မလေးရှားထိန်းသိမ်းရေးစခန်းအတွင်း ထိန်းသိမ်းခံထားရသည့် မြန်မာများအား အားပေးစကားသွားပြော

0
266

(Unicode)

မလေးရှားထိန်းသိမ်းရေးစခန်းအတွင်း ထိန်းသိမ်းခံထားရသည့် မြန်မာများအား အားပေးစကားသွားပြော

မြန်မာသံရုံး ကွာလာလမ်ပူမြို့မှ သံအမတ်ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာထိန်းသိမ်းရေးစခန်းအာဏာပိုင်များ၏ခွင့်ပြုချက်ဖြင့် ယနေ့ ဒီဇင်ဘာ ၂၁ရက်နေ့ တွင် မလေးရှားနိုင်ငံ နီဂီရီဆန်ဘိလန်ပြည်နယ် ( Negeri Sembilan State) ဆီရန်ဘန်မြို့ ( Serenban City) လင်ဂင်းထိန်းသိမ်းရေးစခန်း( Lenggeng Camp ) သို့သွားရောက်ကာ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများနှင့် သွားရောက်တွေ့ဆုံခဲ့သည်ဟု မလေးရှားနိုင်ငံ ဆိုင်ရာမြန်မာသံရုံးကသိရသည်။

အဆိုပါ ထိန်းသိမ်းရေးစခန်းရှိ အမျိုးသား (၆၆) ဦး နှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း(၇၀)ဦး တို့အား တွေ့ဆုံပြီး အားပေးစကားများပြောကြားကာ အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်ဟု သံရုံးကပြောဆိုသည်။

ယင်းအပြင် လိုအပ်သည့် ဆေးဝါးများနှင့် အသုံးအဆောင်ပစ္စည်းများကိုပါ မြန်မာသံရုံးက ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ရက်ကလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Bukit Jalil ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားများအား မလေးရှားအာဏာပိုင်များ၏ခွင့်ပြုချက်အရ တွေ့ဆုံစစ်ဆေးခြင်းနှင့် အားပေးစကားများပြောခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရေးအတွက် သံရုံးမှ သက်ဆိုင်ရာ ဌာန များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရှိရသည်။

(Zawgyi)

မေလးရွားထိန္းသိမ္းေရးစခန္းအတြင္း ထိန္းသိမ္းခံထားရသည့္ ျမန္မာမ်ားအား အားေပးစကားသြားေျပာ

ျမန္မာသံ႐ုံး ကြာလာလမ္ပူၿမိဳ႕မွ သံအမတ္ဦးျမင့္ထြန္းႏွင့္ တာဝန္ရွိသူမ်ားသည္ သက္ဆိုင္ရာထိန္းသိမ္းေရးစခန္းအာဏာပိုင္မ်ား၏ခြင့္ျပဳခ်က္ျဖင့္ ယေန႔ ဒီဇင္ဘာ ၂၁ရက္ေန႔ တြင္ မေလးရွားႏိုင္ငံ နီဂီရီဆန္ဘိလန္ျပည္နယ္ ( Negeri Sembilan State) ဆီရန္ဘန္ၿမိဳ႕ ( Serenban City) လင္ဂင္းထိန္းသိမ္းေရးစခန္း( Lenggeng Camp ) သို႔သြားေရာက္ကာ ထိန္းသိမ္းခံထားရသည့္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ သြားေရာက္ေတြ႕ဆုံခဲ့သည္ဟု မေလးရွားႏိုင္ငံ ဆိုင္ရာျမန္မာသံ႐ုံးကသိရသည္။

အဆိုပါ ထိန္းသိမ္းေရးစခန္းရွိ အမ်ိဳးသား (၆၆) ဦး ႏွင့္ အမ်ိဳးသမီး (၄)ဦး စုစုေပါင္း(၇၀)ဦး တို႔အား ေတြ႕ဆုံၿပီး အားေပးစကားမ်ားေျပာၾကားကာ အေထာက္အထားျပည့္စုံသူ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာႏိုင္ငံသို႔ အျမန္ဆုံးျပန္ပို႔ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ခဲ့သည္ဟု သံ႐ုံးကေျပာဆိုသည္။

ယင္းအျပင္ လိုအပ္သည့္ ေဆးဝါးမ်ားႏွင့္ အသုံးအေဆာင္ပစၥည္းမ်ားကိုပါ ျမန္မာသံ႐ုံးက ေထာက္ပံ့ေပးအပ္ခဲ့သည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁၃ရက္ကလည္း မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕ Bukit Jalil ထိန္းသိမ္းေရးစခန္းရွိ ျမန္မာႏိုင္ငံသားမ်ားအား မေလးရွားအာဏာပိုင္မ်ား၏ခြင့္ျပဳခ်က္အရ ေတြ႕ဆုံစစ္ေဆးျခင္းႏွင့္ အားေပးစကားမ်ားေျပာျခင္းတို႔ ေဆာင္႐ြက္ခဲ့ၾကၿပီး အေထာက္အထားျပည့္စုံသူ ျမန္မာႏိုင္ငံသားမ်ားကို ျမန္မာႏိုင္ငံသို႔ အျမန္ဆုံးျပန္ပို႔ႏိုင္ေရးအတြက္ သံ႐ုံးမွ သက္ဆိုင္ရာ ဌာန မ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္းလည္း သိရွိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here