၂၀၁၉ ခုနှစ် ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသောကုမ္ပဏီ ၃၅၀ကျော် ရက်(၃၀)အတွင်းစာရင်းရှင်းဖို့ ဗဟိုဘဏ်စာထုတ်သတိပေး

0
216

(Unicode)

၂၀၁၉ ခုနှစ် ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသောကုမ္ပဏီ ၃၅၀ကျော် ရက်(၃၀)အတွင်းစာရင်းရှင်းဖို့ ဗဟိုဘဏ်စာထုတ်သတိပေး

၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ များအနေဖြင့် စာရင်းရှင်းလင်းရန် ရက်ပေါင်း (၃၀) သတ်မှတ်ထားပြီး အဆိုပါသတ်မှတ်ကာလ ကုန်ဆုံးသည်အထိ စာရင်း ရှင်းလင်းခြင်းမရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်/ သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာလ ၂၀ရက်တွင် သတိပေးစာထုတ်ခဲ့သည်။

စာရင်းရှင်းလင်းရမည့် ကုမ္ပဏီအရေအတွက်သည် ၃၅၆ခုရှိပြီး ရှင်းလင်းရမည့် အမေရိကန်ဒေါ်လာအရေအတွက်က အမေရိကန်ဒေါ်လာ ၁၅၇သန်းကျော်ရှိနေသည်ဟု ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရသိရသည်။

ကုမ္ပဏီ၃၅၀ကျော်ထဲ အချို့သော ကုမ္ပဏီတို့သည့် အမေရိကန်ဒေါ်လာ ၈သန်းကျော်၊၅သန်းကျော် စသည်အထိ ရှင်းလင်းရမည့် ကုမ္ပဏီများကို လည်းတွေ့ရှိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ ပို့ကုန်ရငွေများအား မိမိပို့ကုန်ရငွေ ဝင်ရောက်ခဲ့သည့် ဘဏ်များနှင့် ဆက်သွယ်စာရင်းရှင်းလင်းရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှတစ်ဆင့် ဆက်သွယ် အကြောင်းကြားထားပြီးဖြစ်သည်ဟုသိရသည်။

ဘဏ်များနှင့် ဆက်သွယ်စာရင်း ရှင်းလင်းရန် ကျန်ရှိသည့် ကုမ္ပဏီများ၏ အသေးစိတ် စာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website တွင်လည်း ဖော်ပြထားသည်။

(Zawgyi)

၂၀၁၉ ခုႏွစ္ ပို႔ကုန္ရေငြျပန္လည္ဝင္ေရာက္ရန္ က်န္ရွိေသာကုမၸဏီ ၃၅၀ေက်ာ္ ရက္(၃၀)အတြင္းစာရင္းရွင္းဖို႔ ဗဟိုဘဏ္စာထုတ္သတိေပး

၂၀၁၉ ခုႏွစ္အတြင္း ပို႔ကုန္တင္ပို႔ခဲ့ၿပီး ပို႔ကုန္ရေငြ ျပန္လည္ဝင္ေရာက္ရန္ က်န္ရွိသည့္ ကုမၸဏီ မ်ားအေနျဖင့္ စာရင္းရွင္းလင္းရန္ ရက္ေပါင္း (၃၀) သတ္မွတ္ထားၿပီး အဆိုပါသတ္မွတ္ကာလ ကုန္ဆုံးသည္အထိ စာရင္း ရွင္းလင္းျခင္းမရွိပါက စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ပို႔ကုန္/ သြင္းကုန္ဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားအရလည္းေကာင္း၊ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒပါ ျပ႒ာန္းခ်က္မ်ားအရလည္းေကာင္း ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ဒီဇင္ဘာလ ၂၀ရက္တြင္ သတိေပးစာထုတ္ခဲ့သည္။

စာရင္းရွင္းလင္းရမည့္ ကုမၸဏီအေရအတြက္သည္ ၃၅၆ခုရွိၿပီး ရွင္းလင္းရမည့္ အေမရိကန္ေဒၚလာအေရအတြက္က အေမရိကန္ေဒၚလာ ၁၅၇သန္းေက်ာ္ရွိေနသည္ဟု ဗဟိုဘဏ္၏ထုတ္ျပန္ခ်က္အရသိရသည္။

ကုမၸဏီ၃၅၀ေက်ာ္ထဲ အခ်ိဳ႕ေသာ ကုမၸဏီတို႔သည့္ အေမရိကန္ေဒၚလာ ၈သန္းေက်ာ္၊၅သန္းေက်ာ္ စသည္အထိ ရွင္းလင္းရမည့္ ကုမၸဏီမ်ားကို လည္းေတြ႕ရွိရသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ ၂၀၁၉ ခုႏွစ္အတြင္း ပို႔ကုန္တင္ပို႔ခဲ့ၿပီး ပို႔ကုန္ရေငြ ျပန္လည္ဝင္ေရာက္ရန္ က်န္ရွိသည့္ ကုမၸဏီမ်ားအေနျဖင့္ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒအရ ပို႔ကုန္ရေငြမ်ားအား မိမိပို႔ကုန္ရေငြ ဝင္ေရာက္ခဲ့သည့္ ဘဏ္မ်ားႏွင့္ ဆက္သြယ္စာရင္းရွင္းလင္းရန္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) မွတစ္ဆင့္ ဆက္သြယ္ အေၾကာင္းၾကားထားၿပီးျဖစ္သည္ဟုသိရသည္။

ဘဏ္မ်ားႏွင့္ ဆက္သြယ္စာရင္း ရွင္းလင္းရန္ က်န္ရွိသည့္ ကုမၸဏီမ်ား၏ အေသးစိတ္ စာရင္းကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ Website တြင္လည္း ေဖာ္ျပထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here