တရုတ်နိုင်ငံ Xi’an မြို့က လူပေါင်း ၁၃သန်းကို Lockdown ချထား

0
171

(Unicode)

တရုတ်နိုင်ငံ Xi’an မြို့က လူပေါင်း ၁၃သန်းကို Lockdown ချထား

Photo Credit-The Guardian

တရုတ်နိုင်ငံအာဏာပိုင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် Xi’an မြို့တစ်မြို့လုံးကို Lockdown ချထားပါတယ်။

ဒီဇင်ဘာ ၉ရက်မှ ဒီဇင်ဘာ ၂၃ရက်အတွင်းမှာ Shaanxi ပြည်နယ်က မြို့တစ်မြို့မှာ ကိုဗစ်၁၉ ကူးစက်ခံရသူ ၂၅၀ရှိကြောင်း ကျန်းမာရေးတာ ဝန်ရှိသူတွေက ပြောပါတယ်။

Xi’an မြို့မှာ နိုင်ငံသား ၁၃သန်းခန့်ရှိပြီး အားလုံးကို PCR စစ်ဆေးမှုပြုလုပ်ထားပြီး ကြာသပတေးနေ့မှစကာ ၄င်းတို့ရဲ့ နေအိမ်တွေမှထွက်ခွါခွင့်ကို တားမြစ်ထားပါတယ်။

အစားအသောက်နှင့် အခြားလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အတွက် အိမ်ထောင်တစ်ခုစီမှ လူတစ်ဦးသာ ၂ရက်လျှင် ၁ကြိမ် အပြင်ထွက်ခွင့်ရှိပါတယ်။

တရုတ်နိုင်ငံရဲ့ အခြားဒေသတွေနဲ့ မြို့တော် Xi’an ကို ဆက်သွယ်ထားတဲ့ လေကြောင်းခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

တရုတ်နိုင်ငံဟာ ဖေဖော်ဝါရီလမှာကျင်းပမယ့် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲမစခင် အာ ဏာပိုင်တွေဟာ သတိထားစောင့်ကြည့်မှုတွေကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။

Ref: NHK/13 million people under lockdown in Xi’an, China

Photo Credit-The Guardian

(Zawgyi)











LEAVE A REPLY

Please enter your comment!
Please enter your name here