ဘေဂျင်းက Influencer တစ်ယောက်ကို အခွန်ရှောင်မှုနဲ့ ဒေါ်လာသန်း ၂၁၀ ဒဏ်ရိုက်

0
47

(Unicode)

ဘေဂျင်းက Influencer တစ်ယောက်ကို အခွန်ရှောင်မှုနဲ့ ဒေါ်လာသန်း ၂၁၀ ဒဏ်ရိုက်

Photo credit – MSN

တရုတ်နိုင်ငံမှာ ထင်ရှားတဲ့ အွန်လိုင်း influencer တစ်ယောက်ကို အခွန်တိမ်းရှောင်မှု အတွက် ယွမ် ၁.၃၄ ဘီလီယံ (သို့) အမေရိကန် ဒေါ်လာ သန်း၂၁၀ကျော် ဒဏ်ရိုက်ခဲ့ပါတယ်။

Zhejiang ပြည်နယ်ရှိအခွန်အာဏာပိုင်တွေက Huang Wei ဟာ ၂၀၁၉ခုနှစ်မှ ၂၀၂၀ခုနှစ်ထိ အခွန်ငွေ ဒေါ်လာသန်း၁၀၀ခန့်ပေးဆောင်ခြင်းမှ ရှောင်ကြဉ်ခဲ့တယ်လို့ တနင်္လာနေ့က ပြောပါတယ်။

Huang ဟာ အွန်လိုင်းပေါ်မှာ ကုန်ပစ္စည်းတွေကို တိုက်ရိုက်ရောင်းချခြင်းဖြင့် လူသိများပြီး သူမအကောင့်ကို Follower လုပ်ထားသူ သန်း၉၀ ခန့်ရှိပါတယ်။

အခွန်ရှောင်တာနဲ့ပတ်သက်ပြီး အစိုးရက ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေချိန်မှာ Huang ဟာ နောက်ဆုံးဖမ်းမိတဲ့ အွန်လိုင်းနာမည်ကြီးသူတစ်ယောက်လည်း ဖြစ်ပါတယ်။

အခွန်ရှောင်တဲ့ အခြား influencer ၂ယောက်ကိုတော့ ပြီးခဲ့တဲ့လက ဒဏ်ငွေဒေါ်လာ ၁၄.၅သန်းခန့် ချမှတ်ခဲ့ပါတယ်။

ဘေဂျင်းဟာ ချမ်းသာကြွယ်သူတွေ၊ ဩဇာလွှမ်းမိုးမှုရှိသူတွေနဲ့ အခြားသူတွေကြား ချမ်းသာကြွယ်ဝမှုကွာဟချက်ကို ကျဉ်းမြောင်းစေဖို့အတွက် ယခုလို ပစ်မှတ်ထား လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Source-NHK
Photo credit – MSN

(Zawgyi)

ေဘဂ်င္းက Influencer တစ္ေယာက္ကို အခြန္ေရွာင္မႈနဲ႔ ေဒၚလာသန္း ၂၁၀ ဒဏ္႐ိုက္

တ႐ုတ္ႏိုင္ငံမွာ ထင္ရွားတဲ့ အြန္လိုင္း influencer တစ္ေယာက္ကို အခြန္တိမ္းေရွာင္မႈ အတြက္ ယြမ္ ၁.၃၄ ဘီလီယံ (သို႔) အေမရိကန္ ေဒၚလာ သန္း၂၁၀ေက်ာ္ ဒဏ္႐ိုက္ခဲ့ပါတယ္။

Zhejiang ျပည္နယ္ရွိအခြန္အာဏာပိုင္ေတြက Huang Wei ဟာ ၂၀၁၉ခုႏွစ္မွ ၂၀၂၀ခုႏွစ္ထိ အခြန္ေငြ ေဒၚလာသန္း၁၀၀ခန္႔ေပးေဆာင္ျခင္းမွ ေရွာင္ၾကဥ္ခဲ့တယ္လို႔ တနလၤာေန႔က ေျပာပါတယ္။

Huang ဟာ အြန္လိုင္းေပၚမွာ ကုန္ပစၥည္းေတြကို တိုက္႐ိုက္ေရာင္းခ်ျခင္းျဖင့္ လူသိမ်ားၿပီး သူမအေကာင့္ကို Follower လုပ္ထားသူ သန္း၉၀ ခန္႔ရွိပါတယ္။

အခြန္ေရွာင္တာနဲ႔ပတ္သက္ၿပီး အစိုးရက က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ေဆာင္ေနခ်ိန္မွာ Huang ဟာ ေနာက္ဆုံးဖမ္းမိတဲ့ အြန္လိုင္းနာမည္ႀကီးသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

အခြန္ေရွာင္တဲ့ အျခား influencer ၂ေယာက္ကိုေတာ့ ၿပီးခဲ့တဲ့လက ဒဏ္ေငြေဒၚလာ ၁၄.၅သန္းခန္႔ ခ်မွတ္ခဲ့ပါတယ္။

ေဘဂ်င္းဟာ ခ်မ္းသာႂကြယ္သူေတြ၊ ဩဇာလႊမ္းမိုးမႈရွိသူေတြနဲ႔ အျခားသူေတြၾကား ခ်မ္းသာႂကြယ္ဝမႈကြာဟခ်က္ကို က်ဥ္းေျမာင္းေစဖို႔အတြက္ ယခုလို ပစ္မွတ္ထား လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။

Source-NHK
Photo credit – MSN


LEAVE A REPLY

Please enter your comment!
Please enter your name here