ကမ္ဘာပေါ်တွင် ကိုဗစ်ဖြစ်ပွါးမှုအများဆုံးနိုင်ငံများ

0
55

(Unicode)

ကမ္ဘာပေါ်တွင် ကိုဗစ်ဖြစ်ပွါးမှုအများဆုံးနိုင်ငံများ

ကမ္ဘာပေါ်မှာ ကိုဗစ်၁၉ ကြောင့် သေဆုံးသူဟာ ၅.၄သန်းကျော်ရှိလာပြီး ရောဂါဖြစ်ပွါးသူကတော့ ၂၇၈သန်းကျော်ရှိတယ်လို့ World meter ရဲ့ ဒေတာအချက်အလက်တွေအရ သိရပါတယ်။

တကမ္ဘာလုံးမှာ ကိုဗစ်ဖြစ်ပွါးမှုအများဆုံးနိုင်ငံကတော့ အမေရိကန်ပါ။ကိုဗစ်ရောဂါဖြစ်ပွါးသူ ၅၂သန်းကျော်ရှိပြီး သေဆုံးသူကတော့ ၈သိန်းကျော်ရှိနေပါပြီ။

အမေရိကရဲ့ ပြည်နယ်တော်တော်များများမှာ အိုမီခရွန်ကူးစက်မှုတွေရှိနေပြီး ပြည်နယ်အာဏာပိုင်တွေကတော့ ကူးစက်မှုကိုထိန်းချုပ်ဖို့အတွက် ကန့်သတ်ချက်တွေ လုပ်ဆောင်လျက်ရှိပါတယ်။

ကိုဗစ်ဖြစ်ပွါးမှုဒုတိယအများဆုံးနိုင်ငံကတော့ အိန္ဒိယနိုင်ငံပါ။ ကိုဗစ်ဖြစ်ပွါးသူ ၃၄သန်းကျော် ရှိပြီး သေဆုံးသူ ၄သိန်း ၇ သောင်းကျော်ရှိပါတယ်။

အိန္ဒိယနိုင်ငံကတော့ အိုမီခရွန်ကူးစက်မှု ၃၀၀ ကျော်ရှိနေပြီး နိုင်ငံသားတွေကို ကာကွယ်ဆေးအပြည့်အဝလွှမ်းခြုံနိုင်ဖို့ အစိုးရက ကြိုးစားလျက်ရှိပါတယ်။

ကမ္ဘာပေါ်မှာ ကိုဗစ်ဖြစ်ပွါးမှုတတိယအများဆုံးကတော့ ဘရာဇီးနိုင်ငံဖြစ်ပါတယ်။ ဖြစ်ပွါးသူ ၂၂သန်းကျော်ရှိပြီး သေဆုံးသူကတော့ ၆.၁ သန်းကျော်ရှိပါတယ်။

ဘရာဇီးဟာ အိုမီခရွန်ကို WHO က စိုးရိမ်မှုမျိုးကွဲအဖြစ် သတ်မှတ်ပြီး ၄ရက်အကြာမှာပဲ ပထမဆုံးကူးစက်သူကို တွေ့ရှိခဲ့တာပါ။

UK ကတော့ ကမ္ဘာပေါ်မှာ ကိုဗစ်ဖြစ်ပွါးမှု အများဆုံး စတုတ္ထမြောက်နိုင်ငံပါ။ကိုဗစ်ဖြစ်ပွါးသူ ၁၁.၄သန်းကျော်ရှိပြီး သေဆုံးသူကတော့ ၁သိန်း ၄သောင်းကျော်ရှိပါတယ်။

UK ကတော့ အိုမီခရွန်ကူးစက်မှုများနေပေမယ့်လည်း အာဖရိကနိုင်ငံတွေကို ပြည်ဝင်ခွင့်ပိတ် ထားခြင်းကို ဒီဇင်ဘာ ၁၅ရက်နေ့မှာ ရုပ်သိမ်းခဲ့ပါတယ်။

မြန်မာနိုင်ငံကတော့ ကမ္ဘာအဆင့်ကိုဗစ်ဖြစ်ပွါးမှုနှုန်းမှာ အဆင့် ၆၅ရှိပါတယ်။ဖြစ်ပွါးသူ ၅သိန်းကျော်ရှိပြီး သေဆုံးသူကတော့ ၁သောင်း ၉ထောင်ကျော်ရှိတယ်လို့ world meter ရဲ့ ဒေ တာအချက်အလက်တွေမှာ ဖော်ပြထားပါ။

(Zawgyi)

ကမာၻေပၚတြင္ ကိုဗစ္ျဖစ္ပြါးမႈအမ်ားဆုံးႏိုင္ငံမ်ား

ကမာၻေပၚမွာ ကိုဗစ္၁၉ ေၾကာင့္ ေသဆုံးသူဟာ ၅.၄သန္းေက်ာ္ရွိလာၿပီး ေရာဂါျဖစ္ပြါးသူကေတာ့ ၂၇၈သန္းေက်ာ္ရွိတယ္လို႔ World meter ရဲ႕ ေဒတာအခ်က္အလက္ေတြအရ သိရပါတယ္။

တကမာၻလုံးမွာ ကိုဗစ္ျဖစ္ပြါးမႈအမ်ားဆုံးႏိုင္ငံကေတာ့ အေမရိကန္ပါ။ကိုဗစ္ေရာဂါျဖစ္ပြါးသူ ၅၂သန္းေက်ာ္ရွိၿပီး ေသဆုံးသူကေတာ့ ၈သိန္းေက်ာ္ရွိေနပါၿပီ။

အေမရိကရဲ႕ ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ အိုမီခ႐ြန္ကူးစက္မႈေတြရွိေနၿပီး ျပည္နယ္အာဏာပိုင္ေတြကေတာ့ ကူးစက္မႈကိုထိန္းခ်ဳပ္ဖို႔အတြက္ ကန္႔သတ္ခ်က္ေတြ လုပ္ေဆာင္လ်က္ရွိပါတယ္။

ကိုဗစ္ျဖစ္ပြါးမႈဒုတိယအမ်ားဆုံးႏိုင္ငံကေတာ့ အိႏၵိယႏိုင္ငံပါ။ ကိုဗစ္ျဖစ္ပြါးသူ ၃၄သန္းေက်ာ္ ရွိၿပီး ေသဆုံးသူ ၄သိန္း ၇ ေသာင္းေက်ာ္ရွိပါတယ္။

အိႏၵိယႏိုင္ငံကေတာ့ အိုမီခ႐ြန္ကူးစက္မႈ ၃၀၀ ေက်ာ္ရွိေနၿပီး ႏိုင္ငံသားေတြကို ကာကြယ္ေဆးအျပည့္အဝလႊမ္းၿခဳံႏိုင္ဖို႔ အစိုးရက ႀကိဳးစားလ်က္ရွိပါတယ္။

ကမာၻေပၚမွာ ကိုဗစ္ျဖစ္ပြါးမႈတတိယအမ်ားဆုံးကေတာ့ ဘရာဇီးႏိုင္ငံျဖစ္ပါတယ္။ ျဖစ္ပြါးသူ ၂၂သန္းေက်ာ္ရွိၿပီး ေသဆုံးသူကေတာ့ ၆.၁ သန္းေက်ာ္ရွိပါတယ္။

ဘရာဇီးဟာ အိုမီခ႐ြန္ကို WHO က စိုးရိမ္မႈမ်ိဳးကြဲအျဖစ္ သတ္မွတ္ၿပီး ၄ရက္အၾကာမွာပဲ ပထမဆုံးကူးစက္သူကို ေတြ႕ရွိခဲ့တာပါ။

UK ကေတာ့ ကမာၻေပၚမွာ ကိုဗစ္ျဖစ္ပြါးမႈ အမ်ားဆုံး စတုတၳေျမာက္ႏိုင္ငံပါ။ကိုဗစ္ျဖစ္ပြါးသူ ၁၁.၄သန္းေက်ာ္ရွိၿပီး ေသဆုံးသူကေတာ့ ၁သိန္း ၄ေသာင္းေက်ာ္ရွိပါတယ္။

UK ကေတာ့ အိုမီခ႐ြန္ကူးစက္မႈမ်ားေနေပမယ့္လည္း အာဖရိကႏိုင္ငံေတြကို ျပည္ဝင္ခြင့္ပိတ္ ထားျခင္းကို ဒီဇင္ဘာ ၁၅ရက္ေန႔မွာ ႐ုပ္သိမ္းခဲ့ပါတယ္။

ျမန္မာႏိုင္ငံကေတာ့ ကမာၻအဆင့္ကိုဗစ္ျဖစ္ပြါးမႈႏႈန္းမွာ အဆင့္ ၆၅ရွိပါတယ္။ျဖစ္ပြါးသူ ၅သိန္းေက်ာ္ရွိၿပီး ေသဆုံးသူကေတာ့ ၁ေသာင္း ၉ေထာင္ေက်ာ္ရွိတယ္လို႔ world meter ရဲ႕ ေဒ တာအခ်က္အလက္ေတြမွာ ေဖာ္ျပထားပါ


LEAVE A REPLY

Please enter your comment!
Please enter your name here