မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့အထက်ပိုင်းဒေသတွေမှာ နောက်သုံးရက်အတွင်း မိုးရွာသွန်းနိုင်

0
168

မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့အထက်ပိုင်းဒေသတွေမှာ နောက်သုံးရက်အတွင်း မိုးရွာသွန်းနိုင်

မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့အထက်ပိုင်းဒေသတွေကို အနောက်ဖက်ကနေရွှေ့လျားလာတဲ့ အထက်လေထုစီးကြောင်းထဲကလေဖိအားရပ်ဝန်းတွေရဲ့အရှိန်ကြောင့် အဲဒီဒေသတွေမှာ ဒီဇင်ဘာ ၂၁ ရက်၊ ၂၂ ရက်နဲ့ ၂၃ ရက်တို့အတွင်း မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်ဌာနခွဲ)မန္တလေးက သိရပါတယ်။

“ဆောင်းရာသီအားကောင်းရင် ညအပူချိန်တွေကပုံမှန်အပူချိန်တွေထက် သိသိသာသာကျဆင်းပြီး အအေးဓာတ်သိသိသာသာပိုလာတယ် ဆောင်စရာသီအားကောင်းတာဟာ လေဖိအားစနစ်တွေအရမ်းအားကောင်းလာတာကြောင့်ပါ”လို့ မိုးဇလ(အထက်မြန်မာပြည်ဌာနခွဲ)က ညွှန်ကြားရေးမှူးဦးကျော်လွင်ဦးကပြောပါတယ်။

အရှေ့မြောက်လေတွေ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို လွှမ်းမိုးတဲ့အခါ ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာအရှေ့လေပြင်းတွေတိုက်တာကြောင့် လှိုင်းကြီးပြီး ပင်လယ်ပြင်မိုးလေဝသအခြေအနေတွေဆိုးရွားတတ်တဲ့ အခြေအနေမျိုးတွေဖြစ်ပေါ်စေပါတယ်။

ဒါ့အပြင် လေဖိအားစနစ်တွေရဲ့သက်ရောက်မှုနဲ့ ပင်လယ်လေနွေးတွေရဲ့ စွတ်ဆိုမှုတွေကြောင့် အချိန်အခါမဟုတ်မိုးရွာသွန်းတတ်ပါတယ်။ပြီးခဲ့တဲ့ လေး ငါးနှစ် အတွင်းက နှစ်သစ်ကူးကာလတွေမှာ သုံး လေး ငါးရက်လောက် တစ်နေကုန်မိုးစွေ မိုးရွာပြီးနေ့အပူချိန်တွေကျဆင်းကာ ညပိုင်းမှာလည်း အအေးပိုနေတဲ့အခြေအနေတွေဟာ နှစ် နှစ်ခြားတစ်ခါလောက်ဖြစ်တတ်တယ်လို့ သိရပါတယ်။

“ဆောင်းရာသီမှာ သတိပြုရမဲ့ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ မြူထူဆိုင်းတဲ့အခြေအနေတွေလည်းရှိပါတယ် ထူထပ်တဲ့မြူထူဆိုင်းတယ်ဆိုရင် အဝေးမြင်ကွင်းသိသိသာသာလျော့နည်းကျဆင်းတတ်ပါတယ်”လို့ ညွှန်ကြားရေးမှူးဦးကျော်လွင်ဦးကပြောပါတယ်။

အလားတူပဲ ဆောင်းရာသီရဲ့အအေးဆုံးကာလတွေမှာ ချင်းပြည်နယ်၊ဟားခါးမြို့၊ရှမ်းပြည်နယ် ပင်လောင်းမြို့တို့လိုနဲ့ တစ်ချို့ကုန်းမြင့်ဒေသတွေမှာ ရေခဲမှတ်အောက်အထိလျော့ကျတဲ့အခြေအ နေမျိုးအထိဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။

Zaw Gyi

ျမန္မာနိုင္ငံ အလယ္ပိုင္းနဲ႔အထက္ပိုင္းေဒသေတြမွာ ေနာက္သုံးရက္အတြင္း မိုးရြာသြန္းနိုင္

ျမန္မာနိုင္ငံ အလယ္ပိုင္းနဲ႔အထက္ပိုင္းေဒသေတြကို အေနာက္ဖက္ကေနေရႊ႕လ်ားလာတဲ့ အထက္ေလထုစီးေၾကာင္းထဲကေလဖိအားရပ္ဝန္းေတြရဲ့အရွိန္ေၾကာင့္ အဲဒီေဒသေတြမွာ ဒီဇင္ဘာ ၂၁ ရက္၊ ၂၂ ရက္နဲ႔ ၂၃ ရက္တို႔အတြင္း မိုးရြာသြန္းနိုင္တယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမွုဦးစီးဌာန(အထက္ျမန္မာျပည္ဌာနခြဲ)မႏၲေလးက သိရပါတယ္။

“ေဆာင္းရာသီအားေကာင္းရင္ ညအပူခ်ိန္ေတြကပုံမွန္အပူခ်ိန္ေတြထက္ သိသိသာသာက်ဆင္းၿပီး အေအးဓာတ္သိသိသာသာပိုလာတယ္ ေဆာင္စရာသီအားေကာင္းတာဟာ ေလဖိအားစနစ္ေတြအရမ္းအားေကာင္းလာတာေၾကာင့္ပါ”လို႔ မိုးဇလ(အထက္ျမန္မာျပည္ဌာနခြဲ)က ညႊန္ၾကားေရးမွူးဦးေက်ာ္လြင္ဦးကေျပာပါတယ္။

အေရွ႕ေျမာက္ေလေတြ ျမန္မာနိုင္ငံတစ္နိုင္ငံလုံးကို လႊမ္းမိုးတဲ့အခါ ပင္လယ္ကမ္းရိုးတန္းေဒသေတြမွာအေရွ႕ေလျပင္းေတြတိုက္တာေၾကာင့္ လွိုင္းႀကီးၿပီး ပင္လယ္ျပင္မိုးေလဝသအေျခအေနေတြဆိုးရြားတတ္တဲ့ အေျခအေနမ်ိဳးေတြျဖစ္ေပၚေစပါတယ္။

ဒါ့အျပင္ ေလဖိအားစနစ္ေတြရဲ့သက္ေရာက္မွုနဲ႔ ပင္လယ္ေလေႏြးေတြရဲ့ စြတ္ဆိုမွုေတြေၾကာင့္ အခ်ိန္အခါမဟုတ္မိုးရြာသြန္းတတ္ပါတယ္။ၿပီးခဲ့တဲ့ ေလး ငါးႏွစ္ အတြင္းက ႏွစ္သစ္ကူးကာလေတြမွာ သုံး ေလး ငါးရက္ေလာက္ တစ္ေနကုန္မိုးေစြ မိုးရြာၿပီးေန႔အပူခ်ိန္ေတြက်ဆင္းကာ ညပိုင္းမွာလည္း အေအးပိုေနတဲ့အေျခအေနေတြဟာ ႏွစ္ ႏွစ္ျခားတစ္ခါေလာက္ျဖစ္တတ္တယ္လို႔ သိရပါတယ္။

“ေဆာင္းရာသီမွာ သတိျပဳရမဲ့ပုံမွန္ျဖစ္ေလ့ျဖစ္ထရွိတဲ့ ျမဴထူဆိုင္းတဲ့အေျခအေနေတြလည္းရွိပါတယ္ ထူထပ္တဲ့ျမဴထူဆိုင္းတယ္ဆိုရင္ အေဝးျမင္ကြင္းသိသိသာသာေလ်ာ့နည္းက်ဆင္းတတ္ပါတယ္”လို႔ ညႊန္ၾကားေရးမွူးဦးေက်ာ္လြင္ဦးကေျပာပါတယ္။

အလားတူပဲ ေဆာင္းရာသီရဲ့အေအးဆုံးကာလေတြမွာ ခ်င္းျပည္နယ္၊ဟားခါးၿမိဳ႕၊ရွမ္းျပည္နယ္ ပင္ေလာင္းၿမိဳ႕တို႔လိုနဲ႔ တစ္ခ်ိဳ႕ကုန္းျမင့္ေဒသေတြမွာ ေရခဲမွတ္ေအာက္အထိေလ်ာ့က်တဲ့အေျခအ ေနမ်ိဳးအထိျဖစ္ေပၚတတ္တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here