နေအိမ်၊တိုက်ခန်းနဲ့နေရာအသီးသီးမှာ တရားမဝင်လက်နက်ခဲယမ်း၊မိုင်း၊ဆက်သွယ်ရေးပစ္စည်းနဲ့ဆက်စပ်ပစ္စည်းတွေကို ဒီဇင်ဘာ ၃၁ ရက်နောက် ဆုံးထားအပ်နှံရမည်ဟု နစက ထုတ်ပြန်

0
125

(Unicode)

နေအိမ်၊တိုက်ခန်းနဲ့နေရာအသီးသီးမှာ တရားမဝင်လက်နက်ခဲယမ်း၊မိုင်း၊ဆက်သွယ်ရေးပစ္စည်းနဲ့ဆက်စပ်ပစ္စည်းတွေကို ဒီဇင်ဘာ ၃၁ ရက်နောက် ဆုံးထားအပ်နှံရမည်ဟု နစက ထုတ်ပြန်

မသက်ဆိုင်သူများကို မလိုလားအပ်သော တရားဥပဒေရင်ဆိုင်မှုများ မရှိစေရန် အလိုငှာဆိုပြီး နစက အစိုးရကနေ လက်လုပ်မိုင်း၊ဆက်စပ်ပစ္စည်းများ၊လက်နက်ခဲယမ်းများအပါအဝင် မူးယစ်ဆေးဝါးများကို မိမိတိုရဲ့ နေအိမ်တိုက်ခန်းတွေမှာ သိမ်းဆည်းမထားပေးကြဖို့နဲ့ အခုလ(၃၁)ရက်နေ့နောက်ဆုံးထားပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများနဲ့လုံခြုံရေးတပ်ဖွဲများထံ အပ်နှံပေးကြဖို့ ထုတ်ပြန်အသိပေးလိုက်ပါတယ်။ထုတ်ပြန်ချက် အပြည့်အစုံမှာ _

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က အကြမ်း ဖက်အဖွဲအစည်းအဖြစ်ထုတ်ပြန်ကြေညာခဲ့တဲ့ NUG, CRPH နဲ့လက်ဝေခံ PDF အဖွဲ့တွေရဲ့ တရား မဝင်လက်နက်ခဲယမ်းတွေ၊မိုင်း၊ဆက်သွယ်ရေးပစ္စည်းတွေနဲ့ဆက်စပ်ပစ္စည်းတွေအပြင် လက် လုပ်သေနတ်၊ယမ်း၊မိုင်းနဲ့ဆက်စပ်ပစ္စည်းတွေကို လက်ဝယ်ကိုင်ဆောင်အကြမ်းဖက်မှုအပေါ်နဲ့ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့ကလည်း နိုင်ငံရေး၊စစ်ရေးအမြတ်ထုတ်ဖို့အတွက် ပြည်တွင်းကိုနည်းမျိုးစုံနဲ့ပို့ဆောင်နေတဲ့ လက်နက်ခဲယမ်း၊မိုင်း၊ဆက်သွယ်ရေးပစ္စည်းတွေနဲ့ဆက်စပ်ပစ္စည်းတွေကို နေ့စဉ်နဲ့အမျှ ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသလို နည်းမျိုးစုံနဲ့လက်ဝယ်ကိုင်ဆောင်သူ အကြမ်းဖက်သမားတွေဆီကလည်း ဖော်ထုတ်ဖမ်းဆီးသိမ်းဆည်းရမိလျက်ရှိတယ်လို့ နစက ကထုတ်ပြန်ခဲ့သည်။

၎င်းအပြင် တစ်ချို့သောအကြမ်းဖက်သမားတွေက နိုင်ငံသူ၊နိုင်ငံသားတွေရဲ့ မသိနားမလည်မှု၊ရိုး သားမှုအပေါ် အခွင့်ကောင်းယူပြီး မိမိတို့ရဲ့ တ ရားမဝင်လက်နက်ခဲယမ်း၊မိုင်း၊ဆက်သွယ်ရေးပစ္စည်းတွေနဲ့ဆက်စပ်ပစ္စည်းတွေအပြင် တားမြစ်ပစ္စည်းတွေကိုလည်း နည်းအမျိုးမျိုးအသွင်အ မျိုးမျိုးနဲ့ အပ်နှံသိမ်းဆည်းစေမှုတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိပါတယ် လို့ထုတ်ပြန်ရေးသားထားသည်။

သိုဖြစ်တာကြောင့် အကြမ်းဖက်သမားတွေနဲ့မသက်ဆိုင်သူတွေကို မလိုလားအပ်သည့် တရားဥပဒေရင်ဆိုင်မှုတွေမရှိစေရေးအတွက် ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထားပြီး နိုင်ငံသူ၊နိုင်ငံသားအားလုံးသည် အကြောင်းအမျိုးမျိုးနဲ့ နည်းမျိုးစုံနဲ့ မိမိတို့နေအိမ်၊တိုက်ခန်းနဲ့နေရာအ သီးသီးမှာ တရားမဝင် လက်နက်ခဲယမ်း၊မိုင်း၊ဆက်သွယ်ရေးပစ္စည်းတွေနဲ့ဆက်စပ်ပစ္စည်းတွေအပါအဝင် နိုင်ငံတော်က ဥပဒေအရတားမြစ်ပြဌာန်းထားတဲ့ မူးယစ်ဆေးဝါးတွေ လက်ဝယ်ကိုရောက်ရှိသိမ်းဆည်းထားတာရှိရင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေ နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီကို လာရောက်အပ်နှံကြဖို့နဲ့သတ်မှတ်ရက်ကျော်လွန်ပြီးစစ်ဆေးတွေ့ရှိရင် တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမှာဖြစ်တယ်လို့ နစက ကထုတ်ပြန်ကြေညာခဲ့သည်။

(Zawgyi)

ေနအိမ္၊တိုက္ခန္းနဲ႔ေနရာအသီးသီးမွာ တရားမဝင္လက္နက္ခဲယမ္း၊မိုင္း၊ဆက္သြယ္ေရးပစၥည္းနဲ႔ဆက္စပ္ပစၥည္းေတြကို ဒီဇင္ဘာ ၃၁ ရက္ေနာက္ ဆုံးထားအပ္ႏွံရမည္ဟု နစက ထုတ္ျပန္

မသက္ဆိုင္သူမ်ားကို မလိုလားအပ္ေသာ တရားဥပေဒရင္ဆိုင္မႈမ်ား မရွိေစရန္ အလိုငွာဆိုၿပီး နစက အစိုးရကေန လက္လုပ္မိုင္း၊ဆက္စပ္ပစၥည္းမ်ား၊လက္နက္ခဲယမ္းမ်ားအပါအဝင္ မူးယစ္ေဆးဝါးမ်ားကို မိမိတိုရဲ႕ ေနအိမ္တိုက္ခန္းေတြမွာ သိမ္းဆည္းမထားေပးၾကဖို႔နဲ႔ အခုလ(၃၁)ရက္ေန႔ေနာက္ဆုံးထားၿပီး ရပ္/ေက်းအုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ားနဲ႔လုံၿခဳံေရးတပ္ဖြဲမ်ားထံ အပ္ႏွံေပးၾကဖို႔ ထုတ္ျပန္အသိေပးလိုက္ပါတယ္။ထုတ္ျပန္ခ်က္ အျပည့္အစုံမွာ _

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္က အၾကမ္း ဖက္အဖြဲအစည္းအျဖစ္ထုတ္ျပန္ေၾကညာခဲ့တဲ့ NUG, CRPH နဲ႔လက္ေဝခံ PDF အဖြဲ႕ေတြရဲ႕ တရား မဝင္လက္နက္ခဲယမ္းေတြ၊မိုင္း၊ဆက္သြယ္ေရးပစၥည္းေတြနဲ႔ဆက္စပ္ပစၥည္းေတြအျပင္ လက္ လုပ္ေသနတ္၊ယမ္း၊မိုင္းနဲ႔ဆက္စပ္ပစၥည္းေတြကို လက္ဝယ္ကိုင္ေဆာင္အၾကမ္းဖက္မႈအေပၚနဲ႔ နယ္စပ္ေဒသေတြမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းတစ္ခ်ိဳ႕ကလည္း ႏိုင္ငံေရး၊စစ္ေရးအျမတ္ထုတ္ဖို႔အတြက္ ျပည္တြင္းကိုနည္းမ်ိဳးစုံနဲ႔ပို႔ေဆာင္ေနတဲ့ လက္နက္ခဲယမ္း၊မိုင္း၊ဆက္သြယ္ေရးပစၥည္းေတြနဲ႔ဆက္စပ္ပစၥည္းေတြကို ေန႔စဥ္နဲ႔အမွ် ေဖာ္ထုတ္ဖမ္းဆီးရမိလ်က္ရွိသလို နည္းမ်ိဳးစုံနဲ႔လက္ဝယ္ကိုင္ေဆာင္သူ အၾကမ္းဖက္သမားေတြဆီကလည္း ေဖာ္ထုတ္ဖမ္းဆီးသိမ္းဆည္းရမိလ်က္ရွိတယ္လို႔ နစက ကထုတ္ျပန္ခဲ့သည္။

၎အျပင္ တစ္ခ်ိဳ႕ေသာအၾကမ္းဖက္သမားေတြက ႏိုင္ငံသူ၊ႏိုင္ငံသားေတြရဲ႕ မသိနားမလည္မႈ၊႐ိုး သားမႈအေပၚ အခြင့္ေကာင္းယူၿပီး မိမိတို႔ရဲ႕ တ ရားမဝင္လက္နက္ခဲယမ္း၊မိုင္း၊ဆက္သြယ္ေရးပစၥည္းေတြနဲ႔ဆက္စပ္ပစၥည္းေတြအျပင္ တားျမစ္ပစၥည္းေတြကိုလည္း နည္းအမ်ိဳးမ်ိဳးအသြင္အ မ်ိဳးမ်ိဳးနဲ႔ အပ္ႏွံသိမ္းဆည္းေစမႈေတြကိုလည္း ေဖာ္ထုတ္ဖမ္းဆီးရမိလ်က္ရွိပါတယ္ လို႔ထုတ္ျပန္ေရးသားထားသည္။

သိုျဖစ္တာေၾကာင့္ အၾကမ္းဖက္သမားေတြနဲ႔မသက္ဆိုင္သူေတြကို မလိုလားအပ္သည့္ တရားဥပေဒရင္ဆိုင္မႈေတြမရွိေစေရးအတြက္ ၂၀၂၁ ခုႏွစ္၊ဒီဇင္ဘာ ၃၁ ရက္ေနာက္ဆုံးထားၿပီး ႏိုင္ငံသူ၊ႏိုင္ငံသားအားလုံးသည္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ နည္းမ်ိဳးစုံနဲ႔ မိမိတို႔ေနအိမ္၊တိုက္ခန္းနဲ႔ေနရာအ သီးသီးမွာ တရားမဝင္ လက္နက္ခဲယမ္း၊မိုင္း၊ဆက္သြယ္ေရးပစၥည္းေတြနဲ႔ဆက္စပ္ပစၥည္းေတြအပါအဝင္ ႏိုင္ငံေတာ္က ဥပေဒအရတားျမစ္ျပဌာန္းထားတဲ့ မူးယစ္ေဆးဝါးေတြ လက္ဝယ္ကိုေရာက္ရွိသိမ္းဆည္းထားတာရွိရင္ သက္ဆိုင္ရာ ရပ္ကြက္၊ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံးေတြ နီးစပ္ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဆီကို လာေရာက္အပ္ႏွံၾကဖို႔နဲ႔သတ္မွတ္ရက္ေက်ာ္လြန္ၿပီးစစ္ေဆးေတြ႕ရွိရင္ တည္ဆဲဥပေဒေတြနဲ႔အညီ အေရးယူခံရမွာျဖစ္တယ္လို႔ နစက ကထုတ္ျပန္ေၾကညာခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here