နေပြည်တော်ရှိ Ms. Christine Schraner Burgener ၏ရုံးခန်းအား ဆက်လက်ထားရှိခြင်းမပြုရန် ဆုံးဖြတ်ကြောင်း နစကထုတ်ပြန်

0
257

(Unicode)

နေပြည်တော်ရှိ Ms. Christine Schraner Burgener ၏ရုံးခန်းအား ဆက်လက်ထားရှိခြင်းမပြုရန် ဆုံးဖြတ်ကြောင်း နစကထုတ်ပြန်

မြန်မာနိုင်ငံနေပြည်တော်တွင်၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်ကစပြီး စတင်ဖွင့်လှစ်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ၏ရုံးခန်းကို နေပြည်တော်တွင် ဆက်လက်ထားရှိခြင်းမပြုရန် ဆုံးဖြတ်ကြောင်းကို နစက နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ကုလသမဂ္ဂဘက်သို့ ဒီဇင်ဘာ ၂၀ ရက်တွင် အကြောင်း ကြားထားရှိပြီးဖြစ်ကြောင်း နစကက ထုတ်ပြန်သည်။

ကုလသမဂ္ဂ၏ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်စွဲပါ သတင်း ထုတ်ပြန်ချက်အရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ခန့်အပ်ကြောင်းနှင့် Ms. Christine Schraner Burgener ၏ နေရာတွင်ဆက်ခံမည်ဖြစ်ကြောင်းသိရသည်။ ယခုအခါ Ms. Christine Schraner Burgener ၏တာဝန် ပြီးဆုံးပြီဖြစ်ကြောင်း သိရသဖြင့် ၎င်း၏ရုံးခန်းကို မြန်မာနိုင်ငံ၌ ဆက်လက်ထားရှိခြင်းမပြုရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်ကိုတွေ့ရသည်။

နစက၏ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်ချမှတ်သည့် အဆိုဆုံးဖြတ် ချက်များမှ ထွက်ပေါ်သည့် လုပ်ပိုင်ခွင့်များကို အစဉ်တစိုက် ဆန့်ကျင် ကန့်ကွက်ခဲ့သော်လည်း ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြသသည့်အနေဖြင့် Ms. Christine Schraner Burgener နှင့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၎င်း၏ ရုံးခန်း ကို မြန်မာနိုင်ငံ၌ ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

(Zawgyi)

ေနျပည္ေတာ္ရွိ Ms. Christine Schraner Burgener ၏႐ုံးခန္းအား ဆက္လက္ထားရွိျခင္းမျပဳရန္ ဆုံးျဖတ္ေၾကာင္း နစကထုတ္ျပန္

ျမန္မာႏိုင္ငံေနျပည္ေတာ္တြင္၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၁၇ ရက္ကစၿပီး စတင္ဖြင့္လွစ္ခဲ့သည့္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Ms. Christine Schraner Burgener ၏႐ုံးခန္းကို ေနျပည္ေတာ္တြင္ ဆက္လက္ထားရွိျခင္းမျပဳရန္ ဆုံးျဖတ္ေၾကာင္းကို နစက ႏိုင္ငံျခားေရးဝန္ႀကီး ဌာနမွ ကုလသမဂၢဘက္သို႔ ဒီဇင္ဘာ ၂၀ ရက္တြင္ အေၾကာင္း ၾကားထားရွိၿပီးျဖစ္ေၾကာင္း နစကက ထုတ္ျပန္သည္။

ကုလသမဂၢ၏ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာ ၂၅ ရက္စြဲပါ သတင္း ထုတ္ျပန္ခ်က္အရ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ျမန္မာႏိုင္ငံ ဆိုင္ရာ အထူးကိုယ္စားလွယ္သစ္ ခန႔္အပ္ေၾကာင္းႏွင့္ Ms. Christine Schraner Burgener ၏ ေနရာတြင္ဆက္ခံမည္ျဖစ္ေၾကာင္းသိရသည္။ ယခုအခါ Ms. Christine Schraner Burgener ၏တာဝန္ ၿပီးဆုံးၿပီျဖစ္ေၾကာင္း သိရသျဖင့္ ၎၏႐ုံးခန္းကို ျမန္မာႏိုင္ငံ၌ ဆက္လက္ထားရွိျခင္းမျပဳရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္ဟု ထုတ္ျပန္ခ်က္ထဲ ေဖာ္ျပထားသည္ကိုေတြ႕ရသည္။

နစက၏ထုတ္ျပန္ခ်က္ထဲတြင္ ျမန္မာႏိုင္ငံ အေနျဖင့္ ႏိုင္ငံတစ္ႏိုင္ငံအေပၚ ဦးတည္ခ်မွတ္သည့္ အဆိုဆုံးျဖတ္ ခ်က္မ်ားမွ ထြက္ေပၚသည့္ လုပ္ပိုင္ခြင့္မ်ားကို အစဥ္တစိုက္ ဆန႔္က်င္ ကန႔္ကြက္ခဲ့ေသာ္လည္း ကုလသမဂၢႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈကို ျပသသည့္အေနျဖင့္ Ms. Christine Schraner Burgener ႏွင့္ ကိစၥရပ္တစ္ခုခ်င္းစီအလိုက္ ပူးေပါင္းေဆာင္႐ြက္ခဲ့ၿပီး ၎၏ ႐ုံးခန္း ကို ျမန္မာႏိုင္ငံ၌ ဖြင့္လွစ္ခြင့္ျပဳခဲ့ျခင္းျဖစ္သည္ဟု ဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here