မြို့ရှောင်လမ်းများအား ည၆နာရီကစပြီးပိတ်ဖို့ ကလေးမြို့တွင် အမိန့်ထုတ်

0
93

(Unicode)

မြို့ရှောင်လမ်းများအား ည၆နာရီကစပြီးပိတ်ဖို့ ကလေးမြို့တွင် အမိန့်ထုတ်

စစ်ကိုင်းတိုင်းကလေးမြို့နယ်အတွင်း ယနေ့ ဒီဇင်ဘာ၂၂ရက်ကစပြီး လိုက်နာရမယ့် အချက်တွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရအမိန့်တစ်ရပ်နဲ့ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ကလေးမြို့နယ် နယ်နိမိတ်အတွင်း အများပြည်သူတို့ရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက်ဆိုပြီး ကလေးမြို့နယ်အတွင်း ယနေ့ ဒီဇင်ဘာ၂၂ရက်မှ ၂၀၂၂ ဇန်နဝါရီလ ၂၀ရက်နေ့ ကုန်ဆုံးချိန်အထိ အောက်ပါအချက်အလက်တွေကို လိုက်နာကြဖို့ ထုတ်ပြန်လိုက်တာပါ။

အဲ့ဒါတွေကတော့ မော်တော်ဆိုင်ကယ်အား အမျိုးသား(၂)ဦး / အမျိုးသားနဲ့ အမျိုးသမီး (၂)ဦး စီးနှင်းခြင်း မပြုဖို့နဲ့ ခြွင်းချက်အနေနဲ့ အမျိုးသမီး (၂)ဦးသာစီးနင်းဖို့၊ မော်တော်ယာဉ်တွေကို မှန်ချပြီးမမောင်းဘဲ၊ မှန်တင်ပြီး မောင်းနှင်ကြဖို့၊ တံတားပေါ်တွေမှာ ယာဉ်တွေ ဖြတ်သန်းသွားလာစဉ် ယာဉ်ပေါ်လိုက်ပါလာသူတွေ လမ်းလျှောက်သွားဖို့နဲ့ တံတားပေါ် အကြောင်းမဲ့ ယာဉ်ရပ်နား ထားခြင်း မပြုလုပ်ဖို့၊ ကူးတို့စက်လှေတွေ တစ်ဖက်ကမ်းသို့ လူအကြိုအပို မလုပ်ဖို့၊ကလေးမြို့နယ်အတွင်းရှိ မြို့ရှောင်လမ်းတွေကို နေ့စဉ် (၀၆၀၀)အချိန်ဖွင့်ပြီး(၁၈၀၀)အချိန် ပိတ်ထားဖို့ နဲ့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် မပါဘဲခရီးသွားလာခြင်း ခွင့်မပြုဖို့ ဆိုတာတွေပဲ ဖြစ်ပါတယ်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here