လက်နက်ခဲယမ်းများလာရောက် အပ်နှံကြဖို့ မကွေးတိုင်းအတွင်း လိုက်လံကြေညာ

0
106

(Unicode)

လက်နက်ခဲယမ်းများလာရောက် အပ်နှံကြဖို့ မကွေးတိုင်းအတွင်း လိုက်လံကြေညာ

မကွေးတိုင်းဒေသကြီး အတွင်းထဲက မြို့နယ်တွေမှာ လက်နက်၊ခဲယမ်းတွေ လာအပ်ဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေပါတယ်။

မင်းဘူးခရိုင် ငဖဲမြို့နယ်မှာဆိုရင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၉နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော် ကြေညာနေခဲ့ပြီး မလိုလားအပ်သောတရားဥပဒေရင်ဆိုင်မှုများမရှိနိုင်စေရေးအလိုငှာ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလ ၃၁ ရက်နောက် ဆုံးထားပြီး အပ်နှံရမယ်လို့ ထည့်သွင်းကြေညာသွားခဲ့ပါတယ်။

သတ်မှတ်ရက်ကျော်လွန်ပြီး စစ်ဆေးတွေ့မယ်ဆိုရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ ကြေညာနေတာရှိပါတယ်။

ဒီဇင်ဘာ ၂၁ရက် ညနေပိုင်းကလည်း ရန်ကုန်မြို့လယ်ခေါင်အပါအဝင် ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အဲ့ဒီလို ကြေညာနေတာရှိပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here