ပုလဲအတွဲပေါင်း၃၀၀ကျော်၊ကျောက်စိမ်းအတွဲပေါင်း၆၀၀ကျော် ရောင်းချနိုင်ခဲ့

0
225

(Unicode)

ပုလဲအတွဲပေါင်း၃၀၀ကျော်၊ကျောက်စိမ်းအတွဲပေါင်း၆၀၀ကျော် ရောင်းချနိုင်ခဲ့

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဒီဇင်ဘာ ၁၇ ရက်မှ စတင်ကျင်းပလာခဲ့သည့်၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြသရောင်းချပွဲသည် ဒီဇင်ဘာ ၂၂ရက်တွင် ပြီးဆုံးသွားပြီဖြစ်သည်။

ပြပွဲနောက်ဆုံးနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၅၀၁) မှ (၇၈၀) အထိ ကျောက်စိမ်းအတွဲ ၂၈၀ ကို တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ အတွဲပေါင်း ၂၂၈ တွဲ ရောင်းချနိုင်ခဲ့သည်ဟု ပြပွဲဗဟို ကော်မတီထံမှ သိရသည်။

၆ရက်ကြာကျင်းပသည့် ပြပွဲအတွင်း ပုလဲအတွဲ ၃၃၀ နှင့် ကျောက်စိမ်းအတွဲ ၇၈၀ ကို ပြသရောင်းချပေးခဲ့ရာ ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များသည် ပြသထားသည့် ပုလဲအတွဲများနှင့် ကျောက်စိမ်း အတွဲများကို လွတ်လပ်စွာ လေ့လာကြည့်ရှုခဲ့ကြပြီး ပုလဲအတွဲပေါင်း ၃၃၀ နှင့် ကျောက်စိမ်းအတွဲ ပေါင်း ၆၂၂ တွဲကို ရောင်းချပေးနိုင်ခဲ့ကြောင်း ပြပွဲဗဟို ကော်မတီက ကြေညာသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်က စတင်ကျင်းပလာခဲ့ရာ နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ပြပွဲ ၉၅ ပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲ ၁၉ ပွဲ ကျင်းပနိုင်ခဲ့ပြီး ယခုကျင်းပသည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲသည် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ၉၆ ပွဲမြောက်ပွဲဖြစ်သည်။

(Zawgyi)

ပုလဲအတြဲေပါင္း၃၀၀ေက်ာ္၊ေက်ာက္စိမ္းအတြဲေပါင္း၆၀၀ေက်ာ္ ေရာင္းခ်ႏိုင္ခဲ့

ေနျပည္ေတာ္ရွိ မဏိရတနာေက်ာက္စိမ္းခန္းမ၌ ဒီဇင္ဘာ ၁၇ ရက္မွ စတင္က်င္းပလာခဲ့သည့္၂၀၂၁ ခုႏွစ္ ပုလဲအတြဲမ်ားႏွင့္ ေက်ာက္စိမ္းအတြဲမ်ား ျပသေရာင္းခ်ပြဲသည္ ဒီဇင္ဘာ ၂၂ရက္တြင္ ၿပီးဆုံးသြားၿပီျဖစ္သည္။

ျပပြဲေနာက္ဆုံးေန႔တြင္ ေက်ာက္စိမ္းအတြဲအမွတ္ (၅၀၁) မွ (၇၈၀) အထိ ေက်ာက္စိမ္းအတြဲ ၂၈၀ ကို တင္ဒါစနစ္ျဖင့္ ေရာင္းခ်ေပးခဲ့ရာ အတြဲေပါင္း ၂၂၈ တြဲ ေရာင္းခ်ႏိုင္ခဲ့သည္ဟု ျပပြဲဗဟို ေကာ္မတီထံမွ သိရသည္။

၆ရက္ၾကာက်င္းပသည့္ ျပပြဲအတြင္း ပုလဲအတြဲ ၃၃၀ ႏွင့္ ေက်ာက္စိမ္းအတြဲ ၇၈၀ ကို ျပသေရာင္းခ်ေပးခဲ့ရာ ျပည္တြင္း/ျပည္ပ ရတနာကုန္သည္မ်ားသည္ ျပသထားသည့္ ပုလဲအတြဲမ်ားႏွင့္ ေက်ာက္စိမ္း အတြဲမ်ားကို လြတ္လပ္စြာ ေလ့လာၾကည့္ရႈခဲ့ၾကၿပီး ပုလဲအတြဲေပါင္း ၃၃၀ ႏွင့္ ေက်ာက္စိမ္းအတြဲ ေပါင္း ၆၂၂ တြဲကို ေရာင္းခ်ေပးႏိုင္ခဲ့ေၾကာင္း ျပပြဲဗဟို ေကာ္မတီက ေၾကညာသည္။

ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲမ်ားကို ၁၉၆၄ ခုႏွစ္က စတင္က်င္းပလာခဲ့ရာ ႏိုင္ငံျခားေငြျဖင့္ ေရာင္းခ်သည့္ ျပပြဲ ၉၅ ပြဲ၊ ျမန္မာက်ပ္ေငြျဖင့္ ေရာင္းခ်သည့္ ျပပြဲ ၁၉ ပြဲ က်င္းပႏိုင္ခဲ့ၿပီး ယခုက်င္းပသည့္ ၂၀၂၁ ခုႏွစ္ ပုလဲအတြဲမ်ားႏွင့္ ေက်ာက္စိမ္းအတြဲမ်ား ျပပြဲသည္ ႏိုင္ငံျခားေငြျဖင့္ ေရာင္းခ်သည့္ ၉၆ ပြဲေျမာက္ပြဲျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here