ပြပွဲ ၂ရက်အတွင်း ပုလဲအတွဲပေါင်း ၃၀၀ကျော်ရောင်းချနိုင်ခဲ့

0
256

(Unicode)

ပြပွဲ ၂ရက်အတွင်း ပုလဲအတွဲပေါင်း ၃၀၀ကျော်ရောင်းချနိုင်ခဲ့

ကျင်းပနေဆဲ ၂၀၂၁ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ၏ ဒုတိယနေ့နှင့် တတိယနေ့တို့တွင် ပုလဲအတွဲပေါင်း ၃၃၀ကို ရောင်းချနိုင်ခဲ့သည်ဟု သိရသည်။

ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များသည် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ပြသထားသည့် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများကိုလည်းကောင်း၊ ခန်းမအပြင်ဘက်ရှိ သတ်မှတ်နယ်မြေအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကိုလည်းကောင်း စိတ်ကြိုက် လေ့လာကြည့်ရှုကြရင်း အိတ်ဖွင့်တင်ဒါစနစ် ဖြင့် ရောင်းချပေးခဲ့သည့် ပုလဲအတွဲများအား ဝယ်ယူကြခြင်းဖြစ်သည်။

ဒီဇင်ဘာ(၁၈)ရက်က ကျင်းပသော ပြပွဲ ဒုတိယနေ့က ပုလဲ အတွဲအမှတ် (၁ မှ ၂၂၀) အထိ အိတ်ဖွင့်တင်ဒါစနစ် ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၀ ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက် ပြပွဲ တတိယနေ့တွင် ပုလဲအတွဲ အမှတ် (၂၂၁ မှ ၃၃၀) အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာတွင်လည်း ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များက ပုလဲအတွဲပေါင်း ၁၁၀အား ဝယ်ယူခဲ့ကြသည်။

ကျောက်စိမ်းအတွဲအမှတ်(၁) မှ (၂၅၀)အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာ များကိုလည်း လက်ခံထားပြီး ယနေ့ ဒီဇင်ဘာ ၂၀ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည်ဖြစ်သည်။

ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၇၈၀ ကို ခင်းကျင်းပြသပေးလျက်ရှိရာ ဒီဇင်ဘာ ၂၀ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၂၅၁) မှ (၅၀၀)အထိကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် (၅၀၁) မှ (၇၈၀)အထိကိုလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း/ ပြည်ပရတနာ ကုန်သည်များကို ဆက်လက် ရောင်းချပေးသွားရန်ရှိနေသည်။

ယခုပြပွဲသည် နိုင်ငံခြားငွေဖြင့်ရောင်းချသည့် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲဖြစ်ကာ ဒီဇင်ဘာ၁၇ရက်ကစပြီး နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိနေသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ပြပွဲ ၉၅ ပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲ ၁၉ ပွဲ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုကျင်းပသည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲသည့် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ၉၆ ပွဲမြောက်ဖြစ်ကြောင်း သိရသည်။

(Zawgyi)

ျပပြဲ ၂ရက္အတြင္း ပုလဲအတြဲေပါင္း ၃၀၀ေက်ာ္ေရာင္းခ်ႏိုင္ခဲ့

က်င္းပေနဆဲ ၂၀၂၁ခုႏွစ္ ပုလဲအတြဲမ်ားႏွင့္ ေက်ာက္စိမ္းအတြဲမ်ားျပပြဲ၏ ဒုတိယေန႔ႏွင့္ တတိယေန႔တို႔တြင္ ပုလဲအတြဲေပါင္း ၃၃၀ကို ေရာင္းခ်ႏိုင္ခဲ့သည္ဟု သိရသည္။

ျပည္တြင္း/ျပည္ပ ရတနာကုန္သည္မ်ားသည္ ေနျပည္ေတာ္ရွိ မဏိရတနာ ေက်ာက္စိမ္းခန္းမ အတြင္း ျပသထားသည့္ ပုလဲအတြဲမ်ားႏွင့္ ေက်ာက္စိမ္းအတြဲမ်ားကိုလည္းေကာင္း၊ ခန္းမအျပင္ဘက္ရွိ သတ္မွတ္နယ္ေျမအလိုက္ ခင္းက်င္းျပသထားသည့္ ေက်ာက္စိမ္းအတြဲမ်ားကိုလည္းေကာင္း စိတ္ႀကိဳက္ ေလ့လာၾကည့္ရႈၾကရင္း အိတ္ဖြင့္တင္ဒါစနစ္ ျဖင့္ ေရာင္းခ်ေပးခဲ့သည့္ ပုလဲအတြဲမ်ားအား ဝယ္ယူၾကျခင္းျဖစ္သည္။

ဒီဇင္ဘာ(၁၈)ရက္က က်င္းပေသာ ျပပြဲ ဒုတိယေန႔က ပုလဲ အတြဲအမွတ္ (၁ မွ ၂၂၀) အထိ အိတ္ဖြင့္တင္ဒါစနစ္ ျဖင့္ ေရာင္းခ်ေပးခဲ့ရာ ပုလဲအတြဲေပါင္း ၂၂၀ ေရာင္းခ်ႏိုင္ခဲ့ၿပီး ဒီဇင္ဘာ ၁၉ ရက္ ျပပြဲ တတိယေန႔တြင္ ပုလဲအတြဲ အမွတ္ (၂၂၁ မွ ၃၃၀) အထိ အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်ေပးခဲ့ရာတြင္လည္း ျပည္တြင္း/ျပည္ပ ရတနာကုန္သည္မ်ားက ပုလဲအတြဲေပါင္း ၁၁၀အား ဝယ္ယူခဲ့ၾကသည္။

ေက်ာက္စိမ္းအတြဲအမွတ္(၁) မွ (၂၅၀)အထိ တင္သြင္းထားသည့္ ေဈးႏႈန္းတင္သြင္းလႊာ မ်ားကိုလည္း လက္ခံထားၿပီး ယေန႔ ဒီဇင္ဘာ ၂၀ ရက္ နံနက္ ၈ နာရီတြင္ ေရာင္းခ်ရသည့္ ေက်ာက္စိမ္းအတြဲမ်ားအား ေၾကညာသြားမည္ျဖစ္သည္။

ျပပြဲတြင္ ေက်ာက္စိမ္းအတြဲေပါင္း ၇၈၀ ကို ခင္းက်င္းျပသေပးလ်က္ရွိရာ ဒီဇင္ဘာ ၂၀ရက္တြင္ ေက်ာက္စိမ္းအတြဲအမွတ္ (၂၅၁) မွ (၅၀၀)အထိကိုလည္းေကာင္း၊ ဒီဇင္ဘာ ၂၁ ရက္တြင္ ေက်ာက္စိမ္း အတြဲအမွတ္ (၅၀၁) မွ (၇၈၀)အထိကိုလည္းေကာင္း အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ျပည္တြင္း/ ျပည္ပရတနာ ကုန္သည္မ်ားကို ဆက္လက္ ေရာင္းခ်ေပးသြားရန္ရွိေနသည္။

ယခုျပပြဲသည္ ႏိုင္ငံျခားေငြျဖင့္ေရာင္းခ်သည့္ ပုလဲအတြဲမ်ားႏွင့္ ေက်ာက္စိမ္းအတြဲမ်ားျပပြဲျဖစ္ကာ ဒီဇင္ဘာ၁၇ရက္ကစၿပီး ေနျပည္ေတာ္ရွိ မဏိရတနာ ေက်ာက္စိမ္းခန္းမ၌ က်င္းပျပဳလုပ္လ်က္ရွိေနသည္။

ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲမ်ားကို ၁၉၆၄ ခုႏွစ္က စတင္က်င္းပခဲ့ၿပီး ႏိုင္ငံျခားေငြျဖင့္ ေရာင္းခ်သည့္ ျပပြဲ ၉၅ ပြဲ၊ ျမန္မာက်ပ္ေငြျဖင့္ ေရာင္းခ်သည့္ ျပပြဲ ၁၉ ပြဲ က်င္းပျပဳလုပ္ခဲ့ၿပီးျဖစ္သည္။

ယခုက်င္းပသည့္ ၂၀၂၁ ခုႏွစ္ ပုလဲအတြဲမ်ားႏွင့္ ေက်ာက္စိမ္းအတြဲမ်ား ျပပြဲသည့္ ႏိုင္ငံျခားေငြျဖင့္ ေရာင္းခ်သည့္ ၉၆ ပြဲေျမာက္ျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here