အိန္ဒိယအစိုးရက မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၁သန်းလှူ

0
102

(Unicode)

အိန္ဒိယအစိုးရက မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၁သန်းလှူ

မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့် ဒီဇင်ဘာ၂၂ရက်ကစပြီး ၂ရက်ကြာလာရောက် လည်ပါတ်နေသည့် အိန္ဒိယနိုင်ငံ အစိုးရ၊ ပြည်ပရေးရာ ဝန်ကြီးဌာန၊နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla က မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၁သန်းလှူခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကပြောဆိုသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကိုယ်စားလှယ်များထံသို့ ကိုဗစ်ဆေးလှူဒါန်းခဲ့ခြင်းဖြစ်ကာ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေး အလုံးရေ (၁)သန်းကို အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ရှိ ပြည်သူများအပါအဝင် မြန်မာပြည်သူများအတွက် COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရာတွင်ကူညီထောက်ပံ့နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု အိန္ဒိယသံရုံးကပြောဆိုသည်။

အိန္ဒိယနိုင်ငံ အစိုးရ၊ ပြည်ပရေးရာ ဝန်ကြီးဌာန၊နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringlaသည် ခရီးစဉ်အတွင် နစက တာဝန်ရှိသူများအပါအဝင် နိုင်ငံရေးပါတီအချို့၊လူမှု့အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla၏ မြန်မာပြည်ခရီးစဉ်သည် ဖော်ဝါရီ ၁ရက်နောက်ပိုင်း အိန္ဒိယနိုင်ငံအစိုးရအဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦး ပထမဦးဆုံးလာရောက်သည့် ခရီးစဉ်တစ်ခုဖြစ်သည်။

(Zawgyi)

အိႏၵိယအစိုးရက ျမန္မာကို ကိုဗစ္ကာကြယ္ေဆး ၁သန္းလႉ

ျမန္မာႏိုင္ငံသို႔ တရားဝင္ခရီးစဥ္ျဖင့္ ဒီဇင္ဘာ၂၂ရက္ကစၿပီး ၂ရက္ၾကာလာေရာက္ လည္ပါတ္ေနသည့္ အိႏၵိယႏိုင္ငံ အစိုးရ၊ ျပည္ပေရးရာ ဝန္ႀကီးဌာန၊ႏိုင္ငံျခားေရးအတြင္းဝန္ Shri Harsh Vardhan Shringla က ျမန္မာကို ကိုဗစ္ကာကြယ္ေဆး ၁သန္းလႉခဲ့သည္ဟု ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးကေျပာဆိုသည္။

ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း၏ ကိုယ္စားလွယ္မ်ားထံသို႔ ကိုဗစ္ေဆးလႉဒါန္းခဲ့ျခင္းျဖစ္ကာ အိႏၵိယႏိုင္ငံထုတ္ ကာကြယ္ေဆး အလုံးေရ (၁)သန္းကို အိႏၵိယ-ျမန္မာနယ္စပ္တေလွ်ာက္ရွိ ျပည္သူမ်ားအပါအဝင္ ျမန္မာျပည္သူမ်ားအတြက္ COVID-19 ေရာဂါ ကာကြယ္တိုက္ဖ်က္ရာတြင္ကူညီေထာက္ပံ့ႏိုင္ရန္ လႊဲေျပာင္းေပးအပ္ခဲ့သည္ဟု အိႏၵိယသံ႐ုံးကေျပာဆိုသည္။

အိႏၵိယႏိုင္ငံ အစိုးရ၊ ျပည္ပေရးရာ ဝန္ႀကီးဌာန၊ႏိုင္ငံျခားေရးအတြင္းဝန္ Shri Harsh Vardhan Shringlaသည္ ခရီးစဥ္အတြင္ နစက တာဝန္ရွိသူမ်ားအပါအဝင္ ႏိုင္ငံေရးပါတီအခ်ိဳ႕၊လူမႈ႕အဖြဲ႕အစည္းအခ်ိဳ႕ႏွင့္ ေတြ႕ဆုံခဲ့သည္။

ႏိုင္ငံျခားေရးအတြင္းဝန္ Shri Harsh Vardhan Shringla၏ ျမန္မာျပည္ခရီးစဥ္သည္ ေဖာ္ဝါရီ ၁ရက္ေနာက္ပိုင္း အိႏၵိယႏိုင္ငံအစိုးရအဖြဲ႕၏ အဆင့္ျမင့္အရာရွိတစ္ဦး ပထမဦးဆုံးလာေရာက္သည့္ ခရီးစဥ္တစ္ခုျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here