လက်နက်ကိုင်ပဋိပက္ခများလျော့ချရေးနှင့်ယုံကြည်မှုတည်ဆောက်နိုင်ရေးNCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များနှင့် ဗိုလ်ချုပ်ကြီ းရာပြည့်တို့ ဆွေးနွေး

0
155

လက်နက်ကိုင်ပဋိပက္ခများလျော့ချရေးနှင့်ယုံကြည်မှုတည်ဆောက်နိုင်ရေးNCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့် ဗိုလ်ချုပ်ကြီးရာပြည့်တို့ ဆွေးနွေး

NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့်“ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့(NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)
တို့နှင့် ဗိုလ်ချုပ်ကြီးရာပြည့်တို့ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု နစကက သတင်းထုတ်ပြန်သည်။

ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့တို့သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်တွေ့ဆုံကြရာဝယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များနှင့် ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု နစကဘက်က ပြောဆိုထားသည်။

ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့တို့နှင့် လာရောက်တွေ့ဆုံရသည့်ရည်ရွယ်ချက်နှင့် ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် များအား ရှင်းလင်းဆွေးနွေးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့မှ တစ်ဖွဲ့ချင်းစီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများ၊ ဆက်လက်လုပ်ဆောင် သင့်သည့် အကြံပြုချက်များ၊ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

ဆက်လက်၍ ညှိနှိုင်းရေးကော်မတီသည် တက်ရောက်လာကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ တစ်ဖွဲ့ချင်းစီအားလည်းကောင်း၊ NDAA မိုင်းလားအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့်အဖွဲ့ဝင်များအားလည်းကောင်း သီးခြားစီတွေ့ဆုံပြီး လက်နက်ကိုင် ပဋိပက္ခများလျှော့ချနိုင်ရေး၊ ဆက်လက်ဆောင်ရွက်ကြမည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်ဖက်ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့် နယ်စပ်တည်ငြိမ် အေးချမ်းရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးစွာတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု နစကကပြောဆိုသည်။

Zaw Gyi

လက္နက္ကိုင္ပဋိပကၡမ်ားေလ်ာ့ခ်ေရးႏွင့္ယုံၾကည္မွုတည္ေဆာက္နိုင္ေရးNCA လက္မွတ္မထိုးရေသးသည့္ အဖြဲ႕မ်ားႏွင့္ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္တို႔ ေဆြးေႏြး

NCA လက္မွတ္ေရးထိုးျခင္းမျပဳရေသးေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္“ဝ” ျပည္ေသြးစည္း ညီညြတ္ေရးပါတီ(UWSA)၊ အမ်ိဳးသားဒီမိုကေရစီမဟာမိတ္တပ္ဖြဲ႕(NDAA)၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္မဟာမိတ္တပ္မေတာ္(MNDAA)၊ ရခိုင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္(ULA/AA)၊ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(TNLA)ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP/SSA)
တို႔ႏွင့္ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္တို႔ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းလားၿမိဳ႕တြင္ ႏွစ္ရက္ၾကာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္ဟု နစကက သတင္းထုတ္ျပန္သည္။

ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ဦးေဆာင္ေသာ အမ်ိဳးသားစည္းလုံးညီညြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မွုညႇိႏွိုင္းေရးေကာ္မတီႏွင့္ NCA လက္မွတ္ေရးထိုးျခင္းမျပဳရေသးေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ ၆ ဖြဲ႕တို႔သည္ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၁၅ ရက္ႏွင့္ ၁၆ ရက္တို႔တြင္ေတြ႕ဆုံၾကရာဝယ္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဆိုင္ရာကိစၥရပ္မ်ားႏွင့္ က်န္းမာေရး၊ ေဒသဖြံ့ၿဖိဳးေရးဆိုင္ရာမ်ား အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္ဟု နစကဘက္က ေျပာဆိုထားသည္။

ညႇိႏွိုင္းေရးေကာ္မတီဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က NCA လက္မွတ္ေရးထိုးျခင္းမျပဳရေသးေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ ၆ ဖြဲ႕တို႔ႏွင့္ လာေရာက္ေတြ႕ဆုံရသည့္ရည္ရြယ္ခ်က္ႏွင့္ ၿငိမ္းခ်မ္းေရးေရွ႕လုပ္ငန္းစဥ္ မ်ားအား ရွင္းလင္းေဆြးေႏြးၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၆ ဖြဲ႕မွ တစ္ဖြဲ႕ခ်င္းစီ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဆိုင္ရာ အျမင္သေဘာထားမ်ား၊ ဆက္လက္လုပ္ေဆာင္ သင့္သည့္ အႀကံျပဳခ်က္မ်ား၊ ကိုဗစ္ေရာဂါကာကြယ္ေဆးထိုးႏွံေရးဆိုင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးၾကသည္။

ဆက္လက္၍ ညႇိႏွိုင္းေရးေကာ္မတီသည္ တက္ေရာက္လာၾကေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားမွ တစ္ဖြဲ႕ခ်င္းစီအားလည္းေကာင္း၊ NDAA မိုင္းလားအဖြဲ႕ ဥကၠ႒ ဦးစိုင္းလင္းႏွင့္အဖြဲ႕ဝင္မ်ားအားလည္းေကာင္း သီးျခားစီေတြ႕ဆုံၿပီး လက္နက္ကိုင္ ပဋိပကၡမ်ားေလၽွာ့ခ်နိုင္ေရး၊ ဆက္လက္ေဆာင္ရြက္ၾကမည့္ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဆိုင္ရာ ကိစၥရပ္မ်ား၊ ႏွစ္ဖက္ယုံၾကည္မွုတည္ေဆာက္ေရးဆိုင္ရာကိစၥရပ္မ်ား၊ က်န္းမာေရးႏွင့္ ေဒသဖြံ့ၿဖိဳးေရး၊ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ နယ္စပ္တည္ၿငိမ္ ေအးခ်မ္းေရးဆိုင္ရာကိစၥရပ္မ်ားအား ရင္းႏွီးစြာေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္ဟု နစကကေျပာဆိုသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here