၂၀၂၂၊ဇန်နဝါရီ ၁ရက်ကစပြီး OWIC များကို သက်ဆိုင်ရာမြန်မာသံရုံး(သို့)အလုပ်သမားသံရုံးသို့ ပေးပို့စိစစ်ပြီးမှသာ ခွင့်ပြုမည်

0
175

(Unicode)

၂၀၂၂၊ဇန်နဝါရီ ၁ရက်ကစပြီး OWIC များကို သက်ဆိုင်ရာမြန်မာသံရုံး(သို့)အလုပ်သမားသံရုံးသို့ ပေးပို့စိစစ်ပြီးမှသာ ခွင့်ပြုမည်

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့်ပြည်ပနိုင်ငံများတွင်သွားရောက် အလုပ်လုပ်ကိုင်မည့်သူများအတွက် အလုပ်သမားဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်မှုအရ ၂၀၂၂၊ဇန်နဝါရီ ၁ရက်ကစပြီး OWIC များကို သက်ဆိုင်ရာမြန်မာသံရုံး(သို့)အလုပ်သမားသံရုံးသို့ ပေးပို့စိစစ်ပြီးမှသာ ခွင့်ပြုမည်ဟုသိရသည်။

လက်ရှိတွင် မိမိတို့အစီအစဉ်ဖြင့် နိုင်ငံခြားသွား ရောက်အလုပ်လုပ်ကိုင်မည့်သူများ၏ ပြည်ပအလုပ်အကိုင်အလုပ်သမားသက် သေခံကတ် (OWIC)ကို သက်ဆိုင်ရာမြန်မာသံရုံးသို့အလုပ်သမားသံအရာရှိရုံးများသို့ ပေးပို့စိစစ်ခြင်းမရှိဘဲ အလုပ်သမားဝန်ကြီးဌာနမှ တိုက်ရိုက်ခွင့်ပြုပေးလျက်ရှိသည်။

ထိုသို့တိုက်ရိုက်ခွင့်ပြုခြင်းကို ၂၀၂၁၊ဒီဇင်ဘာ လကုန်ထိသာခွင့်ပြုမှာဖြစ်ကြောင်း ကြေညာချက်ထဲမှာပါရှိပါသည်။

အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်သန်းက “ညွှန်ကြားချက် အတိုင်း၊ထုတ်ပြန်ချက်တွေအတိုင်း ပြန်ပြီး စီစဉ်လိုက်တာပါ။ အရင်ကတော့ လျှော့ပေါ့ပြီး ဆောင်ရွက်ပေးခဲ့တာပေါ့။ အခုကတော့ဖြင့် ညွှန်ကြားချက်တွေအတိုင်းပြန်လုပ်မှ ရမယ်။ဥပဒေနဲ့ အညီဖြစ်အောင် ဆောင်ရွက်လိုက်တာပါ”ဟု ပြောသည်။

၂၀၂၂၊ဇန်နဝါရီ ၁ရက်ကစပြီး အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက် အတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။

ကြေညာချက်အရ-

ပြည်ပနိုင်ငံများကို သွားရောက်အလုပ်လုပ် ကိုင်လိုသူများအနေဖြင့် ပြည်ပအလုပ်ရှင်ထံမှ ရရှိထားသည့် အလုပ်ခေါ်စာ (Demand Letter/
Job Offer)များကို လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက် သွားရန်၊

အေဂျင်စီများအနေဖြင့် အလုပ်သမားများရရှိထားသည့် (Demand Letter/Job Offer)များကို သက်ဆိုင်ရာနိုင်ငံရှိ အလုပ်ရှင်ထံ ချိတ်ဆက်၍ မိမိတို့အေဂျင်စီထံသို့ တရားဝင် (Demand Letter/Job Offer)ပေးပို့စာရရှိရေး ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဦးစီးဌာနသို့ ကြိုတင် တင်ပြဆောင်ရွက်ရန်၊

သက်ဆိုင်ရာမြန်မာသံရုံး (သို့)အလုပ်သမား သံအရာရှိရုံးမှ (Demand Letter/Job Offer) များ မှန်ကန်မှုရှိကြောင်း အကြောင်းကြားလာပါက သက်ဆိုင်ရာအေဂျင်စီအနေဖြင့် ပြည်ပသို အလုပ်သမားစေလွှတ်ခွင့်နှင့် OWIC ပြုလုပ်ခွင့်ကို အထောက်အထားအပြည့်အစုံဖြင့် ဦးစီးဌာနသို့ တင်ပြလျှောက်ထားရန်နှင့် ခွင့်ပြုချက်ရရှိပါက ပြည်ပသို အလုပ်သမားစေလွှတ်ရန်၊
တို့ ပါရှိပါသည်။

(Zawgyi)

၂၀၂၂၊ဇန္နဝါရီ ၁ရက္ကစၿပီး OWIC မ်ားကို သက္ဆိုင္ရာျမန္မာသံ႐ုံး(သို)အလုပ္သမားသံ႐ုံးသို႔ ေပးပို႔စိစစ္ၿပီးမွသာ ခြင့္ျပဳမည္

ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရ ေအဂ်င္စီမ်ားႏွင့္ျပည္ပႏိုင္ငံမ်ားတြင္သြားေရာက္ အလုပ္လုပ္ကိုင္မည့္သူမ်ားအတြက္ အလုပ္သမားဝန္ႀကီးဌာနက ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္လိုက္မႈအရ ၂၀၂၂၊ဇန္နဝါရီ ၁ရက္ကစၿပီး OWIC မ်ားကို သက္ဆိုင္ရာျမန္မာသံ႐ုံး(သို႔)အလုပ္သမားသံ႐ုံးသို႔ ေပးပို႔စိစစ္ၿပီးမွသာ ခြင့္ျပဳမည္ဟုသိရသည္။

လက္ရွိတြင္ မိမိတို႔အစီအစဥ္ျဖင့္ ႏိုင္ငံျခားသြား ေရာက္အလုပ္လုပ္ကိုင္မည့္သူမ်ား၏ ျပည္ပအလုပ္အကိုင္အလုပ္သမားသက္ ေသခံကတ္ (OWIC)ကို သက္ဆိုင္ရာျမန္မာသံ႐ုံးသို႔အလုပ္သမားသံအရာရွိ႐ုံးမ်ားသို႔ ေပးပို႔စိစစ္ျခင္းမရွိဘဲ အလုပ္သမားဝန္ႀကီးဌာနမွ တိုက္႐ိုက္ခြင့္ျပဳေပးလ်က္ရွိသည္။

ထိုသို႔တိုက္႐ိုက္ခြင့္ျပဳျခင္းကို ၂၀၂၁၊ဒီဇင္ဘာ လကုန္ထိသာခြင့္ျပဳမွာျဖစ္ေၾကာင္း ေၾကညာခ်က္ထဲမွာပါရွိပါသည္။

အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေမာင္ေမာင္သန္းက “ၫႊန္ၾကားခ်က္ အတိုင္း၊ထုတ္ျပန္ခ်က္ေတြအတိုင္း ျပန္ၿပီး စီစဥ္လိုက္တာပါ။ အရင္ကေတာ့ ေလွ်ာ့ေပါ့ၿပီး ေဆာင္႐ြက္ေပးခဲ့တာေပါ့။ အခုကေတာ့ျဖင့္ ၫႊန္ၾကားခ်က္ေတြအတိုင္းျပန္လုပ္မွ ရမယ္။ဥပေဒနဲ႔ အညီျဖစ္ေအာင္ ေဆာင္႐ြက္လိုက္တာပါ”ဟု ေျပာသည္။

၂၀၂၂၊ဇန္နဝါရီ ၁ရက္ကစၿပီး အလုပ္သမားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ ေၾကညာခ်က္ အတိုင္း လိုက္နာေဆာင္႐ြက္ရမည္ျဖစ္ပါသည္။

ေၾကညာခ်က္အရ-

ျပည္ပႏိုင္ငံမ်ားကို သြားေရာက္အလုပ္လုပ္ ကိုင္လိုသူမ်ားအေနျဖင့္ ျပည္ပအလုပ္ရွင္ထံမွ ရရွိထားသည့္ အလုပ္ေခၚစာ (Demand Letter/
Job Offer)မ်ားကို လိုင္စင္ရ ျပည္ပအလုပ္အကိုင္ေအဂ်င္စီမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ သြားရန္၊

ေအဂ်င္စီမ်ားအေနျဖင့္ အလုပ္သမားမ်ားရရွိထားသည့္ (Demand Letter/Job Offer)မ်ားကို သက္ဆိုင္ရာႏိုင္ငံရွိ အလုပ္ရွင္ထံ ခ်ိတ္ဆက္၍ မိမိတို႔ေအဂ်င္စီထံသို႔ တရားဝင္ (Demand Letter/Job Offer)ေပးပို႔စာရရွိေရး ေဆာင္႐ြက္ရန္ႏွင့္ သက္ဆိုင္ရာဦးစီးဌာနသို႔ ႀကိဳတင္ တင္ျပေဆာင္႐ြက္ရန္၊

သက္ဆိုင္ရာျမန္မာသံ႐ုံး (သို႔)အလုပ္သမား သံအရာရွိ႐ုံးမွ (Demand Letter/Job Offer) မ်ား မွန္ကန္မႈရွိေၾကာင္း အေၾကာင္းၾကားလာပါက သက္ဆိုင္ရာေအဂ်င္စီအေနျဖင့္ ျပည္ပသို အလုပ္သမားေစလႊတ္ခြင့္ႏွင့္ OWIC ျပဳလုပ္ခြင့္ကို အေထာက္အထားအျပည့္အစုံျဖင့္ ဦးစီးဌာနသို႔ တင္ျပေလွ်ာက္ထားရန္ႏွင့္ ခြင့္ျပဳခ်က္ရရွိပါက ျပည္ပသို အလုပ္သမားေစလႊတ္ရန္၊
တို႔ ပါရွိပါသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here