မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံထောင်(၂)နှစ်ချမှတ်ခံရ

0
104

(Unicode)

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံထောင်(၂)နှစ်ချမှတ်ခံရ

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအား ကျိုက်မရောအထူးတရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် အလုပ်နှင့်ထောင်ဒဏ်(၂)နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်ဟု ဒေါက်တာအေးဇံနှင့် နီးစပ်သည့်အသိုင်းအဝိုင်းကသိရသည်။

“ဒီဇင်ဘာလ ၂၀ရက်က အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ဆရာက ကျိုက်မရော အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာ ဖေဖော်ဝါရီလထဲက အခု ထောင်၂နှစ်အမိန့်ချလိုက်တာပေါ့”လို့ နီးစပ်သူက ပြောသည်။

ဝန်ထမ်းများအား CDM လှုပ်ရှားသူထဲ ပါဝင်ရန် လှုံဆော်သည်ဟုဆိုပြီး ၅၀၅(ခ)ဖြင့် အမှုဖွင့်ခဲ့သည်။

 အဆိုပါအမှုကို စစ်ဆေးပြီး အပြီးသတ်အမိန့်ချလိုက်သည်။

ဒေါက်တာအေးဇံကို ၂၀၂၁ ဧပြီ ၇ရက် က အဂတိအမှုများဖြင့်ပါ တရားစွဲဆိုထားရာ ယင်းအမှုများကိုပါ ရင်ဆိုင်နေရသည်။

တိုင်း၊ပြည်နယ်ဝန်ကြီးချုပ်ဟောင်းများအနက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာမြင့်နိုင်ကို ယခုရက်ထဲမှာပင် ၅၀၅(ခ)ဖြင့် ထောင် ၂နှစ်ချမှတ်ခဲ့ပြီးဖြစ်သလို မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်၊ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါ်နန်းခင်ထွေမြင့်၊မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ တနင်္သာရီဝန်ကြီးချုပ်ဟောင်းဦးမြင့်မောင် စသည်တို့သည်လည်း စွဲဆိုခံထားရသည့် အမှုများအရ ထောင်ဒဏ်များ အသီးသီးကျခံနေကြသည်။

(Zawgyi)

မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေအးဇံေထာင္(၂)ႏွစ္ခ်မွတ္ခံရ

မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေအးဇံအား က်ိဳက္မေရာအထူးတရား႐ုံးက ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅ (ခ)ျဖင့္ အလုပ္ႏွင့္ေထာင္ဒဏ္(၂)ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္လိုက္သည္ဟု ေဒါက္တာေအးဇံႏွင့္ နီးစပ္သည့္အသိုင္းအဝိုင္းကသိရသည္။

“ဒီဇင္ဘာလ ၂၀ရက္က အမိန႔္ခ်လိုက္တယ္လို႔ သိရပါတယ္။ဆရာက က်ိဳက္မေရာ အက်ဥ္းေထာင္မွာ ထိန္းသိမ္းခံထားရတာ ေဖေဖာ္ဝါရီလထဲက အခု ေထာင္၂ႏွစ္အမိန႔္ခ်လိုက္တာေပါ့”လို႔ နီးစပ္သူက ေျပာသည္။

ဝန္ထမ္းမ်ားအား CDM လႈပ္ရွားသူထဲ ပါဝင္ရန္ လႈံေဆာ္သည္ဟုဆိုၿပီး ၅၀၅(ခ)ျဖင့္ အမႈဖြင့္ခဲ့သည္။

 အဆိုပါအမႈကို စစ္ေဆးၿပီး အၿပီးသတ္အမိန႔္ခ်လိုက္သည္။

ေဒါက္တာေအးဇံကို ၂၀၂၁ ဧၿပီ ၇ရက္ က အဂတိအမႈမ်ားျဖင့္ပါ တရားစြဲဆိုထားရာ ယင္းအမႈမ်ားကိုပါ ရင္ဆိုင္ေနရသည္။

တိုင္း၊ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းမ်ားအနက္ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာျမင့္ႏိုင္ကို ယခုရက္ထဲမွာပင္ ၅၀၅(ခ)ျဖင့္ ေထာင္ ၂ႏွစ္ခ်မွတ္ခဲ့ၿပီးျဖစ္သလို မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာေဇာ္ျမင့္ေမာင္၊ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းေဒၚနန္းခင္ေထြျမင့္၊မေကြးတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိဳ၊ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းဦးညီပု၊ တနသၤာရီဝန္ႀကီးခ်ဳပ္ေဟာင္းဦးျမင့္ေမာင္ စသည္တို႔သည္လည္း စြဲဆိုခံထားရသည့္ အမႈမ်ားအရ ေထာင္ဒဏ္မ်ား အသီးသီးက်ခံေနၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here