Yoo Jae Suk နဲ့ Yoo Hee Yeol တို့ ကိုဗစ်၁၉မှ ပြန်လည်ကောင်းမွန်လာပြီး လှုပ်ရှားမှုများ စတင်တော့မည်

0
168

(Unicode)

Yoo Jae Suk နဲ့ Yoo Hee Yeol တို့ ကိုဗစ်၁၉မှ ပြန်လည်ကောင်းမွန်လာပြီး လှုပ်ရှားမှုများ စတင်တော့မည်

Yoo Jae Suk နဲ့ Yoo Hee Yeol တို့ဟာ ကိုဗစ် ၁၉ကူးစက်ခံရာကနေ ပြန်လည်သက်သာလာပါပြီ။

ဒီလအစောပိုင်းက Yoo Hee Yeol ဟာ ဒီဇင်ဘာ ၁၁ရက်နေ့မှာ ကိုဗစ်၁၉ကူးစက်ခံခဲ့ရပြီး Yoo Jae Suk ကတော့ ဒီဇင်ဘာ ၁၃ရက်နေ့မှာ ကိုဗစ်၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

ယနေ့မှာတော့ သူတို့ရဲ့အေဂျင်စီ Antenna က သူတို့ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်မှာ-

” ဟယ်လို …ဒါကတော့ Antenna ပါ။

အေဂျင်စီရဲ့ အနုပညာရှင်တွေဖြစ်တဲ့ Yoo Hee Yeol နဲ့ Yoo Jae Suk တို့ ကိုဗစ်၁၉ရောဂါခံစားနေရာကနေ အပြည့်အဝ ပြန်လည်ကောင်းမွန် လာပြီဆိုတာကို အသိပေးအပ်ပါတယ်။

အစိုးရကျန်းမာရေးအာဏာပိုင်တွေရဲ့ စစ်ဆေးမှုခံယူပြီးနောက် Yoo Heal Yeol နဲ့ Yoo Jae Suk တို့ဟာ အိမ်တွင်းကုသမှု ပြီးဆုံးခဲ့ပြီး ဒီဇင်ဘာ ၁၉ရက်နဲ့ ၂၁ရက်တို့မှာ ကွာရန်တင်းပြီးဆုံးသွားခဲ့ပါပြီ။

အနုပညာရှင် ၂ဦးဟာ ၄င်းတို့ရဲ့နေရာအသီးသီးကို ပြန်လည်ရောက်ရှိလာပြီး မကြာခင် အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။

ကိုဗစ်၁၉ ကျော်လွှားနိုင်ရေးအတွက် ရှေ့တန်းက ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ကုမ္ပဏီဟာ အနုပညာရှင်နဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို ဦးစားပေးအနေနဲ့ ထားမှာဖြစ်ပြီး အစိုးရကျန်းမာရေးအာဏာပိုင်တွေက သတ်မှတ်ထားတဲ့ ကွာရန်တင်းဆိုင်ရာလမ်းညွှန်မှုတွေကို အပြည့်အဝလိုက်နာပါမယ်။

(Zawgyi)





ကြေညာချက်မှာ-








LEAVE A REPLY

Please enter your comment!
Please enter your name here