မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖောက်ခွဲ ရေးပြုလုပ်ရာ တွင် အသုံးပြုသည့် ဒီတိုနေတာများကို အမျိုးသမီးတစ်ဦး ထံမှ ဖမ်းဆီး

0
166

(Unicode)

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖောက်ခွဲ ရေးပြုလုပ်ရာ တွင် အသုံးပြုသည့် ဒီတိုနေတာများကို အမျိုးသမီးတစ်ဦး ထံမှ ဖမ်းဆီး

မန္တလေးမြို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဒီဇင်ဘာ ၂၀ ရက်မနက် ၈ နာရီ ၂၅ မိနစ်လောက်က မန္တလေးမြို့ မှ ခန္တီးမြိုသို့ ART-72၊ ခရီးစဥ်အမှတ်- K7-771 လေယာဥ်နဲ့လိုက်ပါမည့် ခန္တီးမြိုနယ်၊ဆင်သေရွာတွင် နေထိုင်သည့် မမိုးမြင့်လှိင် (၂၀)နှစ်ရဲ့ ခရီးဆောင်အိတ်တွေနဲ့ဂျပ်ဖာဘူးတွေကို လေဆိပ်က X-Ray စက်မှာစစ်ဆေးစဥ် အခုလိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

ဂျပ်ဖာဘူးတွေထဲမှာ ဖလူဇာဆေးကဒ်တွေနဲ့အတူရောနှောသယ်ဆောင်လာတဲ့ (SOD-Special Ordinary Detonator)တံဆိပ်ပါဘူးထဲကနေ ဖောက်ခွဲရေးပြုလုပ်ရာမှာသုံးတဲ့ ဒီတိုနေတာ ၉၈ ခုကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

မမိုးမြင့်လှိုင်ရဲ့ထွက်ဆိုချက်အရ ဖမ်းဆီးရမိတဲ့ ဒီတိုနေတာတွေကို သယ်ဆောင်ခိုင်းသူဖြစ်တဲ့ မအေးအေးချစ်(ခ)ဘုတ်ဆုံ(၃၉)နှစ်ကို မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်က ဟေမမာလာတောင်ရပ်ကွက်မှာထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

အလားတူပဲ ဒီတိုနေတာတွေကိုလက်ခံပေးမည့် မမိုးမြင့်လှိုင်ရဲ့ မိခင်ဖြစ်သူ ဒေါ်လောဟွေ(ခ)ဒေါ်ကြောက်ဖဟွေ(ခ)ဒေါ်တင်သိန်း(၆၃)နှစ်ကိုလည်း ဆင်သေရွာကနေအိမ်မှာဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ မအေးအေးချစ်(ခ)ဘုတ်ဆုံရဲ့နေအိမ်ကို ဒီတိုနေတာတွေထပ် မံလာရောက်ပို့ဆောင်ပေးသူ ချမ်းအေးသာစံမြို့ နယ်၊ချမ်းအေးသာစံအရှေ့ရပ်ကွက်၊အမြောက်တန်းဗလီဝင်းမှာနေတဲ့ ဦးသိန်းထွန်း(၄၇)နှစ်နဲ့ဇနီးဖြစ်တဲ့ ဒေါ်ခင်ဖြူဝင်း(ခ)ဇိုင်တွန်ဘီ(၄၂)နှစ်တိုကိုလည်း ဒီတိုနေတာ ၁၀၀၀ ခုနဲ့အတူ ယင်းနေ့ညနေ ၄ နာရီခွဲလောက်မှာထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

(Zawgyi)

မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္၌ ေဖာက္ခြဲ ေရးျပဳလုပ္ရာ တြင္ အသုံးျပဳသည့္ ဒီတိုေနတာမ်ားကို အမ်ိဳးသမီးတစ္ဦး ထံမွ ဖမ္းဆီး

မႏၲေလးၿမိဳ႕ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္၌ ဒီဇင္ဘာ ၂၀ ရက္မနက္ ၈ နာရီ ၂၅ မိနစ္ေလာက္က မႏၲေလးၿမိဳ႕ မွ ခႏၲီးၿမိဳသို႔ ART-72၊ ခရီးစဥ္အမွတ္- K7-771 ေလယာဥ္နဲ႔လိုက္ပါမည့္ ခႏၲီးၿမိဳနယ္၊ဆင္ေသ႐ြာတြင္ ေနထိုင္သည့္ မမိုးျမင့္လွိင္ (၂၀)ႏွစ္ရဲ႕ ခရီးေဆာင္အိတ္ေတြနဲ႔ဂ်ပ္ဖာဘူးေတြကို ေလဆိပ္က X-Ray စက္မွာစစ္ေဆးစဥ္ အခုလိုဖမ္းဆီးရမိခဲ့ျခင္းျဖစ္တယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။

ဂ်ပ္ဖာဘူးေတြထဲမွာ ဖလူဇာေဆးကဒ္ေတြနဲ႔အတူေရာေႏွာသယ္ေဆာင္လာတဲ့ (SOD-Special Ordinary Detonator)တံဆိပ္ပါဘူးထဲကေန ေဖာက္ခြဲေရးျပဳလုပ္ရာမွာသုံးတဲ့ ဒီတိုေနတာ ၉၈ ခုကို ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

မမိုးျမင့္လႈိင္ရဲ႕ထြက္ဆိုခ်က္အရ ဖမ္းဆီးရမိတဲ့ ဒီတိုေနတာေတြကို သယ္ေဆာင္ခိုင္းသူျဖစ္တဲ့ မေအးေအးခ်စ္(ခ)ဘုတ္ဆုံ(၃၉)ႏွစ္ကို မႏၲေလးၿမိဳ႕ ၊မဟာေအာင္ေျမၿမိဳ႕နယ္က ေဟမမာလာေတာင္ရပ္ကြက္မွာထပ္မံဖမ္းဆီးရမိခဲ့ပါတယ္။

အလားတူပဲ ဒီတိုေနတာေတြကိုလက္ခံေပးမည့္ မမိုးျမင့္လႈိင္ရဲ႕ မိခင္ျဖစ္သူ ေဒၚေလာေဟြ(ခ)ေဒၚေၾကာက္ဖေဟြ(ခ)ေဒၚတင္သိန္း(၆၃)ႏွစ္ကိုလည္း ဆင္ေသ႐ြာကေနအိမ္မွာဖမ္းဆီးရမိခဲ့ပါတယ္။

ဖမ္းမိသူေတြရဲ႕ ထြက္ဆိုခ်က္အရ မေအးေအးခ်စ္(ခ)ဘုတ္ဆုံရဲ႕ေနအိမ္ကို ဒီတိုေနတာေတြထပ္ မံလာေရာက္ပို႔ေဆာင္ေပးသူ ခ်မ္းေအးသာစံၿမိဳ႕ နယ္၊ခ်မ္းေအးသာစံအေရွ႕ရပ္ကြက္၊အေျမာက္တန္းဗလီဝင္းမွာေနတဲ့ ဦးသိန္းထြန္း(၄၇)ႏွစ္နဲ႔ဇနီးျဖစ္တဲ့ ေဒၚခင္ျဖဴဝင္း(ခ)ဇိုင္တြန္ဘီ(၄၂)ႏွစ္တိုကိုလည္း ဒီတိုေနတာ ၁၀၀၀ ခုနဲ႔အတူ ယင္းေန႔ညေန ၄ နာရီခြဲေလာက္မွာထပ္မံဖမ္းဆီးရမိခဲ့တယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here