ပြည်တွင်းမှာ ကိုဗစ်(၁၉)ဗီဇပြောင်း အိုမီခရွန် ပိုးမတွေ့ရသေးကြောင်း နစက ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်

0
217

ပြည်တွင်းမှာ ကိုဗစ်(၁၉)ဗီဇပြောင်း အိုမီခရွန် ပိုးမတွေ့ရသေးကြောင်း နစက ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်

နေပြည်တော် ဒီဇင်ဘာ ၁၈

ဒေသတွင်းအိမ်နီးချင်နိုင်ငံများဖြစ်တဲ့ထိုင်း၊ စင်ကာပူ၊ တရုတ်နှင့်မလေးရှားနိုင်ငံတို့ကနေ ပြန်လည်ရောက်ရှိလာသူတွေအနက် ကကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့်မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်ချေ များပြားသည့် အုပ်စုများရဲ့ဓါတ်ခွဲနမူနာ (၁၂)ခုကို စစ်ဆေးခဲ့ရာ ဗီဇပြောင်း အိုမီခရွန် ပိုးမတွေ့ရှိခဲ့ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနတို့က တပ်မတော် ‌ဆေးသုတေသနတပ်နဲ့ပူးပေါင်းပြီး “ကိုဗစ်-၁၉ ရောဂါ
မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်အဖြစ် မျိုးရိုးဗီဇအစီအစဉ်လေ့လာခြင်းလုပ်ငန်း (Genome Sequencing)” ကို စဉ်ဆက်မပြတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီလုပ်ငန်းစဉ်အရ ပြည်ပနိုင်ငံ‌ တွေဖြစ်တဲ့ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့်မလေးရှားနိုင်ငံတို့ကနေ ပြန်လည်ရောက်ရှိလာသူ‌ တွေအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့်မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်ချေ များပြားသည့် အုပ်စုများရှိ ဓါတ်ခွဲနမူနာ (၁၂)ခုအား ရယူပြီးကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမဗာ စစ်ဆေးခဲ့ရာ အိုမီခရွန်ပိုး (Omicron) မတွေ့ရှိရဘဲ မြန်မာနိုင်ငံတွင် တွေ့ရှိပြီးဖြစ်တဲ့ ဒယ်လ်တာ (Delta) ပိုးတွေ့ရှိသူ (၁၂)ဦးကိုသာ တွေ့ရှိရတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

Zaw Gyi


နေပြည်တော် ဒီဇင်ဘာ ၁၈





LEAVE A REPLY

Please enter your comment!
Please enter your name here