ကျန်းမာရေးမကောင်း၍ NLD စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း ရုံးချိန်းမလာနိုင်ခဲ့

0
301

(Unicode)

ကျန်းမာရေးမကောင်း၍ NLD စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း ရုံးချိန်းမလာနိုင်ခဲ့

နေပြည်တော်တွင် ယနေ့ ချိန်းဆိုထားသည့် ရုံးချိန်းသို့ ကျန်းမာရေး မကောင်းသောကြောင့် တရားရင်ဆိုင်နေရသူ NLD စီမံဘဏ္ဍာ ဝန်ကြီးဟောင်း ဦးစိုးဝင်း မလာရောက်နိုင်ကြောင်း တရားရုံးနှင့် နီးစပ်သူများအသိုင်းအဝိုင်းက အတည်ပြု ပြောဆိုသည်။

“ဦးစိုး၀င်းက ပြီးခဲ့တဲ့ တစ်ပတ်လောက်ကပဲ နေပြည်တော် အချုပ်ထောင်ကနေပြီးတော့ ခုတင် တစ်ထောင် ဆေးရုံမှာ ကုနေရတာပါ။ မနေ့က ခွဲစိတ်တာ လုပ်ပါတယ်။ကျွန်တော်တို့ သိရသလောက်ကတော့ အူမကြီး ကင်ဆာလို့ ပြောတယ်။အသက်ကလည်း ကြီးပြီဆိုတော့ အခု ဆေးရုံမှာပဲလို့ သိရတာပါ”ဟု အဆိုပါ အသိုင်းအဝိုင်းထဲမှ တစ်ဦးကပြောသည်။

ယနေ့ ရုံးထုတ်တွင် ဦးစိုးဝင်း မလာရောက်နိုင်သောကြောင့် လာမည့် ဒီဇင်ဘာလ ၃၀ ရက်ကို ရုံးချိန်း ထပ်မံ ချိန်းဆိုလိုက်ကြောင်းသိရသည်။

လက်ရှိတွင် ဦးစိုးဝင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တားနဲလ်၏ “မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ – ၃ (၁) (ဂ)”အမှုတွင် ပါ၀င်နေသူ ဖြစ်သည်။

ယင်းအမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊စက်မှုဒုဝန်ကြီး​ဟောင်း ဦးဆက်အောင် နှင့် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ ပါ၀င်ကြခြင်း ဖြစ်သည်။

(Zawgyi)

က်န္းမာေရးမေကာင္း၍ NLD စီမံဘ႑ာဝန္ႀကီးေဟာင္း ဦးစိုးဝင္း ႐ုံးခ်ိန္းမလာႏိုင္ခဲ့

ေနျပည္ေတာ္တြင္ ယေန႔ ခ်ိန္းဆိုထားသည့္ ႐ုံးခ်ိန္းသို႔ က်န္းမာေရး မေကာင္းေသာေၾကာင့္ တရားရင္ဆိုင္ေနရသူ NLD စီမံဘ႑ာ ဝန္ႀကီးေဟာင္း ဦးစိုးဝင္း မလာေရာက္ႏိုင္ေၾကာင္း တရား႐ုံးႏွင့္ နီးစပ္သူမ်ားအသိုင္းအဝိုင္းက အတည္ျပဳ ေျပာဆိုသည္။

“ဦးစိုး၀င္းက ၿပီးခဲ့တဲ့ တစ္ပတ္ေလာက္ကပဲ ေနျပည္ေတာ္ အခ်ဳပ္ေထာင္ကေနၿပီးေတာ့ ခုတင္ တစ္ေထာင္ ေဆး႐ုံမွာ ကုေနရတာပါ။ မေန႔က ခြဲစိတ္တာ လုပ္ပါတယ္။ကြၽန္ေတာ္တို႔ သိရသေလာက္ကေတာ့ အူမႀကီး ကင္ဆာလို႔ ေျပာတယ္။အသက္ကလည္း ႀကီးၿပီဆိုေတာ့ အခု ေဆး႐ုံမွာပဲလို႔ သိရတာပါ”ဟု အဆိုပါ အသိုင္းအဝိုင္းထဲမွ တစ္ဦးကေျပာသည္။

ယေန႔ ႐ုံးထုတ္တြင္ ဦးစိုးဝင္း မလာေရာက္ႏိုင္ေသာေၾကာင့္ လာမည့္ ဒီဇင္ဘာလ ၃၀ ရက္ကို ႐ုံးခ်ိန္း ထပ္မံ ခ်ိန္းဆိုလိုက္ေၾကာင္းသိရသည္။

လက္ရွိတြင္ ဦးစိုးဝင္းအေနျဖင့္ ေဒၚေအာင္ဆန္းစုၾကည္၏ စီးပြားေရးအႀကံေပး မစၥတာ ေရွာင္တားနဲလ္၏ “ျမန္မာႏိုင္ငံအစိုးရ လွ်ိဳ႕ဝွက္ခ်က္ ဥပေဒပုဒ္မ – ၃ (၁) (ဂ)”အမႈတြင္ ပါ၀င္ေနသူ ျဖစ္သည္။

ယင္းအမႈတြင္ ေဒၚေအာင္ဆန္းစုၾကည္၊စက္မႈဒုဝန္ႀကီး​ေဟာင္း ဦးဆက္ေအာင္ ႏွင့္ စီမံဘ႑ာဝန္ႀကီးေဟာင္း ဦးေက်ာ္ဝင္း တို႔ ပါ၀င္ၾကျခင္း ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here