အင်းလေးရေပေါ်စျေး ဒီဇင်ဘာ ၂၁ရက်နေ့တွင် ပြန်ဖွင့်မည်

0
424

အင်းလေးရေပေါ်စျေး ဒီဇင်ဘာ ၂၁ရက်နေ့တွင် ပြန်ဖွင့်မည်

ညောင်ရွှေမြို့နယ်၊အင်းလေးဒေသ၊ဟဲယာရွာမကျေးရွာက အင်းလေးရေပေါ်စျေးကို ဒီဇင်ဘာ ၂၁ရက်နေ့စတင်ပြီး ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။

ငါးရက်လျှင် စျေးနေ့တစ်ရက် သတ်မှတ်ကာ ဒေသထွက်ထုတ်ကုန်တွေနဲ့ ရိုးရာအစားအ သောက်ကို အဓိကထားရောင်းချသွားမှာဖြစ်တယ်လို့ ဟဲယာရွာမမှာနေထိုင်သူ ကိုညီညီဇော်က ပြောပါတယ်။

” ၁၀စုနှစ်တစ်စုကြာပျောက်ကွယ်ခဲ့တာကနေ အခုလိုပြန်ဖွင့်တာ ဝမ်းသာပါတယ်။လှိုက်လှိုက်လှဲလှဲလည်း ကြိုဆိုပါတယ်။ကျွန်တော်
တို့ရွာကလူတွေအတွက်ကတော့ ရေပေါ်စျေးရှိရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုအဆင် ပြေလာတာပေါ့။စက်လှေသမားတွေ အဆင်ပြေမယ်။တချို့လည်း ရိုးရာမုန့်တွေ လုပ်ရောင်းကြတာပေါ့” လို့ ကိုညီညီဇော်ကပြောပါတယ်။

ကိုဗစ် ၁၉စည်းကမ်းနှင့်အညီ ဖွင့်လှစ်ခွင့်ပြုတဲ့အပေါ်မှာ ကိုညီညီဇော် “ကိုဗစ် ၁၉ကိုတော့ နည်းနည်းစိုးရိမ်တယ်။အစားအသောက်စားတာဆိုတော့ mask တပ်လို့လည်းမရဘူးလေ။ပရဟိတသမားတွေလည်း ခုမှအနားရတာဆိုတော့ ထပ်ပျံ့မှာကိုစိုးရိမ်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ အင်းလေးဒေသမှာ ကိုဗစ်ဖြစ်ပွါးမှု ရာခိုင်နှုန်းက တော်တော်လျော့နေပြီး ကာကွယ်ဆေးထိုးပြီးသူကတော့ ၇၀%လောက် ရှိတယ်လို့ သိရပါတယ်။

အင်းလေးရေပေါ်စျေးကို နံနက် ၇နာရီမှ ၁၀နာရီထိ ၃နာရီကြာသာဖွင့်လှစ်ရောင်းချခွင့်ပြုသွားမယ်လို့လည်း သိရပါတယ်။

Photo Credit – THU KHA Travel

Zaw Gyi

အင္းေလးေရေပၚေစ်း ဒီဇင္ဘာ ၂၁ရက္ေန႔တြင္ ျပန္ဖြင့္မည္

ေညာင္ေရႊၿမိဳ႕နယ္၊အင္းေလးေဒသ၊ဟဲယာရြာမေက်းရြာက အင္းေလးေရေပၚေစ်းကို ဒီဇင္ဘာ ၂၁ရက္ေန႔စတင္ၿပီး ဖြင့္လွစ္သြားမယ္လို႔သိရပါတယ္။

ငါးရက္လၽွင္ ေစ်းေန႔တစ္ရက္ သတ္မွတ္ကာ ေဒသထြက္ထုတ္ကုန္ေတြနဲ႔ ရိုးရာအစားအ ေသာက္ကို အဓိကထားေရာင္းခ်သြားမွာျဖစ္တယ္လို႔ ဟဲယာရြာမမွာေနထိုင္သူ ကိုညီညီေဇာ္က ေျပာပါတယ္။

” ၁၀စုႏွစ္တစ္စုၾကာေပ်ာက္ကြယ္ခဲ့တာကေန အခုလိုျပန္ဖြင့္တာ ဝမ္းသာပါတယ္။လွိုက္လွိုက္လွဲလွဲလည္း ႀကိဳဆိုပါတယ္။ကၽြန္ေတာ္
တို႔ရြာကလူေတြအတြက္ကေတာ့ ေရေပၚေစ်းရွိရင္ အလုပ္အကိုင္အခြင့္အလမ္းေတြ ပိုအဆင္ ေျပလာတာေပါ့။စက္ေလွသမားေတြ အဆင္ေျပမယ္။တခ်ိဳ႕လည္း ရိုးရာမုန္႔ေတြ လုပ္ေရာင္းၾကတာေပါ့” လို႔ ကိုညီညီေဇာ္ကေျပာပါတယ္။

ကိုဗစ္ ၁၉စည္းကမ္းႏွင့္အညီ ဖြင့္လွစ္ခြင့္ျပဳတဲ့အေပၚမွာ ကိုညီညီေဇာ္ “ကိုဗစ္ ၁၉ကိုေတာ့ နည္းနည္းစိုးရိမ္တယ္။အစားအေသာက္စားတာဆိုေတာ့ mask တပ္လို႔လည္းမရဘူးေလ။ပရဟိတသမားေတြလည္း ခုမွအနားရတာဆိုေတာ့ ထပ္ပ်ံ႕မွာကိုစိုးရိမ္တယ္” လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ အင္းေလးေဒသမွာ ကိုဗစ္ျဖစ္ပြါးမွု ရာခိုင္ႏွုန္းက ေတာ္ေတာ္ေလ်ာ့ေနၿပီး ကာကြယ္ေဆးထိုးၿပီးသူကေတာ့ ၇၀%ေလာက္ ရွိတယ္လို႔ သိရပါတယ္။

အင္းေလးေရေပၚေစ်းကို နံနက္ ၇နာရီမွ ၁၀နာရီထိ ၃နာရီၾကာသာဖြင့္လွစ္ေရာင္းခ်ခြင့္ျပဳသြားမယ္လို႔လည္း သိရပါတယ္။

Photo Credit – THU KHA Travel


LEAVE A REPLY

Please enter your comment!
Please enter your name here