တပ်မတော်(ရေ)မှတည်ဆောက်ခဲ့သည့် စစ်ရေယာဥ် ၅ စီးအပါအဝင် ရေငုတ်သင်္ဘောစစ်ရေယာဥ်မင်းရဲကျော်ထင် တို့တပ်တော်ဝင်ခဲ့

0
670

တပ်မတော်(ရေ)မှတည်ဆောက်ခဲ့သည့် စစ်ရေယာဥ် ၅ စီးအပါအဝင် ရေငုတ်သင်္ဘောစစ်ရေယာဥ်မင်းရဲကျော်ထင်တို့တပ်တော်ဝင်ခဲ့

ရန်ကုန်မြို့၊အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ဒီ ဇင်ဘာ ၂၄ ရက်ကပြုလုပ်သည့် (၇၄)နှစ်မြောက် တပ်မတော်ရေနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။

တပ်တော်ဝင်ခဲ့သည့် ရေငုတ်စစ်သင်္ဘောအပါအ ဝင် စစ်ရေယာဥ် ၆ စီး၏ အချက်အလက်များအား စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်က ရှင်းလင်းပြောကြားခဲ့သည်။ထို့ နောက် တပ်တော်ဝင်စစ်ရေယာဥ်များနှင့်သက် ဆိုင်သည့် စာရွက်စာတမ်းများအား ရေတပ်သ င်္ဘောကျင်းဌာနချုပ်မှ ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဥ်မှူးထံလွှဲပြောင်းပေးအပ်ခဲ့သည်။

တပ်တော်ဝင်ခဲ့သည့် စစ်ရေယာဥ် ၆ စီးအနက် ကမ်းလွန်ရေယာဥ် တစ်စီး၊မြစ်တွင်းသွားကင်းလှည့်ရေယာဥ် နှစ်စီးနှင့်မြစ်တွင်းအမြန်သွားကင်းလှည့်ရေယာဥ် နှစ်စီးတို့သည် တပ်မတော်(ရေ)မှကိုယ်တိုင်တည်ဆောက်ခဲ့သည့် စစ်ရေယာဥ်များဖြစ်သည်။

“ရေတပ်သင်္ဘောကျင်းတွေကိုအဆင့်ဆင့် အဆင့်မြှင့်တင်နိုင်ခဲ့တာကြောင့် အဲဒီရေတပ်သင်္ဘော ကျင်းတွေက ၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ စစ်ရေယာဥ် ၉၄ စီးတပ်တော်ဝင်နိုင်ခဲ့တယ် ဆက် လက်ပြီးတော့လည်းတည်ဆောက်နေသလို စစ်ရေယာဥ်တွေတည်ဆောက်ရာမှာလည်း အရည်အ သွေးပိုမိုကောင်းမွန်လာတယ်”ဟု နစက ဥက္ကဋ္ဌကမိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောဆိုခဲ့သည်။

အလားတူ စွမ်းရည်ထက်မြတ်သည့် တိုက်ပွဲဝင်စစ်ရေယာဥ်များဖြစ်စေရေး စစ်ရေယာဥ်တစ်စင်းချင်းစီ၏ စွမ်းဆောင်နိုင်မှု(Capability)များတိုး တက်ကောင်းမွန်လာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကာ စစ်ရေယာဥ်များအနေဖြင့် တစ်စီးချင်းတိုက်ပွဲဝင်ရာတွင် Capability ပိုကောင်းသည့်တိုက်ပွဲဝင်စစ်ရေယာဥ်များဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဟုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

တပ်တော်ဝင်ခဲ့သည့် ရေငုတ်သင်္ဘောစစ်ရေယာဥ် မင်းရဲကျော်ထင်အား လေ့ကျင်ရေးအတွက် အဓိကထားပြီး လိုအပ်ပါက စစ်ဆင်ရေးတာဝန်များကိုလည်းထမ်းဆောင်နိုင်မည်ဖြစ်သည်။

မြစ်တွင်းအမြန်သွားကင်းလှည့်စစ်ရေယာဥ်များအား မြစ်တွင်းသယ်ပို့တာဝန်ထမ်းဆောင်နိုင်ရန်၊ဘက်စုံသုံး‌ရေယာဥ်များအဖြစ်အသုံးပြုနိုင်ရန်နှင့် မြစ်တွင်းစစ်ဆင်ရေးများ၌ လျင်မြန်စွာလှုပ်ရှားနိုင်ပြီး ပစ်အားနှင့်စစ်ကစားနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zaw Gyi

တပ္မေတာ္(ေရ)မွတည္ေဆာက္ခဲ့သည့္ စစ္ေရယာဥ္ ၅ စီးအပါအဝင္ ေရငုတ္သေဘၤာစစ္ေရယာဥ္မင္းရဲေက်ာ္ထင္တို႔တပ္ေတာ္ဝင္ခဲ့

ရန္ကုန္ၿမိဳ႕၊အမွတ္(၃)ေရတပ္ဆိပ္ခံတံတား၌ ဒီ ဇင္ဘာ ၂၄ ရက္ကျပဳလုပ္သည့္ (၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေရႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္အခမ္းအနားတြင္ တပ္ေတာ္ဝင္ခဲ့ျခင္းျဖစ္သည္။

တပ္ေတာ္ဝင္ခဲ့သည့္ ေရငု တ္စစ္သေဘၤာအပါအ ဝင္ စစ္ေရယာဥ္ ၆ စီး၏ အခ်က္အလက္မ်ားအား စစ္ဦးစီးအရာရွိခ်ဳပ္(ေရ)ဒုတိယဗိုလ္ခ်ဳပ္ႀကီးဇြဲဝင္းျမင့္က ရွင္းလင္းေျပာၾကားခဲ့သည္။ထို႔ ေနာက္ တပ္ေတာ္ဝင္စစ္ေရယာဥ္မ်ားႏွင့္သက္ ဆိုင္သည့္ စာရြက္စာတမ္းမ်ားအား ေရတပ္သ ေဘၤာက်င္းဌာနခ်ဳပ္မွ ဌာနခ်ဳပ္မွူးက ဗ်ဴဟာစစ္ေရယာဥ္မွူးထံလႊဲေျပာင္းေပးအပ္ခဲ့သည္။

တပ္ေတာ္ဝင္ခဲ့သည့္ စစ္ေရယာဥ္ ၆ စီးအနက္ ကမ္းလြန္ေရယာဥ္ တစ္စီး၊ျမစ္တြင္းသြားကင္းလွည့္ေရယာဥ္ ႏွစ္စီးႏွင့္ျမစ္တြင္းအျမန္သြားကင္းလွည့္ေရယာဥ္ ႏွစ္စီးတို႔သည္ တပ္မေတာ္(ေရ)မွကိုယ္တိုင္တည္ေဆာက္ခဲ့သည့္ စစ္ေရယာဥ္မ်ားျဖစ္သည္။

“ေရတပ္သေဘၤာက်င္းေတြကိုအဆင့္ဆင့္ အဆင့္ျမႇင့္တင္နိုင္ခဲ့တာေၾကာင့္ အဲဒီေရတပ္သေဘၤာ က်င္းေတြက ၂၀၁၁ ခုႏွစ္ကေန ၂၀၂၁ ခုႏွစ္အထိ စစ္ေရယာဥ္ ၉၄ စီးတပ္ေတာ္ဝင္နိုင္ခဲ့တယ္ ဆက္ လက္ၿပီးေတာ့လည္းတည္ေဆာက္ေနသလို စစ္ေရယာဥ္ေတြတည္ေဆာက္ရာမွာလည္း အရည္အ ေသြးပိုမိုေကာင္းမြန္လာတယ္”ဟု နစက ဥကၠ႒ကမိန္႔ခြန္းေျပာၾကားရာ၌ထည့္သြင္းေျပာဆိုခဲ့သည္။

အလားတူ စြမ္းရည္ထက္ျမတ္သည့္ တိုက္ပြဲဝင္စစ္ေရယာဥ္မ်ားျဖစ္ေစေရး စစ္ေရယာဥ္တစ္စင္းခ်င္းစီ၏ စြမ္းေဆာင္နိုင္မွု(Capability)မ်ားတိုး တက္ေကာင္းမြန္လာေစေရးအတြက္ ဆက္လက္ႀကိဳးပမ္းေဆာင္ရြက္သြားရမည္ျဖစ္ကာ စစ္ေရယာဥ္မ်ားအေနျဖင့္ တစ္စီးခ်င္းတိုက္ပြဲဝင္ရာတြင္ Capability ပိုေကာင္းသည့္တိုက္ပြဲဝင္စစ္ေရယာဥ္မ်ားျဖစ္ေစရန္ ႀကိဳးပမ္းေဆာင္ရြက္ရမည္ဟုလည္း နစက ဥကၠ႒ကမွာၾကားခဲ့သည္။

တပ္ေတာ္ဝင္ခဲ့သည့္ ေရငုတ္သေဘၤာစစ္ေရယာဥ္ မင္းရဲေက်ာ္ထင္အား ေလ့က်င္ေရးအတြက္ အဓိကထားၿပီး လိုအပ္ပါက စစ္ဆင္ေရးတာဝန္မ်ားကိုလည္းထမ္းေဆာင္နိုင္မည္ျဖစ္သည္။

ျမစ္တြင္းအျမန္သြားကင္းလွည့္စစ္ေရယာဥ္မ်ားအား ျမစ္တြင္းသယ္ပို႔တာဝန္ထမ္းေဆာင္နိုင္ရန္၊ဘက္စုံသုံး‌ေရယာဥ္မ်ားအျဖစ္အသုံးျပဳနိုင္ရန္ႏွင့္ ျမစ္တြင္းစစ္ဆင္ေရးမ်ား၌ လ်င္ျမန္စြာလွုပ္ရွားနိုင္ၿပီး ပစ္အားႏွင့္စစ္ကစားနိုင္ရန္ ရည္ရြယ္တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here