ရန်ကုန်မှာ ကားဘက်မှန်များခွာပြီးအခိုးခံနေရ

0
238

ရန်ကုန်မှာ ကားဘက်မှန်များခွာပြီးအခိုးခံနေရ

ရန်ကုန် ဒီဇင်ဘာ ၁၈

အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်းမှာ ညအိပ်ရပ်ထားတဲ့ ကားတွေရဲ့ ဘက်မှန်သားတွေ ခွာယူပြီး အခိုးခံနေရတယ်လို့ ကားပိုင်ရှင်တွေက လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖော်ပြနေကြပါတယ်။

ကားတစ်စီးလုံးမှာ တခြားဘယ်နေရာကိုမှ ခိုးယူကြတာမဟုတ်ဘဲ ဘက်မှန်ကြည့်တဲ့မှန်သားနှစ်ဖက်ကိုဘဲ သီးသန့် ခိုးယူ နေကြတယ်လို့သိရပါတယ်။

ညဘက်တွေမှာသာ ခိုးယူတာမဟုတ်ပဲ နေ့ဘက်တွေမှာပါ ခိုးယူခံနေရကြောင်း လူမှုကွန်ယက်ပေါ် တက်လာတဲ့ CCTV မှတ်တမ်းတွေက သက်သေပြနေပါတယ်။

ခိုးယူကြသူတွေအနေနဲ့ ပြန်လည်ရောင်းချတဲ့အခါမှာ ငွေကျပ်သောင်းဂဏန်းဝန်းကျင်ဘဲ ရကြပေမယ့်ပိုင်ရှင်တွေဖက်က အသစ်တပ်ဆင်ကြရတဲ့အတွက် သိန်းနဲ့ချီ ကုန်ကျနေကြတာဖြစ်ပါတယ်။

ကိုယ့်ကားမှန်ကိုယ်ပြန်ဝယ်ရတဲ့ ကားပိုင်ရှင်ဘဝရောက်နေတယ်။လွတ်လပ်စွာခိုးယူပြီး လွတ်လပ်စွာရောင်းဝယ်နေကြတယ်လို့ ပြည်သူတစ်ယောက်က မှတ် ချက်ပြုထားပါတယ်။

ရန္ကုန္မွာ ကားဘက္မွန္မ်ားခြာၿပီးအခိုးခံေနရ

ရန္ကုန္ ဒီဇင္ဘာ ၁၈

အခုရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕တြင္းမွာ ညအိပ္ရပ္ထားတဲ့ ကားေတြရဲ့ ဘက္မွန္သားေတြ ခြာယူၿပီး အခိုးခံေနရတယ္လို႔ ကားပိုင္ရွင္ေတြက လူမွုကြန္ယက္စာမ်က္ႏွာေတြမွာ ေဖာ္ျပေနၾကပါတယ္။

ကားတစ္စီးလုံးမွာ တျခားဘယ္ေနရာကိုမွ ခိုးယူၾကတာမဟုတ္ဘဲ ဘက္မွန္ၾကည့္တဲ့မွန္သားႏွစ္ဖက္ကိုဘဲ သီးသန႔္ ခိုးယူ ေနၾကတယ္လို႔သိရပါတယ္။

ညဘက္ေတြမွာသာ ခိုးယူတာမဟုတ္ပဲ ေန႔ဘက္ေတြမွာပါ ခိုးယူခံေနရေၾကာင္း လူမွုကြန္ယက္ေပၚ တက္လာတဲ့ CCTV မွတ္တမ္းေတြက သက္ေသျပေနပါတယ္။

ခိုးယူၾကသူေတြအေနနဲ႔ ျပန္လည္ေရာင္းခ်တဲ့အခါမွာ ေငြက်ပ္ေသာင္းဂဏန္းဝန္းက်င္ဘဲ ရၾကေပမယ့္ပိုင္ရွင္ေတြဖက္က အသစ္တပ္ဆင္ၾကရတဲ့အတြက္ သိန္းနဲ႔ခ်ီ ကုန္က်ေနၾကတာျဖစ္ပါတယ္။

ကိုယ့္ကားမွန္ကိုယ္ျပန္ဝယ္ရတဲ့ ကားပိုင္ရွင္ဘဝေရာက္ေနတယ္။လြတ္လပ္စြာခိုးယူၿပီး လြတ္လပ္စြာေရာင္းဝယ္ေနၾကတယ္လို႔ ျပည္သူတစ္ေယာက္က မွတ္ ခ်က္ျပဳထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here