Snowdrop ရဲ့ အပိုင်း(၃)ပိုင်းဆက်တိုက်ထုတ် လွှင့်မည်

0
234

(Unicode)

Snowdrop ရဲ့ အပိုင်း(၃)ပိုင်းဆက်တိုက်ထုတ် လွှင့်မည်

သမိုင်းဆိုင်ရာ အငြင်းပွါးမှုတွေအပြီးမှာ JTBC က ကြည့်ရှုသူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေ လျှော့ဖို့အတွက် အထူးထုတ်လွှင့်မှုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒရာမာအပေါ် နားလည်မှုလွဲမှားမှုတွေကို ဖြေရှင်းနိုင်ဖို့မျှော်လင့်ချက်နဲ့ JTBC မှ Snowdrop အပိုင်း၃၊၄နဲ့ ၅တို့ကို ဒီဇင်ဘာ ၂၄၊၂၅နဲ့ ၂၆တို့မှာ ဆက်တိုက်ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၃ရက်နေ့မှာ JTBC မှ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ-
” JTBC ရဲ့ Snowdrop အတွက် အငြင်းပွါးမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ဒရာမာရဲ့ သဘောသဘာဝအရ ဇာတ်ကြောင်းအားလုံးကိုတပြိုင်နက် ထုတ်လွှင့်ခြင်းမပြုနိုင်တာကြောင့် ဇာတ်လမ်းအစမှာ နားလည်မှုလွဲမှားတာ တစ်ခုခု ပေါ်ပေါက်လာပုံရပါတယ်။

ဒါကြောင့် JTBC ဟာ ကြည့်ရှုသူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေလျှော့ဖို့အတွက် အထူးအစီအ စဉ်တွေကို အချိန်မီထုတ်လွှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၄မှ ၂၆ရက်ထိ ၃ရက်ဆက်တိုက်ထုတ်လွှင့်မယ့် Snowdrop အပိုင်း ၃မှ အပိုင်း ၅ သည် တောင်ကိုရီးယာနိုင်ငံသို့ စေလွှတ်ခံရ သော မြောက်ကိုရီးယားသူလျှို Su Ho(Jung Hae In)ရဲ့ နောက်ခံဇာတ်လမ်းကို ထုတ်ဖော်ပြသမှာ ဖြစ်ပါတယ်။

ဒရာမာမှာ အမျိုးသားလုံခြုံမှုစီမံရေးအေဂျင်စီဟာ သူလျှိုတွေကို တောင်ကိုရီးယားကို ပို့ဆောင်ပေးတဲ့ အဖွဲ့အစည်းဖြစ်ပြီး မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေဟာ အာ ဏာနဲ့ ငွေကြေးအတွက် ပူးပေါင်းဆောင်ရွက် ကြမယ့်အကြောင်းတွေ ပါဝင်မှာပါ။

ဒါ့အပြင် ၄င်းတို့ရဲ့လျှို့ဝှက်လုပ်ဆောင်မှုတွေမှာ အဖမ်းခံရတဲ့လူငယ်တွေရဲ့ ဇာတ်လမ်းအကြောင်းအရာလည်း ပါဝင်ပါလိမ့်မယ်။

JTBC အနေနဲ့ ကျွန်ုပ်တို့ရဲ့ ဒရာမာနဲ့ပတ်သက် ပြီး အမျိုးမျိုးသောအမြင်များနဲ့ ထင်မြင်ချက်များကို လေးစားပါတယ်။ကြည့်ရှုသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ကြားနိုင်ဖို့ ကျွန်ုပ်တို့ဟာ portal site ရဲ့ real-time chat window နဲ့ official viewer’s message board တို့ကို ဖွင့်ပြီး မတူညီတဲ့အသံတွေကို နားထောင်နေပါတယ်။

ကြည့်ရှုသူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့အတွက် အထူးအချိန်ဇယားကိုလည်း ဆုံးဖြတ် ခဲ့ပါတယ်။သင်တို့၏ ထင်မြင်ယူဆချက်များကို ဆက်လက်နားထောင်ပြီး ကောင်းမွန်သော အကြောင်းအရာများကို ဖန်တီးရန် ကျွန်ုပ်တို့ အကောင်းဆုံး လုပ်ဆောင်သွားပါမည်” ဟု ပါရှိပါတယ်။

Snowdrop ဒရာမာဟာ အပိုင်း ၁ ထုတ်လွှင့်တဲ့နေ့မှာတင် အငြင်းပွါးမှုတွေဖြစ်နေပြီး ဒရာမာကို ဆက်လက်မပြသဖို့ တောင်ကိုရီးယားပြည် သူတွေက အိမ်ပြာတော်ထိ လက်မှတ်ထိုးတောင်းဆိုခဲ့ကြပါတယ်။

ဇာတ်လမ်းထဲမှာ အဓိကမင်းသမီးသရုပ်ဆောင် အဖြစ်ပါဝင်တဲ့ BlackPink အဖွဲ့ဝင် Jisoo ဘက်နေ ရပ်တည်ကြတဲ့ BlackPink အဖွဲ့ဝင် တွေလည်း ဝေဖန်ခံခဲ့ရပါတယ်။

(Zawgyi)





ထုတ်ပြန်ချက်ထဲမှာ-










LEAVE A REPLY

Please enter your comment!
Please enter your name here