မူဆယ်မြို့လယ်မှာ သေနတ်ပစ်ဖောက်ပြီး ငွေလဲနေသူတွေဆီက ပိုက်ဆံလုယူ

0
82

(Unicode)

မူဆယ်မြို့လယ်မှာ သေနတ်ပစ်ဖောက်ပြီး ငွေလဲနေသူတွေဆီက ပိုက်ဆံလုယူ

Photo _ CJ

ရှမ်း(မြောက်) မူဆယ်မြို့လည် မူဆယ်စျေးနားနဲ့ နာရီစင်အနီးမှာ ဒီဇင်ဘာ ၂၀ ရက်ည ၆ နာရီခွဲလောက်က ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ မူဆယ်မြို့လူမှုကူညီရေးအသင်းတွေက သိရပါတယ်။

ပိုက်ဆံလုယက်သူတွေဟာ Alphard ကားသုံးစီးနဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ သေနတ်ပစ်ဖောက်ပြီး နာရီစင်နားမှာငွေလဲနေတဲ့အမျိုးသမီးတွေဆီက ငွေထုတ် ၂ ထုတ်ကိုလုယူကာ ကားပေါ်တက်ပြီးမောင်းနှင်ထွက်ပြေးသွားခဲ့ကြပါတယ်။

“သူတိုက သေနတ်နဲ့ပစ်ပြီး ဝင်လုတာဖြစ်တဲ့အ တွက် သေနတ်ပစ်တဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်တော့ ဒဏ်ရာရသွားတယ် သူ့ကိုတော့ ဆေးရုံပို့ထားပါတယ် စိုးရိမ်ရတဲ့အနေအထားတော့မရှိတော့ပါဘူး”လိုမူဆယ်မြိုက လူမှုကူညီရေးအသင်းဝင်တစ်ယောက်ကပြောပါတယ်။

လုယက်မှုဖြစ်တဲ့နေရာဟာ လုံခြုံရေးအဖွဲ့ဝင်တွေရှိတဲ့နေရာနဲ့နီးတာကြောင့် လုယက်သူတွေကိုချင်ခြင်းလိုက်လံရှာဖွေတာတွေ ပတ်ဝန်းကျင်ကိုစစ်ဆေးတာတွေလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Photo _ CJ

(Zawgyi)


ရှမ်း(မြောက်) မူဆယ်မြို့လည် မူဆယ်ဈေးနားနဲ့ နာရီစင်အနီးမှာ ဒီဇင်ဘာ ၂၀ ရက်ည ၆ နာရီခွဲလောက်က ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ မူဆယ်မြို့လူမှုကူညီရေးအသင်းတွေက သိရပါတယ်။




Photo _ CJ


LEAVE A REPLY

Please enter your comment!
Please enter your name here