ရန်ကုန်-မန္တလေးအမြန်ရထားတွေကို နေ့စဥ်ပြေးဆွဲပေးနေ

0
282

(Unicode)

ရန်ကုန်-မန္တလေးအမြန်ရထားတွေကို နေ့စဥ်ပြေးဆွဲပေးနေ

ရန်ကုန်-မန္တလေးအမြန်ရထားတွေကို တစ်ပတ်သုံးရက်ပြေးဆွဲပေးရာကနေ ဒီဇင်ဘာ ၂၀ ရက်ကစပြီး နေ့စဥ်နားရက်မရှိပြန်လည်ပြေးဆွဲပေးလျက်ရှိတယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။

အမှတ်(၃)အဆန် အမြန်ရထားဟာ ရန်ကုန်ဘူတာကြီးကနေ မန္တလေးကို နေ့စဥ် နေ့လည် ၃ နာရီ ၄၅ မိနစ်မှာစတင်ထွက်ခွာမှာဖြစ်ပါတယ်။

အမှတ်(၄)အစုန် အမြန်ရထားကတော့ မန္တလေးဘူတာကြီးကနေ ရန်ကုန်ကို နေ့စဥ် နေ့လည် ၃ နာရီမှာစတင်ထွက်ခွာမှာဖြစ်ပါတယ်။

ရန်ကုန်-မန္တလေး အမြန်ရထားတွေရဲ့ခုတ်မောင်းချိန်ကတော့ ၁၆ နာရီကြာမြင့်မှာဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။ ရိုးရိုးတန်း ၄၆၅၀ ကျပ်၊အထက်တန်း ၉၃၀၀ ကျပ်နဲ့အိပ်စင် ၁၃၀၀၀ ကျပ်အဖြစ်လက်မှတ်ခတွေကိုသတ်မှတ်ထားပါတယ်။

တိုးကြောင်ကလေး၊ပဲခူး၊ဒိုက်ဦး၊ညောင်လေးပင်၊ဖြူး၊တောင်ငူ၊ဆွာ၊ရေနီ၊ပျဥ်းမနား၊နေပြည်တော်၊တပ်ကုန်း၊ရမည်းသင်း၊ပျော်ဘွယ်၊သာစည်၊မြစ်သားနဲ့ကျောက်ဆည်ဘူတာတွေမှာ ရန်ကုန်- မန္တလေးအမြန်ရထားတွေ ခေတ္တရပ်နားမည့်ဘူတာတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ရန်ကုန်-မန္တလေးအမြန်ရထားတွေကို တနင်္ဂနွေ၊ဗုဒ္ဓဟူးနဲ့သောကြာနေ့တွေမှာ တစ်ပတ်သုံးရက်နဲ့ပြန်လည်ပြေးဆွဲပေးခဲ့ပြီး လိုက်ပါစီးနင်းလိုသူတွေများတာကြောင့် နေ့စဥ်ပြေးဆွဲပေးရခြင်းဖြစ်တယ်လို့ သိရပါတယ်။

(Zawgyi)

ရန္ကုန္-မႏၲေလးအျမန္ရထားေတြကို ေန႔စဥ္ေျပးဆြဲေပးေန

ရန္ကုန္-မႏၲေလးအျမန္ရထားေတြကို တစ္ပတ္သုံးရက္ေျပးဆြဲေပးရာကေန ဒီဇင္ဘာ ၂၀ ရက္ကစၿပီး ေန႔စဥ္နားရက္မရွိျပန္လည္ေျပးဆြဲေပးလ်က္ရွိတယ္လို႔ ျမန္မာ့မီးရထားက သိရပါတယ္။

အမွတ္(၃)အဆန္ အျမန္ရထားဟာ ရန္ကုန္ဘူတာႀကီးကေန မႏၲေလးကို ေန႔စဥ္ ေန႔လည္ ၃ နာရီ ၄၅ မိနစ္မွာစတင္ထြက္ခြာမွာျဖစ္ပါတယ္။

အမွတ္(၄)အစုန္ အျမန္ရထားကေတာ့ မႏၲေလးဘူတာႀကီးကေန ရန္ကုန္ကို ေန႔စဥ္ ေန႔လည္ ၃ နာရီမွာစတင္ထြက္ခြာမွာျဖစ္ပါတယ္။

ရန္ကုန္-မႏၲေလး အျမန္ရထားေတြရဲ႕ခုတ္ေမာင္းခ်ိန္ကေတာ့ ၁၆ နာရီၾကာျမင့္မွာျဖစ္တယ္လို႔ ျမန္မာ့မီးရထားကေန သိရပါတယ္။ ႐ိုး႐ိုးတန္း ၄၆၅၀ က်ပ္၊အထက္တန္း ၉၃၀၀ က်ပ္နဲ႔အိပ္စင္ ၁၃၀၀၀ က်ပ္အျဖစ္လက္မွတ္ခေတြကိုသတ္မွတ္ထားပါတယ္။

တိုးေၾကာင္ကေလး၊ပဲခူး၊ဒိုက္ဦး၊ေညာင္ေလးပင္၊ျဖဴး၊ေတာင္ငူ၊ဆြာ၊ေရနီ၊ပ်ဥ္းမနား၊ေနျပည္ေတာ္၊တပ္ကုန္း၊ရမည္းသင္း၊ေပ်ာ္ဘြယ္၊သာစည္၊ျမစ္သားနဲ႔ေက်ာက္ဆည္ဘူတာေတြမွာ ရန္ကုန္- မႏၲေလးအျမန္ရထားေတြ ေခတၱရပ္နားမည့္ဘူတာေတြျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က ရန္ကုန္-မႏၲေလးအျမန္ရထားေတြကို တနဂၤေႏြ၊ဗုဒၶဟူးနဲ႔ေသာၾကာေန႔ေတြမွာ တစ္ပတ္သုံးရက္နဲ႔ျပန္လည္ေျပးဆြဲေပးခဲ့ၿပီး လိုက္ပါစီးနင္းလိုသူေတြမ်ားတာေၾကာင့္ ေန႔စဥ္ေျပးဆြဲေပးရျခင္းျဖစ္တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here