အိမ့်ချစ်ချောမှ စုပေါင်းအလှူခံကာ ရေသန့်ရောင်းတဲ့အဖွားအတွက် လှူဒါန်းရန်ပြင်ဆင်

0
390

အိမ့်ချစ်ချောမှစုပေါင်းအလှူခံကာ ရေသန့်ရောင်းတဲ့အဖွားအတွက် လှူဒါန်းရန်ပြင်ဆင်

ပြည်လမ်းနဲ့ရှင်စောပုလမ်းထောင့်မီးပွိုင့်၊ ကုန်းတံတားအောက်မှာ ရေသန့်ရောင်းတဲ့အဖွားကိုလှူဒါန်းဖို့အတွက် အိမ့်ချစ်ချောက ဦးဆောင်ကာ အလှူခံခဲ့ပြီး အခုဆိုရင်လှူဒါန်းဖို့အတွက် ပြင်ဆင်နေပြီလို့သိရပါတယ်။

 

ယခုလှူဒါန်းရန်ကိစ္စနဲ့ပတ်သက်ပြီး အိမ့်ချစ်ချောက သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “ရေသန့်ရောင်းတဲ့ အဖွားအတွက်အလှူငွေပေါင်းကြည့်နေတာ .. ပျော်လိုက်တာလှူပေးကြတဲ့ တစ်ယောက်ချင်းစီ တကယ်ချစ်တယ်
အလှူငွေကများတော့ ဘယ်လိုလေးလှူရင်ကောင်းမလဲ ကူစဉ်းစားပေးကြပါဦး.. ငွေသားကြီးပဲ အကုန်ပေးဖို့ကတော့ အဖွားကိုစိတ်ပူလို့” လို့ ရေးသားဖော်ပြထားပါတယ်။

အဖွားဟာ ဒလမြို့နယ်မှာ ၁၃နှစ်အရွယ် မြေးဖြစ်သူနဲ့နေထိုင်ပြီး မီးပွိုင့်တွင်ရေသန့်ရောင်းကာ ရိုးသားစွာလုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်ပါတယ်။

Zaw Gyi

အိမ့္ခ်စ္ေခ်ာမွစုေပါင္းအလွူခံကာ ေရသန္႔ေရာင္းတဲ့အဖြားအတြက္ လွူဒါန္းရန္ျပင္ဆင္

ျပည္လမ္းနဲ႔ရွင္ေစာပုလမ္းေထာင့္မီးပြိဳင့္၊ ကုန္းတံတားေအာက္မွာ ေရသန္႔ေရာင္းတဲ့အဖြားကိုလွူဒါန္းဖို႔အတြက္ အိမ့္ခ်စ္ေခ်ာက ဦးေဆာင္ကာ အလွူခံခဲ့ၿပီး အခုဆိုရင္လွူဒါန္းဖို႔အတြက္ ျပင္ဆင္ေနၿပီလို႔သိရပါတယ္။

ယခုလွူဒါန္းရန္ကိစၥနဲ႔ပတ္သက္ၿပီး အိမ့္ခ်စ္ေခ်ာက သူမရဲ့လူမွုကြန္ယက္စာမ်က္ႏွာမွာ “ေရသန႔္ေရာင္းတဲ့ အဖြားအတြက္အလွူေငြေပါင္းၾကည့္ေနတာ .. ေပ်ာ္လိုက္တာ
လွူေပးၾကတဲ့ တစ္ေယာက္ခ်င္းစီ တကယ္ခ်စ္တယ္
အလွူေငြကမ်ားေတာ့ ဘယ္လိုေလးလွူရင္ေကာင္းမလဲ ကူစဥ္းစားေပးၾကပါဦး.. ေငြသားႀကီးပဲ အကုန္ေပးဖို႔ကေတာ့ အဖြားကိုစိတ္ပူလို႔” လို႔ ေရးသားေဖာ္ျပထားပါတယ္။

အဖြားဟာ ဒလၿမိဳ႕နယ္မွာ ၁၃ႏွစ္အရြယ္ ေျမးျဖစ္သူနဲ႔ေနထိုင္ၿပီး မီးပြိဳင့္တြင္ေရသန္႔ေရာင္းကာ ရိုးသားစြာလုပ္ကိုင္စားေသာက္ေနသူတစ္ဦးျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here