ငွေလဲသူနှစ်ယောက်ကို အသံတိတ်​ပြောင်းတပ်ထားတဲ့ ​သေနတ်ဖြင့် ကားထဲတွင်ပစ်ခတ်ခံရမှု ဖြစ်ပွား

0
129

ငွေလဲသူနှစ်ယောက်ကို အသံတိတ်​ပြောင်းတပ်ထားတဲ့ ​သေနတ်ဖြင့် ကားထဲတွင်ပစ်ခတ်ခံရမှု ဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ်နေ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်(လင်မယား)နှစ်ယောက်ကို အင်းစိန်မြို့နယ်၊နံ့သာကုန်းရပ်ကွက်က အင်းစိန်ခုံးတံတားအဆင်းမှာ အသံတိတ်ပြောင်းတပ်ထားတဲ့သေနတ်နဲ့ပစ်ခတ်ပြီး ငွေကျပ်သိန်း ၁၂၀၀ ကိုယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့ အင်းစိန်မြို့မရဲစခန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဖြစ်စဥ်က ဒီဇင်ဘာ ၁၈ ရက်ည ၉ နာရီခွဲလောက်မှာ အင်းစိန်ခုံးတံတားအဆင်းနားက သီရိစန္ဒာဆေးခန်းနားမှာ ဖြစ်ပွားခဲ့တာပါ။သေနတ်နဲ့ပစ်ခံရတာကြောင့် အမျိုးသားဖြစ်သူဟာ ကျည်ဝင်ဒဏ်ရာနဲ့အခင်းဖြစ်နေရာမှာသေဆုံးခဲ့ပါတယ်။

အမျိုးသမီးဖြစ်သူကတော့ ကျည်ဖောက်ဝင်ဒဏ်ရာသုံးချက်ရရှိခဲ့တာကြောင့် အင်းစိန်ပြည်သူ့ဆေးရုံမှာ စိုးရိမ်ရလူနာအဖြစ်ဆေးကုသမှုခံယူနေရပါတယ်။

သေဆုံးသူ အမျိုးသားနဲ့ဒဏ်ရာရခဲ့တဲ့အမျိုးသမီးတို့ဟာ သင်္ဃန်းကျွန်းမြို့နယ်နေ ကိုရဲလင်းထိုက်နဲ့မသက်ထားရွှေစင်တို့ဖြစ်ပါတယ်။ငွေလဲဖို့အတွက် ပွဲစားကနေတဆင့်ချိတ်ဆက်ပေးခဲ့သူ အလာကို ကားပေါ်မှာထိုင်စောင့်နေခဲ့ကြတာပါ။

“သူတို့နှစ်ယောက်ကကားပေါ်မှာထိုင်စောင့်နေတုန်း ငွေလဲဖို့ချိန်းထားတဲ့လူက ဆိုင်ကယ်နဲ့ရောက်လာပြီး ကားထဲကိုဝင်သေနတ်ပြပြီး ပိုက်ဆံတွေတောင်းတယ် ပိုက်ဆံမပေးတော့သေနတ်နဲ့ပစ်ပြီး ပိုက်ဆံထုတ်ကိုယူပြေးသွားတာ”လို့ရဲစခန်းနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။

လုံခြုံရေးအဖွဲ့တွေကစစ်ဆေးချိန်မှာ ပိုက်ဆံထုတ်ကိုလုယူထွက်ပြေးစဥ် လမ်းမှာကျကျန်ခဲ့တဲ့ ကျပ်သိန်း ၃၅၀ ၊ အသံတိတ်ပြောင်းတပ်ထားတဲ့ သေ နတ်တစ်လက်၊ကျည်အိမ်တစ်ခု၊ကျည်ငါးတောင့်နဲ့ကျည်ခွံတစ်ချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

Zaw Gyi

ေငြလဲသူႏွစ္ေယာက္ကို အသံတိတ္​ေျပာင္းတပ္ထားတဲ့ ​ေသနတ္ျဖင့္ ကားထဲတြင္ပစ္ခတ္ခံရမွု ျဖစ္ပြား

သဃၤန္းကၽြန္းၿမိဳ႕နယ္ေန အမ်ိဳးသားတစ္ေယာက္နဲ႔အမ်ိဳးသမီးတစ္ေယာက္(လင္မယား)ႏွစ္ေယာက္ကို အင္းစိန္ၿမိဳ႕နယ္၊နံ့သာကုန္းရပ္ကြက္က အင္းစိန္ခုံးတံတားအဆင္းမွာ အသံတိတ္ေျပာင္းတပ္ထားတဲ့ေသနတ္နဲ႔ပစ္ခတ္ၿပီး ေငြက်ပ္သိန္း ၁၂၀၀ ကိုယူေဆာင္ထြက္ေျပးသြားခဲ့တယ္လို႔ အင္းစိန္ၿမိဳ႕မရဲစခန္းနဲ႔နီးစပ္သူေတြဆီက သိရပါတယ္။

ျဖစ္စဥ္က ဒီဇင္ဘာ ၁၈ ရက္ည ၉ နာရီခြဲေလာက္မွာ အင္းစိန္ခုံးတံတားအဆင္းနားက သီရိစႏၵာေဆးခန္းနားမွာ ျဖစ္ပြားခဲ့တာပါ။ေသနတ္နဲ႔ပစ္ခံရတာေၾကာင့္ အမ်ိဳးသားျဖစ္သူဟာ က်ည္ဝင္ဒဏ္ရာနဲ႔အခင္းျဖစ္ေနရာမွာေသဆုံးခဲ့ပါတယ္။

အမ်ိဳးသမီးျဖစ္သူကေတာ့ က်ည္ေဖာက္ဝင္ဒဏ္ရာသုံးခ်က္ရရွိခဲ့တာေၾကာင့္ အင္းစိန္ျပည္သူ႔ေဆး႐ုံမွာ စိုးရိမ္ရလူနာအျဖစ္ေဆးကုသမွုခံယူေနရပါတယ္။

ေသဆုံးသူ အမ်ိဳးသားနဲ႔ဒဏ္ရာရခဲ့တဲ့အမ်ိဳးသမီးတို႔ဟာ သဃၤန္းကၽြန္းၿမိဳ႕နယ္ေန ကိုရဲလင္းထိုက္နဲ႔မသက္ထားေရႊစင္တို႔ျဖစ္ပါတယ္။ေငြလဲဖို႔အတြက္ ပြဲစားကေနတဆင့္ခ်ိတ္ဆက္ေပးခဲ့သူ အလာကို ကားေပၚမွာထိုင္ေစာင့္ေနခဲ့ၾကတာပါ။

“သူတို႔ႏွစ္ေယာက္ကကားေပၚမွာထိုင္ေစာင့္ေနတုန္း ေငြလဲဖို႔ခ်ိန္းထားတဲ့လူက ဆိုင္ကယ္နဲ႔ေရာက္လာၿပီး ကားထဲကိုဝင္ေသနတ္ျပၿပီး ပိုက္ဆံေတြေတာင္းတယ္ ပိုက္ဆံမေပးေတာ့ေသနတ္နဲ႔ပစ္ၿပီး ပိုက္ဆံထုတ္ကိုယူေျပးသြားတာ”လို႔ရဲစခန္းနဲ႔နီးစပ္သူတစ္ေယာက္ကေျပာပါတယ္။

လုံျခဳံေရးအဖြဲ႕ေတြကစစ္ေဆးခ်ိန္မွာ ပိုက္ဆံထုတ္ကိုလုယူထြက္ေျပးစဥ္ လမ္းမွာက်က်န္ခဲ့တဲ့ က်ပ္သိန္း ၃၅၀ ၊ အသံတိတ္ေျပာင္းတပ္ထားတဲ့ ေသ နတ္တစ္လက္၊က်ည္အိမ္တစ္ခု၊က်ည္ငါးေတာင့္နဲ႔က်ည္ခြံတစ္ခ်ိဳ႕ကို သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here