မြဝတီမြို့ စျေးပွဲတော်မှာပေါက်ကွဲမှုဖြစ်ပြီး မြို့နေရာအနှံ့မှာပစ်ခတ်မှုတွေရှိ

0
167

မြဝတီမြို့ စျေးပွဲတော်မှာပေါက်ကွဲမှုဖြစ်ပြီး မြို့နေရာအနှံ့မှာပစ်ခတ်မှုတွေရှိ

ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်မှာရှိတဲ့ ဓိဌာန်အောင်ဘုရားဝင်းအတွင်း ဒီဇင်ဘာ ၁၈ ရက်ညပိုင်းက စျေးပွဲတော်ပြုလုပ်နေတဲ့အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြို့တွင်းနေရာအနှံ့မှာလည်း ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပေါက်ကွဲသံကတော့ တစ်ချက်ထဲပဲ အသံလည်းကျယ်တယ် ထိခိုက်မှုကတော့အတိအကျမသိဘူး လူနာတင်ကားတွေလည်းသွားကြတာတွေ့တယ် အဲဒီစျေးပွဲတော်က နှစ်တိုင်းလုပ်နေကြပဲ ဒီဇင် ဘာလရောက်ရင် ဘုရားအရှေ့ဖက်မုခ်နားမှာပေါက်တာ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဓိဌာန်အောင်ဘုရားဝင်းနားမှာနှစ်စဥ်လုပ်တဲ့ စျေးပွဲတော်ကို ကရင်ပြည်နယ်နယ်ခြားစောင့်တပ် BGF ကဦးစီးပြီးလုပ်တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး မြဝတီမြို့တွင်းက နေရာအနှံ့မှာလည်း သေနတ်ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။မဲထော်သလေး၊ကျောက်လုံးကြီးနဲ့မေတ္တာလင်းမြိုင်အစရှိတဲ့ရပ်ကွက်တွေမှာ သေနတ်ပစ်ခတ်သံတွေကို ပိုကြားရတယ်လို့ သိရပါတယ်။

“တစ်ညလုံးမအိပ်ရဲဘူးပစ်ံတွေကြားနေရတော့ မေတ္တာလင်းမြိုင်မှာက သေနတ်ပစ်သံတွေအပြင် ပေါက်ကွဲသံတွေလည်း ကြားရတယ်အပြင်မထွက်ရဲတော့သေချာမတွေ့ရဘူး နေ့လည်ကလည်း အမှတ်(၃)ရပ်ကွက်က အုပ်ချုပ်ရေးရုံးထဲကို လက်ပစ်ဗုံးအပစ်ခံရသေးတယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

လုံခြုံရေးအဖွဲ့တွေက မြဝတီမြို့နေရာအနှံ့ကို စစ်ဆေးတာတွေလုပ်နေကြပြီး ဓိဌာန်အောင်ဘုရားအနီးမှာလည်း ဖြတ်သန်းသွားနေသူအကုန်လုံးကိုစစ်ဆေးနေတယ်လို့ သိရပါတယ်။
Photo _ CJ

Zaw Gyi

မြဝတီမြို့ ဈေးပွဲတော်မှာပေါက်ကွဲမှုဖြစ်ပြီး မြို့နေရာအနှံ့မှာပစ်ခတ်မှုတွေရှိ

ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်မှာရှိတဲ့ ဓိဌာန်အောင်ဘုရားဝင်းအတွင်း ဒီဇင်ဘာ ၁၈ ရက်ညပိုင်းက ဈေးပွဲတော်ပြုလုပ်နေတဲ့အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြို့တွင်းနေရာအနှံ့မှာလည်း ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပေါက်ကွဲသံကတော့ တစ်ချက်ထဲပဲ အသံလည်းကျယ်တယ် ထိခိုက်မှုကတော့အတိအကျမသိဘူး လူနာတင်ကားတွေလည်းသွားကြတာတွေ့တယ် အဲဒီဈေးပွဲတော်က နှစ်တိုင်းလုပ်နေကြပဲ ဒီဇင် ဘာလရောက်ရင် ဘုရားအရှေ့ဖက်မုခ်နားမှာပေါက်တာ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဓိဌာန်အောင်ဘုရားဝင်းနားမှာနှစ်စဉ်လုပ်တဲ့ ဈေးပွဲတော်ကို ကရင်ပြည်နယ်နယ်ခြားစောင့်တပ် BGF ကဦးစီးပြီးလုပ်တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။



Photo _ CJ


LEAVE A REPLY

Please enter your comment!
Please enter your name here