ထိုင်းထီများတရားမဝင်ရောင်းချမှုကို တားဆီးရန် ဒစ်ဂျစ်တယ်စနစ်ပြောင်းဖို့ စီစဉ်

0
212

(Unicode)

ထိုင်းထီများတရားမဝင်ရောင်းချမှုကို တားဆီးရန် ဒစ်ဂျစ်တယ်စနစ်ပြောင်းဖို့ စီစဉ်

Photo credit-Bangkok Post

ထိုင်းအစိုးရထီရုံး GLO ဟာ ထိုင်းထီလက်မှတ် တွေကို ဖောင်းပွတဲ့စျေးနှုန်းနဲ့ ရောင်းချနေမှုကို တားဆီးဖို့အတွက် ဒစ်ဂျစ်တယ်ထီတွေကို ထုတ်ပေးဖို့စီစဉ်နေပါတယ်။

ဒစ်ဂျစ်တယ်ထီရွေးချယ်ခွင့်ကို ပြီးခဲ့တဲ့ကြာသာပတေးနေ့ကပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ထည့်သွင်းစဉ်းစားဖို့ GLO က ဘုတ်အဖွဲ့ထံ အဆို ပြုသည့် အစီအမံတွေထဲက တစ်ခုဖြစ်တယ်လို့ ဘုတ်အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်တဲ့ ပြောရေးဆိုခွင့်ရှိသူ Assoc Prof Thanawat Polvichai က အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

ဒစ်ဂျစ်တယ်ထီကတော့ အခြားပုံစံနဲ့ရိုက်နှိပ် ထားတဲ့ ထီလက်မှတ်တွေကို အွန်လိုင်းပလက် ဖောင်းအသစ်မှတဆင့် ရောင်းချမယ့် အစီအစဉ်ဖြစ်ပါတယ်။

GLO က ပုံမှန်ထီလက်မှတ်နဲ့ ဂဏန်း ၂လုံး ၃လုံး ထီလက်မှတ်များအပါအဝင် အခြားရွေးချယ်စရာ ၃ခုကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပြီး ရိုက်နှိပ်မယ့်လက်မှတ်အမျိုးအစားကို နောက်ပိုင်းမှာ ဆုံးဖြတ်မှာဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။

ထိုင်းထီလက်မှတ်တွေကို အွန်လိုင်းကရောင်းချတာဟာ လူငယ်လူရွယ်တွေကြားထဲမှာ ရေပန်းစားနေတယ်ဆိုပေမယ့် ဒီပြောင်းလဲမှုဟာ လက် ရှိစာရင်းသွင်းထားတဲ့ ရောင်းချမှုတွေကို သက် ရောက််မှုရှိမှာမဟုတ်ဘူးလို့ ၄င်းက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ လာအိုနဲ့ဗီယက်နမ်အပါအဝင် ဒစ်ဂျစ်တယ်ထီတွေကို ရောင်းချပေးနေတဲ့ ၄င်းရဲ့အိမ်နီးချင်းတွေရဲ့နောက်မှာ နောက်ကျကျန်ခဲ့တယ်လို့လည်း Prof Thanawat က ပြောပါတယ်။

အွန်လိုင်းကနေရောင်းချနေတဲ့ မှတ်ပုံမတင်ထားတဲ့သူတွေဟာ တရားဝင်လိုင်စင်ရ ရောင်းချသူတွေရောင်းတဲ့ ဘတ် ၈၀ထက် ကျော်လွန်ပြီးစျေးတင်ရောင်းနေကြတယ်လို့လည်း ထိုင်းအစိုးရထီရုံး (GLO)က ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေမှာ ထိုင်းထီလက်မှတ်ပေါင်း သန်း ၁၀၀ ရဲ့ ၁၀%မှ ၅% ကြားရောင်းချသူတွေဟာ မှတ်ပုံမတင်ထားသူတွေဖြစ်ပြီး ရောင်းချသူအရေအတွက်ဟာ ၂၀၁၅ မှာ ၂၀၀,၀၀၀ လောက်ရှိခဲ့ပြီး ခုချိန်မှာတော့ ၄၀၀,၀၀၀ ထိရှိလာပြီး ၂ဆတိုးလာတယ်လို့ ဆိုပါတယ်။

Ref:Bangkok Post/Digital lottery’ to curb illegal sales

(Zawgyi)

ထိုင္းထီမ်ားတရားမဝင္ေရာင္းခ်မႈကို တားဆီးရန္ ဒစ္ဂ်စ္တယ္စနစ္ေျပာင္းဖို႔ စီစဥ္

ထိုင္းအစိုးရထီ႐ုံး GLO ဟာ ထိုင္းထီလက္မွတ္ ေတြကို ေဖာင္းပြတဲ့ေစ်းႏႈန္းနဲ႔ ေရာင္းခ်ေနမႈကို တားဆီးဖို႔အတြက္ ဒစ္ဂ်စ္တယ္ထီေတြကို ထုတ္ေပးဖို႔စီစဥ္ေနပါတယ္။

ဒစ္ဂ်စ္တယ္ထီေ႐ြးခ်ယ္ခြင့္ကို ၿပီးခဲ့တဲ့ၾကာသာပေတးေန႔ကျပဳလုပ္ခဲ့တဲ့ အစည္းအေဝးမွာ ထည့္သြင္းစဥ္းစားဖို႔ GLO က ဘုတ္အဖြဲ႕ထံ အဆို ျပဳသည့္ အစီအမံေတြထဲက တစ္ခုျဖစ္တယ္လို႔ ဘုတ္အဖြဲ႕ဝင္တစ္ေယာက္လည္းျဖစ္တဲ့ ေျပာေရးဆိုခြင့္ရွိသူ Assoc Prof Thanawat Polvichai က အဂၤါေန႔မွာ ေျပာခဲ့ပါတယ္။

ဒစ္ဂ်စ္တယ္ထီကေတာ့ အျခားပုံစံနဲ႔႐ိုက္ႏွိပ္ ထားတဲ့ ထီလက္မွတ္ေတြကို အြန္လိုင္းပလက္ ေဖာင္းအသစ္မွတဆင့္ ေရာင္းခ်မယ့္ အစီအစဥ္ျဖစ္ပါတယ္။

GLO က ပုံမွန္ထီလက္မွတ္နဲ႔ ဂဏန္း ၂လုံး ၃လုံး ထီလက္မွတ္မ်ားအပါအဝင္ အျခားေ႐ြးခ်ယ္စရာ ၃ခုကိုလည္း ထည့္သြင္းစဥ္းစားခဲ့ၿပီး ႐ိုက္ႏွိပ္မယ့္လက္မွတ္အမ်ိဳးအစားကို ေနာက္ပိုင္းမွာ ဆုံးျဖတ္မွာျဖစ္တယ္လို႔ ၄င္းက ဆိုပါတယ္။

ထိုင္းထီလက္မွတ္ေတြကို အြန္လိုင္းကေရာင္းခ်တာဟာ လူငယ္လူ႐ြယ္ေတြၾကားထဲမွာ ေရပန္းစားေနတယ္ဆိုေပမယ့္ ဒီေျပာင္းလဲမႈဟာ လက္ ရွိစာရင္းသြင္းထားတဲ့ ေရာင္းခ်မႈေတြကို သက္ ေရာက္္မႈရွိမွာမဟုတ္ဘူးလို႔ ၄င္းက ေျပာပါတယ္။

ထိုင္းႏိုင္ငံဟာ လာအိုနဲ႔ဗီယက္နမ္အပါအဝင္ ဒစ္ဂ်စ္တယ္ထီေတြကို ေရာင္းခ်ေပးေနတဲ့ ၄င္းရဲ႕အိမ္နီးခ်င္းေတြရဲ႕ေနာက္မွာ ေနာက္က်က်န္ခဲ့တယ္လို႔လည္း Prof Thanawat က ေျပာပါတယ္။

အြန္လိုင္းကေနေရာင္းခ်ေနတဲ့ မွတ္ပုံမတင္ထားတဲ့သူေတြဟာ တရားဝင္လိုင္စင္ရ ေရာင္းခ်သူေတြေရာင္းတဲ့ ဘတ္ ၈၀ထက္ ေက်ာ္လြန္ၿပီးေစ်းတင္ေရာင္းေနၾကတယ္လို႔လည္း ထိုင္းအစိုးရထီ႐ုံး (GLO)က ဆိုပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေတြမွာ ထိုင္းထီလက္မွတ္ေပါင္း သန္း ၁၀၀ ရဲ႕ ၁၀%မွ ၅% ၾကားေရာင္းခ်သူေတြဟာ မွတ္ပုံမတင္ထားသူေတြျဖစ္ၿပီး ေရာင္းခ်သူအေရအတြက္ဟာ ၂၀၁၅ မွာ ၂၀၀,၀၀၀ ေလာက္ရွိခဲ့ၿပီး ခုခ်ိန္မွာေတာ့ ၄၀၀,၀၀၀ ထိရွိလာၿပီး ၂ဆတိုးလာတယ္လို႔ ဆိုပါတယ္။

Ref:Bangkok Post/Digital lottery’ to curb illegal sales


LEAVE A REPLY

Please enter your comment!
Please enter your name here