နိုင်ငံခြားသံအရာရှိတွေနဲ့ ကုလသမဂ္ဂလက် အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအား သတ်မှတ်ဟိုတယ်များတွင် ၇ ရက်အသွားအလာကန့်သတ်မည်

0
127

နိုင်ငံခြားသံအရာရှိတွေနဲ့ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအား သတ် မှတ်ဟိုတယ်များတွင် ၇ ရက်အသွားအလာကန့်သတ်မည်

နစက ရဲ့ကျန်းမာရေးဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာဝင်ထွက်ဂိတ်တွေနဲ့နယ်စပ်ဝင်ထွက်ဂိတ်တွေကနေ မြန်မာနိုင်ငံကိုဝင်လာမည့်ခရီးသွားတွေအတွက် အသွားအလာကန့်သတ်မှုနဲ့ဓာတ်ခွဲစမ်းသပ်စစ်ဆေးဆောင်ရွက်ဖို့အစီအစဥ်တွေကို ဒီဇင်ဘာ ၁၆ ရက်ကထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲကမှ နိုင်ငံခြားသံအရာရှိတွေနဲ့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေကဝန်ထမ်းတွေကို သတ်မှတ်ဟိုတယ်တွေမှာ ၇ ရက်အသွားအလာကန့်သတ်မှုလုပ် ဆောင်သွားမှာပါ။

မြန်မာနိုင်ငံသားတွေဟာလည်း သတ်မှတ်ကွာရန်တင်းစင်တာနဲ့ ဟိုတယ်တွေမှာ ကွာရန်တင်း ၇ ရက်နေထိုင်ရမှာဖြစ်ပါတယ်။

အဲဒီထဲကမှ သီးခြားလုံးချင်းအိမ်ရှိတဲ့ နိုင်ငံခြား သားတွေဟာ မြန်မာနိုင်ငံကိုရောက်ပြီး တစ်ရက်မြောက်နေ့နဲ့ သုံးရက်မြောက်ရက်တို့မှာ RT-PCR နည်းတို့နဲ့စစ်ဆေးပြီး ကိုဗစ်(၁၉)ရောဂါပိုးမရှိမှသာ နေအိမ်မှာအသွားအလာကန့်သတ်တာကိုဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

ကွန်ဒိုနဲ့တိုက်ခန်းတွေမှာနေတဲ့ နိုင်ငံခြားသားတွေကတော့ သတ်မှတ်ဟိုတယ်တွေမှာ ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။အခုလို လုပ်ဆောင်ခြင်းဟာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သံအရာရှိနဲ့ကုလသမ ဂ္ဂလက်အောက်ခံအဖွဲ့အစည်းသတ်မှတ်ချက်အ တိုင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

နိုင်ငံခြားသားခရီးသွားတွေဟာ မြန်မာနိုင်ငံကိုမလာရောက်ခင် (၇၂)နာရီအလိုက RT-PCR စနစ်နဲ့စစ်ဆေးထားတဲ့ ကိုဗစ်(၁၉)ရောဂါကင်းရှင်းကြောင်းလက်မှတ်ကို ခရီးစတင်ထွက်ခွာမည့်လေဆိပ်၊ခရီးစဥ်အတွင်း လေကြောင်းလိုင်းတွေနဲ့မြန်မာနိုင်ငံကိုဝင်ရောက်တဲ့အခါမှာ လေဆိပ်နဲ့ဝင်/ထွက်ဂိတ်တွေမှာ ပြသရမှာဖြစ်ပါတယ်။

အလားတူပဲ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးပြီးသူတွေဟာ မြန်မာနိုင်ငံကိုမလာရောက်ခင် လွန်ခဲ့တဲ့ ၁၄ ရက်ကျော်က ကျန်း မာရေးဝန်ကြီးဌာနကအသိအမှတ်ပြုထားတဲ့ ကာ ကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးကြောင်း အ ထောက်အထားပြသနိုင်ရမှာဖြစ်ပါတယ်။

အဲဒီနောက်မှာ ကိုယ်အပူချိန်တိုင်းတာနဲ့လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုခံယူတာတွေကိုလည်း လိုက်နာရမှာဖြစ်သလို ကိုယ်အပူချိန်မြင့်တက်တာအပါအဝင် ကိုဗစ်(၁၉)ရောဂါသံသယလက္ခ ဏာတွေ့တဲ့ ခရီးသည်ကိုတော့ သီးခြားထားပြီး ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားတဲ့ဆေးရုံကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်။

Zaw Gyi

နိုင္ငံျခားသံအရာရွိေတြနဲ႔ကုလသမဂၢလက္ ေအာက္ခံအဖြဲ႕အစည္းမ်ားမွ ဝန္ထမ္းမ်ားအား သတ္ မွတ္ဟိုတယ္မ်ားတြင္ ၇ ရက္အသြားအလာကန္႔သတ္မည္

နစက ရဲ့က်န္းမာေရးဝန္ႀကီးဌာနက အျပည္ျပည္ဆိုင္ရာဝင္ထြက္ဂိတ္ေတြနဲ႔နယ္စပ္ဝင္ထြက္ဂိတ္ေတြကေန ျမန္မာနိုင္ငံကိုဝင္လာမည့္ခရီးသြားေတြအတြက္ အသြားအလာကန္႔သတ္မွုနဲ႔ဓာတ္ခြဲစမ္းသပ္စစ္ေဆးေဆာင္ရြက္ဖို႔အစီအစဥ္ေတြကို ဒီဇင္ဘာ ၁၆ ရက္ကထုတ္ျပန္ခဲ့ပါတယ္။

အဲဒီထဲကမွ နိုင္ငံျခားသံအရာရွိေတြနဲ႔ကုလသမဂၢလက္ေအာက္ခံအဖြဲ႕အစည္းေတြကဝန္ထမ္းေတြကို သတ္မွတ္ဟိုတယ္ေတြမွာ ၇ ရက္အသြားအလာကန္႔သတ္မွုလုပ္ ေဆာင္သြားမွာပါ။

ျမန္မာနိုင္ငံသားေတြဟာလည္း သတ္မွတ္ကြာရန္တင္းစင္တာနဲ႔ ဟိုတယ္ေတြမွာ ကြာရန္တင္း ၇ ရက္ေနထိုင္ရမွာျဖစ္ပါတယ္။

အဲဒီထဲကမွ သီးျခားလုံးခ်င္းအိမ္ရွိတဲ့ နိုင္ငံျခား သားေတြဟာ ျမန္မာနိုင္ငံကိုေရာက္ၿပီး တစ္ရက္ေျမာက္ေန႔နဲ႔ သုံးရက္ေျမာက္ရက္တို႔မွာ RT-PCR နည္းတို႔နဲ႔စစ္ေဆးၿပီး ကိုဗစ္(၁၉)ေရာဂါပိုးမရွိမွသာ ေနအိမ္မွာအသြားအလာကန္႔သတ္တာကိုဆက္လက္လုပ္ေဆာင္သြားရမွာျဖစ္ပါတယ္။

ကြန္ဒိုနဲ႔တိုက္ခန္းေတြမွာေနတဲ့ နိုင္ငံျခားသားေတြကေတာ့ သတ္မွတ္ဟိုတယ္ေတြမွာ ကြာရန္တင္းဝင္ရမွာျဖစ္ပါတယ္။အခုလို လုပ္ေဆာင္ျခင္းဟာ နိုင္ငံျခားေရးဝန္ႀကီးဌာနရဲ့ သံအရာရွိနဲ႔ကုလသမ ဂၢလက္ေအာက္ခံအဖြဲ႕အစည္းသတ္မွတ္ခ်က္အ တိုင္း ေဆာင္ရြက္ျခင္းျဖစ္ပါတယ္။

နိုင္ငံျခားသားခရီးသြားေတြဟာ ျမန္မာနိုင္ငံကိုမလာေရာက္ခင္ (၇၂)နာရီအလိုက RT-PCR စနစ္နဲ႔စစ္ေဆးထားတဲ့ ကိုဗစ္(၁၉)ေရာဂါကင္းရွင္းေၾကာင္းလက္မွတ္ကို ခရီးစတင္ထြက္ခြာမည့္ေလဆိပ္၊ခရီးစဥ္အတြင္း ေလေၾကာင္းလိုင္းေတြနဲ႔ျမန္မာနိုင္ငံကိုဝင္ေရာက္တဲ့အခါမွာ ေလဆိပ္နဲ႔ဝင္/ထြက္ဂိတ္ေတြမွာ ျပသရမွာျဖစ္ပါတယ္။

အလားတူပဲ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးႏွစ္ႀကိမ္အျပည့္ထိုးၿပီးသူေတြဟာ ျမန္မာနိုင္ငံကိုမလာေရာက္ခင္ လြန္ခဲ့တဲ့ ၁၄ ရက္ေက်ာ္က က်န္း မာေရးဝန္ႀကီးဌာနကအသိအမွတ္ျပဳထားတဲ့ ကာ ကြယ္ေဆးအႀကိမ္ျပည့္ထိုးႏွံၿပီးေၾကာင္း အ ေထာက္အထားျပသနိုင္ရမွာျဖစ္ပါတယ္။

အဲဒီေနာက္မွာ ကိုယ္အပူခ်ိန္တိုင္းတာနဲ႔လိုအပ္တဲ့က်န္းမာေရးစစ္ေဆးမွုခံယူတာေတြကိုလည္း လိုက္နာရမွာျဖစ္သလို ကိုယ္အပူခ်ိန္ျမင့္တက္တာအပါအဝင္ ကိုဗစ္(၁၉)ေရာဂါသံသယလကၡ ဏာေတြ႕တဲ့ ခရီးသည္ကိုေတာ့ သီးျခားထားၿပီး က်န္းမာေရးဝန္ႀကီးဌာနကသတ္မွတ္ထားတဲ့ေဆး႐ုံကိုပို႔ေဆာင္ေပးမွာျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here