ဟင်းသီးဟင်းရွက်ဆီဟူ၍ ယေဘူယျဆန်ဖော်ပြခြင်းထက် ပါဝင်ပစ္စည်းတိကျစွာညွှန်းဆိုရန် စာထုတ်

0
380

(Unicode)

ဟင်းသီးဟင်းရွက်ဆီဟူ၍ ယေဘူယျဆန်ဖော်ပြခြင်းထက် ပါဝင်ပစ္စည်းတိကျစွာညွှန်းဆိုရန် စာထုတ်

အမျိုးသားအစားအသောက်ဥပဒေအရ အမှတ်တံဆိပ်ပါ စားသုံးဆီများအား ထိန်းချုပ်အစားအသောက်အဖြစ် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က ၂၀၂၁ နိုဝင်ဘာ ၂၇တွင် သတ်မှတ်ကြေညာပြီးနောက် နစကစီးပွားရေးနှင့်ကူးသန်းဝန်ကြီးဌာနက ဈေးကွက်အတွင်းရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားအပေါ် လိုက်နာရမည့် အချက်များအား ဒီဇင်ဘာ၂၂ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။ ပုဒ်မ ၈၃ ပုဒ်မခွဲ (ခ) အရအပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ညွှန်ကြားချက် ထုတ်ပြန်လိုက်ရာတွင်အချို့သော စားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ (Vegetable oil, Cooking Oil) ဟူ၍ ဖော်ပြပြီးထုတ်လုပ်ဖြန့်ဖြူး ရောင်းချ လျက်ရှိကြောင်း စိစစ်တွေ့ရှိ၍ အဆိုပါ “ဟင်းသီးဟင်းရွက်ဆီ (Vegetable oil, Cooking oil)” ဟူသည့် ဖော်ပြချက်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ကုန်စည်တစ်ခုခု၏ အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြ | ထားခြင်းမရှိသော ယေဘုယျဆန်သည့် အမျိုးအမည်တစ်ခုသာဖြစ်သည့်အတွက်စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက် အပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable oil, Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် –

ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့် ဖော်ပြရန်- (ဥပမာ) ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ ဖော်ပြရမည်ဟုသိရသည်။

ယင်းအပြင် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်သည်။

 ဤညွှန်ကြားချက်သည် စတင်ထုတ်ပြန်ပြီး ၆ လပြည့်မြောက်ပြီးသည့် နေ့ရက်မှစတင်အာဏာသက်ရောက်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု နစကစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။

(Zawgyi)

ဟင္းသီးဟင္း႐ြက္ဆီဟူ၍ ေယဘူယ်ဆန္ေဖာ္ျပျခင္းထက္ ပါဝင္ပစၥည္းတိက်စြာၫႊန္းဆိုရန္ စာထုတ္

အမ်ိဳးသားအစားအေသာက္ဥပေဒအရ အမွတ္တံဆိပ္ပါ စားသုံးဆီမ်ားအား ထိန္းခ်ဳပ္အစားအေသာက္အျဖစ္ ျမန္မာႏိုင္ငံ အစားအေသာက္ႏွင့္ေဆးဝါးအာဏာပိုင္အဖြဲ႕က ၂၀၂၁ ႏိုဝင္ဘာ ၂၇တြင္ သတ္မွတ္ေၾကညာၿပီးေနာက္ နစကစီးပြားေရးႏွင့္ကူးသန္းဝန္ႀကီးဌာနက ေဈးကြက္အတြင္းေရာင္းခ်ေနသည့္ ဟင္းသီးဟင္း႐ြက္ဆီ (Vegetable Oil, Cooking Oil) ႏွင့္ စပ္လ်ဥ္း၍ ကုန္အၫႊန္းအမွတ္အသားအေပၚ လိုက္နာရမည့္ အခ်က္မ်ားအား ဒီဇင္ဘာ၂၂ရက္တြင္ ထုတ္ျပန္ေၾကညာလိုက္သည္။

စားသုံးသူကာကြယ္ေရးဥပေဒ (၂၀၁၉ ခုႏွစ္၊ ျပည္ေထာင္စုလႊတ္ေတာ္ဥပေဒအမွတ္ ၉။ ပုဒ္မ ၈၃ ပုဒ္မခြဲ (ခ) အရအပ္ႏွင္း ထားေသာ လုပ္ပိုင္ခြင့္ကို က်င့္သုံး၍ ၫႊန္ၾကားခ်က္ ထုတ္ျပန္လိုက္ရာတြင္အခ်ိဳ႕ေသာ စားသုံးဆီမ်ားကို ဟင္းသီးဟင္း႐ြက္ဆီ (Vegetable oil, Cooking Oil) ဟူ၍ ေဖာ္ျပၿပီးထုတ္လုပ္ျဖန႔္ျဖဴး ေရာင္းခ် လ်က္ရွိေၾကာင္း စိစစ္ေတြ႕ရွိ၍ အဆိုပါ “ဟင္းသီးဟင္း႐ြက္ဆီ (Vegetable oil, Cooking oil)” ဟူသည့္ ေဖာ္ျပခ်က္သည္ ကုန္အၫႊန္းအမွတ္အသား ေဖာ္ျပျခင္းဆိုင္ရာ ျပ႒ာန္းခ်က္မ်ားအရ ကုန္စည္တစ္ခုခု၏ အမ်ိဳးအမည္မဟုတ္သည့္အျပင္ ပင္ရင္းပါဝင္ပစၥည္းကို အေျခခံေဖာ္ျပ | ထားျခင္းမရွိေသာ ေယဘုယ်ဆန္သည့္ အမ်ိဳးအမည္တစ္ခုသာျဖစ္သည့္အတြက္စားသုံးသူမ်ား ထင္ေယာင္ထင္မွားမျဖစ္ေစေရးႏွင့္ အေျခခံလိုအပ္ခ်က္ အေပၚတြင္ စိတ္ေက်နပ္မႈရွိေစေရးအတြက္ သက္ဆိုင္ရာ စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ေဈးကြက္အတြင္း ျဖန႔္ျဖဴးေရာင္းခ်သည့္ ဟင္းသီးဟင္း႐ြက္ဆီ (Vegetable oil, Cooking Oil) အမ်ိဳးအစားႏွင့္စပ္လ်ဥ္း၍ ကုန္အၫႊန္းအမွတ္အသားေဖာ္ျပရာတြင္ –

ပင္ရင္းပါဝင္ပစၥည္းကို အေျခခံေသာ ကုန္စည္၏ အမ်ိဳးအမည္ကို တိက်စြာျမန္မာဘာသာျဖင့္ ေဖာ္ျပရန္- (ဥပမာ) ဟင္းသီးဟင္း႐ြက္ဆီ (စားအုန္းဆီ)၊ဟင္းသီးဟင္း႐ြက္ဆီ (အဆင့္ျမင့္စားအုန္းဆီ)ဟူ၍ ေဖာ္ျပရမည္ဟုသိရသည္။

ယင္းအျပင္ ကုန္စည္၏ အသားတင္ပမာဏႏွင့္ အ႐ြယ္အစားတို႔အား ျမန္မာ့အေလးခ်ိန္ယူနစ္ျဖစ္ေသာ ပိႆာ၊ က်ပ္သား တို႔ကို ျမန္မာဘာသာျဖင့္ ေဖာ္ျပရမည္ျဖစ္သည္။

 ဤၫႊန္ၾကားခ်က္သည္ စတင္ထုတ္ျပန္ၿပီး ၆ လျပည့္ေျမာက္ၿပီးသည့္ ေန႔ရက္မွစတင္အာဏာသက္ေရာက္မည္ျဖစ္ၿပီး စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ လိုက္နာမႈမရွိပါက စားသုံးသူကာကြယ္ေရးဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ဟု နစကစီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ေျပာဆိုသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here