ကျောက်မျက်ပြပွဲအတွင်း ကျောက်စိမ်းအတွဲပေါင်း ၂၀၀နီးပါး ရောင်းချထားပြီးဖြစ်

0
334

(Unicode)

ကျောက်မျက်ပြပွဲအတွင်း ကျောက်စိမ်းအတွဲပေါင်း ၂၀၀နီးပါး ရောင်းချထားပြီးဖြစ်

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ကျင်းပနေသည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) တွင် ကျောက်စိမ်းအတွဲ အမှတ် ( ၁ မှ ၂၅၀ ) အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့မှုမှ ကျောက်စိမ်းအတွဲပေါင်း ၁၉၉ တွဲ ရောင်းချနိုင်ခဲ့ ကြောင်း ပြပွဲကျင်းပရေးအဖွဲက ကြေညာသည်။

ကျောက်စိမ်းအတွဲ ၁၉၉ တွဲ ရောင်းချနိုင်ခဲ့မှုသည် ပြပွဲတတိယနေ့ ရောင်းချနိုင်ခဲ့ခြင်းဖြစ်ပြီး စတုတ္ထနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၂၅၁) မှ (၅၀၀)အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့မှုကို ယနေ့ ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်း အတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀ ကို ဒီဇင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ပြည်တွင်း/ ပြည်ပရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲ ပေါင်း ၃၃၀ ရောင်းချပေးနိုင်ခဲ့ပြီးယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်းအတွဲ (၅၀၁) မှ (၇၈၀) အထိ ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ပြပွဲ ၉၅ ပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲ ၁၉ ပွဲ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုကျင်းပသည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲသည် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ၉၆ ပွဲမြောက်ဖြစ်ကြောင်း သိရသည်။

ယခုပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ (၁) ထောင်ဖြစ်ပြီး ကျောက်စိမ်းအတွဲများ အတွက် သတ်မှတ်ထားသည့် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရိုငွေ (၅) ထောင်ဖြစ်သည်။ ပုလဲအတွဲများကို ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တိုတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲများကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ခင်းကျင်းပြသသွားမည် ဖြစ်ကာ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း/ ပြည်ပ ရတနာကုန်သည်များကို ရောင်းချပေးသွားမည်ဟု သိရှိရသည်။

(Zawgyi)

ေက်ာက္မ်က္ျပပြဲအတြင္း ေက်ာက္စိမ္းအတြဲေပါင္း ၂၀၀နီးပါး ေရာင္းခ်ထားၿပီးျဖစ္

ေနျပည္ေတာ္ရွိ မဏိရတနာေက်ာက္စိမ္းခန္းမအတြင္း က်င္းပေနသည့္ ၂၀၂၁ ခုႏွစ္ ပုလဲအတြဲမ်ားႏွင့္ ေက်ာက္စိမ္းအတြဲမ်ားျပပြဲ (Mini Gems Emporium) တြင္ ေက်ာက္စိမ္းအတြဲ အမွတ္ ( ၁ မွ ၂၅၀ ) အထိ အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်ေပးခဲ့မႈမွ ေက်ာက္စိမ္းအတြဲေပါင္း ၁၉၉ တြဲ ေရာင္းခ်ႏိုင္ခဲ့ ေၾကာင္း ျပပြဲက်င္းပေရးအဖြဲက ေၾကညာသည္။

ေက်ာက္စိမ္းအတြဲ ၁၉၉ တြဲ ေရာင္းခ်ႏိုင္ခဲ့မႈသည္ ျပပြဲတတိယေန႔ ေရာင္းခ်ႏိုင္ခဲ့ျခင္းျဖစ္ၿပီး စတုတၳေန႔တြင္ ေက်ာက္စိမ္းအတြဲအမွတ္ (၂၅၁) မွ (၅၀၀)အထိ အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်ေပးခဲ့မႈကို ယေန႔ ဒီဇင္ဘာ ၂၁ ရက္ နံနက္ ၁၁ နာရီတြင္ ေရာင္းခ်ရသည့္ ေက်ာက္စိမ္း အတြဲမ်ားအား ေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျပပြဲတြင္ ပုလဲအတြဲေပါင္း ၃၃၀ ကို ဒီဇင္ဘာ ၁၈ ရက္မွ ၁၉ ရက္အထိ ျပည္တြင္း/ ျပည္ပရတနာကုန္သည္မ်ားကို အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်ေပးခဲ့ရာ ပုလဲအတြဲ ေပါင္း ၃၃၀ ေရာင္းခ်ေပးႏိုင္ခဲ့ၿပီးယေန႔ ဒီဇင္ဘာ ၂၁ ရက္တြင္ ေက်ာက္စိမ္းအတြဲ (၅၀၁) မွ (၇၈၀) အထိ ဆက္လက္ေရာင္းခ်ေပးသြားမည္ ျဖစ္ေၾကာင္းသိရသည္။

ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲမ်ားကို ၁၉၆၄ ခုႏွစ္က စတင္က်င္းပခဲ့ၿပီး ႏိုင္ငံျခားေငြျဖင့္ ေရာင္းခ်သည့္ ျပပြဲ ၉၅ ပြဲ၊ ျမန္မာက်ပ္ေငြျဖင့္ ေရာင္းခ်သည့္ ျပပြဲ ၁၉ ပြဲ က်င္းပျပဳလုပ္ခဲ့ၿပီးျဖစ္သည္။

ယခုက်င္းပသည့္ ၂၀၂၁ ခုႏွစ္ ပုလဲအတြဲမ်ားႏွင့္ ေက်ာက္စိမ္းအတြဲမ်ား ျပပြဲသည္ ႏိုင္ငံျခားေငြျဖင့္ ေရာင္းခ်သည့္ ၉၆ ပြဲေျမာက္ျဖစ္ေၾကာင္း သိရသည္။

ယခုျပပြဲတြင္ေရာင္းခ်မည့္ ပုလဲအတြဲမ်ားအတြက္ အနိမ့္ဆုံးအေျခခံေဈးမွာ အေမရိကန္ေဒၚလာ (၁) ေထာင္ျဖစ္ၿပီး ေက်ာက္စိမ္းအတြဲမ်ား အတြက္ သတ္မွတ္ထားသည့္ အနိမ့္ဆုံးအေျခခံေဈးမွာ ယူ႐ိုေငြ (၅) ေထာင္ျဖစ္သည္။ ပုလဲအတြဲမ်ားကို ဒီဇင္ဘာ ၁၈ ရက္ႏွင့္ ၁၉ ရက္တိုတြင္ အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်ေပးခဲ့ၿပီး ေက်ာက္စိမ္းအတြဲမ်ားကို ဒီဇင္ဘာ ၁၇ ရက္မွ ၁၉ ရက္ေန႔အထိ ခင္းက်င္းျပသသြားမည္ ျဖစ္ကာ ဒီဇင္ဘာ ၂၀ ရက္မွ ၂၂ ရက္အထိ အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ျပည္တြင္း/ ျပည္ပ ရတနာကုန္သည္မ်ားကို ေရာင္းခ်ေပးသြားမည္ဟု သိရွိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here