပို႔ေဆာင္ေပးခဲ့ၾကပါတယ္။

စစ္ေဘးေရွာင္မ်ားေရာက္ရွိလာစဥ္ ၎တို႔အ တြက္ အဓိကလိုအပ္ခ်က္မွာ ေဆာင္းရာသီျဖစ္တာေၾကာင့္ ေစာင္နဲ႔အေႏြးထည္အမ်ားဆုံးလိုအပ္လ်က္ရွိၿပီး ျခင္ေထာင္ေတြလည္းလိုအပ္လ်က္ရွိတယ္လို႔ သိရပါတယ္။

“စစ္ေဘးေရွာင္လာတဲ့သူေတြထဲမွာ သက္ႀကီး႐ြယ္အိုေတြ ကေလးေတြနဲ႔ေနမေကာင္းျဖစ္ေနတဲ့သူေတြလည္းပါတာေၾကာင့္ အကူအညီကေတာ့အေတာ္ႀကီးကိုလိုအပ္ေနတယ္ ညကလည္းခ်မ္းေတာ့မအိပ္ႏိုင္ၾကပဲ ထိုင္ေနၾကရတဲ့သူေတြရွိတယ္”လို႔ စစ္ေဘးေရွာင္ေတြကိုကူညီေပးေနသူတစ္ေယာက္ကေျပာပါတယ္။

နစက ရဲ႕လုံၿခဳံေရးအဖြဲ႕ေတြက ေလးေကေကာ္ၿမိဳ႕သစ္ကို ဒီဇင္ဘာ ၁၄ ရက္ကဝင္ေရာက္ၿပီးရွာ​​ေဖြစစ္ေဆးမႈေတြလုပ္ခဲ့ရာကေန အခုလို KNLA နဲ႔ထိေတြ႕တိုက္ပြဲေတြျဖစ္ေပၚရျခင္းျဖစ္ပါတယ္။

တိုက္ပြဲျဖစ္တဲ့ေနရာဟာ ေလးေက့ေကာ္ၿမိဳ႕သစ္ကလူေနရပ္ကြက္ေတြမွာလည္းျဖစ္ပြားခဲ့တာေၾကာင့္ နီးစပ္ရာေနရာေတြကိုေရာက္ရွိခိုလႈံေနတဲ့ စစ္ေဘးေရွာင္ေတြလည္း အမ်ားအျပားရွိတယ္လို႔ စစ္ေဘးေရွာင္ေတြကိုကူညီေပးေနသူေတြဆီက သိရပါတယ္။

Photo _ ကရင္အမ်ိဳးသားမီဒီယာ


LEAVE A REPLY

Please enter your comment!
Please enter your name here