မသေခင်ဒံပေါက်ဆွမ်းလေးဘုန်းပေးချင်တယ်” ဆိုတဲ့စာလေးဖတ်မိပြီး လှူဒါန်းချင်စိတ်ပေါ်လာပြီးအလှူငွေများ လှူဒါန်း​ပေးခဲ့တဲ့အင်ကြင်း

0
226

မသေခင်ဒံပေါက်ဆွမ်းလေးဘုန်းပေးချင်တယ်” ဆိုတဲ့စာလေးဖတ်မိပြီးလှူဒါန်းချင်စိတ်ပေါ်လာပြီးအလှူငွေများလှူဒါန်း​ပေးခဲ့တဲ့အင်ကြင်း

ဒေးစွန်ပါတောင်တော်ပေါ်ကဆရာလေးများထဲက အသက် ၇၀ ကျော်အရွယ် ဘွားသီလရှင်တစ်ပါးက “မသေခင်ဒံပေါက်ဆွမ်းလေး ဘုန်းပေးချင်တယ် “ဆိုတဲ့အကြောင်းဆရာ မလေး မေဘုန်းထက်တင်ထားတာကိုမြင်လိုက်တဲ့အချိန်စိတ်မကောင်းဖြစ်ပြီး လှူဒါန်းချင်စိတ်ဖြစ်ပေါ်လာတဲ့အတွက် သူငယ်ချင်းများနဲ့စုပေါင်းကာအလှူငွေများလှူဒါန်းပေးခဲ့တာဖြစ် ပါတယ်။

” ဒေးစွန်ပါတောင်က ဆရာလေးတွေအတွက်ဒံပေါက်ဆွမ်းလှူဒါန်းဖြစ်တာက ဆရာမလေး မေဘုန်းထက် ကသူ့အကောင့်မှာဆရာလေးတွေ ဒံပေါက်ဆွမ်းဘုန်းပေးချင်တဲ့အကြောင်းအဲ့လိုဒံပေါက်ဆွမ်း ဘုန်းပေးချင်တဲ့ထဲမှာဲအသက် ၇၀ ကျော် ဘွားသီလရှင်က ” မသေခင်ဒံပေါက်ဆွမ်းလေးစားခဲ့မယ် ” ဆိုပြီး ပြောတာပေါ့နော် အဲ့ဒါကြောင့် စိတ်ထဲမကောင်းဖြစ်ပြီး လှူချင်စိတ်အရမ်းဖြစ်ခဲ့တယ်။ ကိုယ်တွေဆီမှာက ဒံပေါက်ဆိုတာကအလွယ်တကူးဝယ်စားလို့ရပေမယ့် အဲ့မှာကျတော့ အလွယ်ဝယ်စားလို့မရဘူး အဲ့အတွက်ကြောင့် ဆရာမလေးကိုဆက်သွယ်ပီး အစ်မ နဲ့ အစ်မရဲ့သူငယ်ချင်းတွေစုပေါင်းပြီး လှူခဲ့တာပါ လို့ ” သရုပ်ဆောင် အင်ကြင်းကပြောပါတယ် ။

အခုလက်ရှိ မှာ သရုပ်ဆောင်အင်ကြင်းက online မှာ Live Sale တွေရောင်းချနေပြီးရတဲ့ငွေများကိုစုဆောင်းကာ လိုအပ်တဲ့နေရာလေးတွေအတွက် တတ်နိုင်သလောက်လှူဒါန်းမှုလေးပြုလုပ်နေတာပဲဖြစ်ပါတယ်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here