ရှမ်းပြည်နယ် ​မြောက်ပိုင်းနှင့် ​တောင်ပိုင်းမှ မြို့နယ်နှစ်ခုတွင် စိတ်ကြွဆေးပြားနဲ့ဘိန်းစိမ်းများဖမ်းမိ

0
196

ရှမ်းပြည်နယ် ​မြောက်ပိုင်းနှင့် ​တောင်ပိုင်းမှ မြို့နယ်နှစ်ခုတွင် စိတ်ကြွဆေးပြားနဲ့ဘိန်းစိမ်းများဖမ်းမိ

ရှမ်း(မြောက်)၊တန့်ယန်းမြို့နယ်နဲ့ ရှမ်း(တောင်)၊ရပ်စောက်မြို့နယ်တို့ကနေ ဒီဇင်ဘာ ၁၈ ရက်မနက်ပိုင်းနဲ့မွန်းတည့်ပိုင်းတို့မှာ စိတ်ကြွဆေး ၅၃၀၀၀ ပြားနဲ့ဘိန်းစိမ်း ၁၀ ကီလိုကို အမျိုးသမီးနှစ်ယောက်နဲ့အမျိုးသားတစ်ယောက်ဆီကနေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တန့်ယန်းမြို့နယ်က တာကော်အက်ပူးပေါင်းစစ် ဆေးရေးစခန်းကို မွန်းတည့် ၁၂ နာရီခွဲလောက်က ဆိုင်ကယ်နဲ့ဖြတ်လာတဲ့ မနန်းလိတ်(၂၀)နှစ်မောင်းလာတဲ့ ဆိုင်ကယ်ကိုမူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးခဲ့ကြရာမှာ ဆိုင်ကယ်ခွကြားမှာတင်လာတဲ့ စက္ကူဘူးခွံတွေထဲကနေ ဘိန်းစိမ်း ၁၀ ကီလိုနဲ့စိတ်ကြွဆေး ၁၀၀၀၀ ပြားကိုဖမ်းဆီးရမိခဲ့တယ်လို့ ရဲကပြောပါတယ်။

အလားတူပဲ မနက် ၉ နာရီခွဲမှာ ရပ်စောက်မြို့နယ်၊မသဲကျေးရွာအုပ်စု၊မုံပြင်(မြောက်)ရွာမှာနေတဲ့ ထွန်းလင်းအောင်(၃၂)နှစ်နဲ့ဒေါ်ဝင်းမော်(၄၂)နှစ်တို့အိမ်ကို ရပ်စောက်မြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေပါတဲ့ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။

ခြံဝင်းထဲကနေ ဒေသကာလပေါက်စျေးငွေကျပ် ၂၁၅ သိန်းတန်ဖိုးရှိတဲ့ စိတ်ကြွဆေး ၄၃၀၀၀ ပြားကို ရှာဖွေဖမ်းဆီးရမိခဲ့တယ်လို့ ရဲကပြောပါတယ်။

ဖမ်းမိသူ သုံးယောက်ကို သက်ဆိုင်ရာမြို့မရဲစ ခန်းတွေက မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူတွေကိုဖမ်းမိဖို့အ တွက် စစ်ဆေးနေပါတယ်။

Zaw Gyi

ရွမ္းျပည္နယ္ ​ေျမာက္ပိုင္းႏွင့္ ​ေတာင္ပိုင္းမွ ၿမိဳ႕နယ္ႏွစ္ခုတြင္ စိတ္ႂကြေဆးျပားနဲ႔ဘိန္းစိမ္းမ်ားဖမ္းမိ

ရွမ္း(ေျမာက္)၊တန္႔ယန္းၿမိဳ႕နယ္နဲ႔ ရွမ္း(ေတာင္)၊ရပ္ေစာက္ၿမိဳ႕နယ္တို႔ကေန ဒီဇင္ဘာ ၁၈ ရက္မနက္ပိုင္းနဲ႔မြန္းတည့္ပိုင္းတို႔မွာ စိတ္ႂကြေဆး ၅၃၀၀၀ ျပားနဲ႔ဘိန္းစိမ္း ၁၀ ကီလိုကို အမ်ိဳးသမီးႏွစ္ေယာက္နဲ႔အမ်ိဳးသားတစ္ေယာက္ဆီကေန ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။

တန္႔ယန္းၿမိဳ႕နယ္က တာေကာ္အက္ပူးေပါင္းစစ္ ေဆးေရးစခန္းကို မြန္းတည့္ ၁၂ နာရီခြဲေလာက္က ဆိုင္ကယ္နဲ႔ျဖတ္လာတဲ့ မနန္းလိတ္(၂၀)ႏွစ္ေမာင္းလာတဲ့ ဆိုင္ကယ္ကိုမူးယစ္ေဆးဝါးတား ဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္ေတြပါဝင္တဲ့ပူးေပါင္းအဖြဲ႕က တားဆီးစစ္ေဆးခဲ့ၾကရာမွာ ဆိုင္ကယ္ခြၾကားမွာတင္လာတဲ့ စကၠဴဘူးခြံေတြထဲကေန ဘိန္းစိမ္း ၁၀ ကီလိုနဲ႔စိတ္ႂကြေဆး ၁၀၀၀၀ ျပားကိုဖမ္းဆီးရမိခဲ့တယ္လို႔ ရဲကေျပာပါတယ္။

အလားတူပဲ မနက္ ၉ နာရီခြဲမွာ ရပ္ေစာက္ၿမိဳ႕နယ္၊မသဲေက်းရြာအုပ္စု၊မုံျပင္(ေျမာက္)ရြာမွာေနတဲ့ ထြန္းလင္းေအာင္(၃၂)ႏွစ္နဲ႔ေဒၚဝင္းေမာ္(၄၂)ႏွစ္တို႔အိမ္ကို ရပ္ေစာက္ၿမိဳ႕မရဲစခန္းက တပ္ဖြဲ႕ဝင္ေတြပါတဲ့ပူးေပါင္းအဖြဲ႕က သတင္းအရ ဝင္ေရာက္ရွာေဖြခဲ့ၾကပါတယ္။

ၿခံဝင္းထဲကေန ေဒသကာလေပါက္ေစ်းေငြက်ပ္ ၂၁၅ သိန္းတန္ဖိုးရွိတဲ့ စိတ္ႂကြေဆး ၄၃၀၀၀ ျပားကို ရွာေဖြဖမ္းဆီးရမိခဲ့တယ္လို႔ ရဲကေျပာပါတယ္။

ဖမ္းမိသူ သုံးေယာက္ကို သက္ဆိုင္ရာၿမိဳ႕မရဲစ ခန္းေတြက မူးယစ္ေဆးဝါးနဲ႔စိတ္ကိုေျပာင္းလဲေစ ေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရအမွုဖြင့္ၿပီး ဆက္စပ္ျပစ္မွုက်ဴးလြန္သူေတြကိုဖမ္းမိဖို႔အ တြက္ စစ္ေဆးေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here