မန္တလေးတိုင်းမှ မြို့နယ်နှစ်ခုကို Stay at Home ကပယ်ဖျက် မြို့နယ်တစ်ခုသာကျန်

0
197

မန္တလေးတိုင်းမှ မြို့နယ်နှစ်ခုကို Stay at Home ကပယ်ဖျက် မြို့နယ်တစ်ခုသာကျန်

နစက ရဲ့ကျန်းမာရေးဝန်ကြီးဌာနက မန္တလေး တိုင်းမှာရှိတဲ့ သာစည်မြို့နယ်နဲ့နွားထိုးကြီးမြို့နယ်တို့ကို Stay at Home အစီအစဥ်ကနေ ဒီဇင်ဘာ ၁၈ ရက်မနက် ၄ နာရီကစပြီး ထပ်မံပယ်ဖျက်ပေးခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက သက်ဆိုင်ရာမြို့နယ်နှစ်ခုမှာနေတဲ့သူတွေဟာ ကိုဗစ်(၁၉)ရောဂါကာ ကွယ်ရေးစည်းကမ်းချက်တွေကို တိကျစွာလိုက် နာခဲ့တာကြောင့် လွန်ခဲ့တဲ့ ၁၄ ရက်အတွင်းမှာ ရော ဂါဖြစ်ပွားမှုလျော့ကျလာတာကြောင့် အခုလိုထပ် မံပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေမှာနေတဲ့သူတွေအနေနဲ့ Stay at Home အစီအစဥ်ကနေပယ်ဖျက်ပေးခဲ့ပေမဲ့လည်း ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ခြင်းနဲ့သက် ဆိုင်တဲ့စည်းကမ်းချက်တွေကို တိကျစွာလိုက်နာရမယ်လို့ပြောဆိုပါတယ်။

လက်ရှိအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက Stay at Home သတ်မှတ်ထားတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးက မြို့နယ် ၁၁၉ မြို့နယ်ထဲကနေပယ်ဖျက်ပေးခဲ့တဲ့ မြို့နယ်ပေါင်း ၁၁၈ မြို့နယ်ရှိပြီဖြစ်တာကြောင့် Stay at Home သတ်မှတ်ထားတဲ့မြို့နယ် တစ်ခုပဲကျန်ပါတော့တယ်။

Zaw Gyi







LEAVE A REPLY

Please enter your comment!
Please enter your name here