ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၃ နှစ် ယနေ့ထပ်မံချမှတ်

0
139

(Unicode)

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၃ နှစ် ယနေ့ထပ်မံချမှတ်

ကရင်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း)ဒေါ်နန်းခင်ထွေးမြင့်ကို ရွေးကောက်ပွဲမဲမသမာပြုလုပ်မှု ရာ ဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)အရ ဘားအံအကျဥ်းထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ်ကျခံစေဖို ယနေ့မှာ အမိန့်ချမှတ်ခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

အသက်(၆၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ ဘားအံအကျဥ်းထောင်မှာထိန်း သိမ်းခံထားရတာဖြစ်ပြီး လက်ရှိအမိန့်ချမှတ်ခံရတဲ့ အမှုအတွက် ဒီဇင်ဘာလအစပိုင်းမှာ စွဲချက် တင်ခံထားရပြီးနောက်မှာ အခုလို့အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

“စွဲချက်တင်ပြီးသိပ်မကြာဘူး ချက်ခြင်းရုံးထုတ် ချက်ခြင်းစစ် ချက်ခြင်းအမိန့်ချတာ”လို့ရှေ့နေတစ်ယောက်ကပြောပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်ကိုယခင်လအတွင်းမှာ ထောင်ဒဏ် ၇၇ နှစ်ချမှတ်ထားပြီးဖြစ်တာကြောင့် ယနေ့ထပ်မံချမှတ်သည့် ထောင်ဒဏ်အပါအဝင် ထောင်ဒဏ်နှစ် ၈၀ကျခံရမှာဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

(Zawgyi)

ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းေဒၚနန္းခင္ေထြးျမင့္ကို ေထာင္ဒဏ္ ၃ ႏွစ္ ယေန႔ထပ္မံခ်မွတ္

ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္(ေဟာင္း)ေဒၚနန္းခင္ေထြးျမင့္ကို ေ႐ြးေကာက္ပြဲမဲမသမာျပဳလုပ္မႈ ရာ ဇသတ္ႀကီးဥပေဒပုဒ္မ-၁၃၀(က)အရ ဘားအံအက်ဥ္းေထာင္တြင္းတရား႐ုံးက ေထာင္ဒဏ္ ၃ ႏွစ္က်ခံေစဖို ယေန႔မွာ အမိန္႔ခ်မွတ္ခဲ့တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

အသက္(၆၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေဒၚနန္းခင္ေထြးျမင့္ဟာ ဘားအံအက်ဥ္းေထာင္မွာထိန္း သိမ္းခံထားရတာျဖစ္ၿပီး လက္ရွိအမိန္႔ခ်မွတ္ခံရတဲ့ အမႈအတြက္ ဒီဇင္ဘာလအစပိုင္းမွာ စြဲခ်က္ တင္ခံထားရၿပီးေနာက္မွာ အခုလို႔အမိန္႔ခ်မွတ္ခံခဲ့ရျခင္းျဖစ္ပါတယ္။

“စြဲခ်က္တင္ၿပီးသိပ္မၾကာဘူး ခ်က္ျခင္း႐ုံးထုတ္ ခ်က္ျခင္းစစ္ ခ်က္ျခင္းအမိန္႔ခ်တာ”လို႔ေရွ႕ေနတစ္ေယာက္ကေျပာပါတယ္။

ေဒၚနန္းခင္ေထြးျမင့္ကိုယခင္လအတြင္းမွာ ေထာင္ဒဏ္ ၇၇ ႏွစ္ခ်မွတ္ထားၿပီးျဖစ္တာေၾကာင့္ ယေန႔ထပ္မံခ်မွတ္သည့္ ေထာင္ဒဏ္အပါအဝင္ ေထာင္ဒဏ္ႏွစ္ ၈၀က်ခံရမွာျဖစ္ေၾကာင္း ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here