Pfizer ရဲ့ ကိုဗစ် ၁၉သောက်ဆေးကို အမေရိကန် FDA အတည်ပြု

0
139

Pfizer ရဲ့ ကိုဗစ် ၁၉သောက်ဆေးကို အမေရိကန် FDA အတည်ပြု

အမေရိကန် FDA က Pfizer ဆေးဝါးကုမ္ပဏီမှထုတ်လုပ်တဲ့ ကိုဗစ်၁၉သောက်ဆေးကို အရေးပေါ်အသုံးပြုဖို့အတွက် ခွင့်ပြုလိုက်ပါတယ်။

အပြင်းအထန်ဖျားနာမြင့်မြင့်မားတဲ့ အသက် ၁၂နှစ်နဲ့အထက်လူနာတွေကို ကိုဗစ်၁၉သောက် ဆေး Paxlovod သုံးစွဲနိုင်တယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

ကိုဗစ်၁၉ သောက်ဆေးကို ဆေးစာပါမှသာရရှိမှာဖြစ်ပြီး ကိုဗစ်၁၉ကူးစက်ခံရကြောင်း သိရှိပြီးတာနှင့် ရောဂါလက္ခဏာပြတဲ့ ၅ရက်အတွင်း မြန်နိုင်သမျှ မြန်မြန်သောက်သုံးဖို့လိုတယ်လို့ အမေရိကန် FDA က ပြောပါတယ်။

Paxlovod ဟာ ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း ပြန့်ပွါးခြင်းကို အဓိက တားဆီးနိုင်ဖို့ထုတ်လုပ်ထားပြီး တစ်နေ့လျှင် ၂ကြိမ်နဲ့ ၅ရက်သောက် သုံးနိုင်မှာ ဖြစ်ပါတယ်။

Pfizer က ဆေးဘက်ဆိုင်ရာစမ်းသပ်မှုရလဒ် များသည် ကိုဗစ်ကူးစက်ခံထားရသော လူနာများကို ဖြစ်ဖြစ်ချင်း ၅ရက်အတွင်းအသုံးပြုခိုင်းသည့်အခါ ဆေးရုံတက်ခြင်း(သို့)သေဆုံးနိုင် ခြေ ၈၈% လျော့ကျကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

Paxlovod ဟာ Omicron မျိုးကွဲကို ဆန့်ကျင်တဲ့လုပ်ဆောင်ချက်ကိုလည်း တွေ့ရတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

အမေရိကန်မှာ ကိုဗစ်၁၉ကုသမှုအတွက် သောက်ဆေးကို ပထမဆုံးမိတ်ဆက်ပေးနိုင်ခဲ့ပြီး အခုလိုခွင့်ပြုလိုက်တာဟာ မျိုးကွဲအသစ်တွေ ထွက်ပေါ်လာတာနဲ့အမျှ ကိုဗစ်၁၉ကို တိုက်ထုတ်ဖို့ ကိရိယာအသစ်တစ်ခု ပံ့ပိုးပေးလိုက်တာပဲလို့ အမေရိကန် FDA က ပြောပါတယ်။

Ref: NHK/FDA authorizes Pfizer’s antiviral COVID-19 pill
Photo Credit- US News

(Zawgyi)

Pfizer ရဲ႕ ကိုဗစ္ ၁၉ေသာက္ေဆးကို အေမရိကန္ FDA အတည္ျပဳ

အေမရိကန္ FDA က Pfizer ေဆးဝါးကုမၸဏီမွထုတ္လုပ္တဲ့ ကိုဗစ္၁၉ေသာက္ေဆးကို အေရးေပၚအသုံးျပဳဖို႔အတြက္ ခြင့္ျပဳလိုက္ပါတယ္။

အျပင္းအထန္ဖ်ားနာျမင့္ျမင့္မားတဲ့ အသက္ ၁၂ႏွစ္နဲ႔အထက္လူနာေတြကို ကိုဗစ္၁၉ေသာက္ ေဆး Paxlovod သုံးစြဲႏိုင္တယ္လို႔ ဗုဒၶဟူးေန႔က ေၾကညာခဲ့ပါတယ္။

ကိုဗစ္၁၉ ေသာက္ေဆးကို ေဆးစာပါမွသာရရွိမွာျဖစ္ၿပီး ကိုဗစ္၁၉ကူးစက္ခံရေၾကာင္း သိရွိၿပီးတာႏွင့္ ေရာဂါလကၡဏာျပတဲ့ ၅ရက္အတြင္း ျမန္ႏိုင္သမွ် ျမန္ျမန္ေသာက္သုံးဖို႔လိုတယ္လို႔ အေမရိကန္ FDA က ေျပာပါတယ္။

Paxlovod ဟာ ဗိုင္းရပ္စ္ပိုးေတြ ခႏၶာကိုယ္တြင္း ျပန္႔ပြါးျခင္းကို အဓိက တားဆီးႏိုင္ဖို႔ထုတ္လုပ္ထားၿပီး တစ္ေန႔လွ်င္ ၂ႀကိမ္နဲ႔ ၅ရက္ေသာက္ သုံးႏိုင္မွာ ျဖစ္ပါတယ္။

Pfizer က ေဆးဘက္ဆိုင္ရာစမ္းသပ္မႈရလဒ္ မ်ားသည္ ကိုဗစ္ကူးစက္ခံထားရေသာ လူနာမ်ားကို ျဖစ္ျဖစ္ခ်င္း ၅ရက္အတြင္းအသုံးျပဳခိုင္းသည့္အခါ ေဆး႐ုံတက္ျခင္း(သို႔)ေသဆုံးႏိုင္ ေျခ ၈၈% ေလ်ာ့က်ေၾကာင္း ေတြ႕ရတယ္လို႔ ဆိုပါတယ္။

Paxlovod ဟာ Omicron မ်ိဳးကြဲကို ဆန္႔က်င္တဲ့လုပ္ေဆာင္ခ်က္ကိုလည္း ေတြ႕ရတယ္လို႔ ကုမၸဏီက ေျပာပါတယ္။

အေမရိကန္မွာ ကိုဗစ္၁၉ကုသမႈအတြက္ ေသာက္ေဆးကို ပထမဆုံးမိတ္ဆက္ေပးႏိုင္ခဲ့ၿပီး အခုလိုခြင့္ျပဳလိုက္တာဟာ မ်ိဳးကြဲအသစ္ေတြ ထြက္ေပၚလာတာနဲ႔အမွ် ကိုဗစ္၁၉ကို တိုက္ထုတ္ဖို႔ ကိရိယာအသစ္တစ္ခု ပံ့ပိုးေပးလိုက္တာပဲလို႔ အေမရိကန္ FDA က ေျပာပါတယ္။

Ref: NHK/FDA authorizes Pfizer’s antiviral COVID-19 pill
Photo Credit- US News


LEAVE A REPLY

Please enter your comment!
Please enter your name here