အင်းစိန်ဂုံးကျော်တံတားပေါ်တွင် ငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကိုလု ယက်ခဲ့သူ ၁၀ ဦးကို ရွှေထည်ပစ္စည်းအချို့နှင့်အ တူဖမ်းမိ

0
252

အင်းစိန်ဂုံးကျော်တံတားပေါ်တွင် ငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကိုလု ယက်ခဲ့သူ ၁၀ ဦးကို ရွှေထည်ပစ္စည်းအချို့နှင့်အ တူဖမ်းမိ

အင်းစိန်မြို့နယ်၊စျေးကုန်းရပ်ကွက်၊လှိုင်မြစ်လမ်း ၊အင်းစိန်းစျေး၌ဖွင့်ထားသည့် ကျုံစင်းအာမခံရွှေဆိုင်မှ ငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ဒီဇင်ဘာ ၁၉ ရက်က အင်းစိန်ဂုံးကျော်တံတားပေါ်တွင် လုယက်မှုကျူးလွန်ခဲ့သူ ၁၀ ဦးအား ငွေကျပ် ၁၆၄ သိန်း ၄ သောင်းအပါအ ဝင် ရွှေထည်ပစ္စည်းအချို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များကစုံစမ်းစစ် ဆေးခဲ့ရာ ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်း၌ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် Probox ယာဥ်အား အင်းစိန်မြို့နယ်၊ဒညင်းကုန်းဘူတာအနီးရှိ “အာကာကျော်” ကားဘော်ဒီနှင့်ဆေးမှုတ်ရုံတွင် သိမ်းဆီးရမိခဲ့သည်။ယာဥ်ပေါ်မှ လက်ပစ်ဗုံးတစ် လုံးကိုလည်း သိမ်းဆီးရမိခဲ့သည်။

ယာဥ်ပိုင်ရှင်ဖြစ်သည့် ကိုသန့်ဇင်ဦး(ခ)ဝတုတ် (၃၃)နှစ်နှင့်မအေးအေးဟန်(ခ)သဲသဲ(၄၃)နှစ်တို့အား ယင်းနေ့ညပိုင်းတွင် ဒဂုံ(မြောက်ပိုင်း)မြို့ နယ်၊(၄၂)ရပ်ကွက်ရှိနေအိမ်မှ ငွေကျပ် ၁၁ သိန်း ၄ သောင်း၊ ရွှေလက်စွပ်မျိုးစုံ ၁၆၅ ကွင်း၊ ရွှေနားကပ်မျိုးစုံ ၁၄ ရံ၊ ရွှေဆွဲပြားမျိုးစုံ ၄ ပြား၊ ရွှေဟန်းချိန်း ၂ ခု၊ ရွှေဆွဲကြိုးမျိုးစုံ ၄၆ ကုံး၊ ရွှေလက် ကောက်မျိုးစုံ ၁၅ ကွင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူနှစ်ဦး၏ထွက်ဆိုချက်အရ ပြစ် မှုကျူးလွန်ရာ၌ပါဝင်ခဲ့သည့် အမျိုးသား ခြောက်ဦးနှင့်အမျိုးသမီး နှစ်ဦးတို့အား ရွှေထည်ပစ္စည်းအချို့နှင့်အတူ နေရာအသီးသီးမှ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူ ၁၀ ဦးအား ငွေကျပ် ၁၆၄ သိန်း ၄ သောင်း၊ရွှေလက်စွပ်မျိုးစုံ ၂၈၄ ကွင်း၊ရွှေနားကပ်မျိုးစုံ ၈၇ ရံ၊ရွှေဆွဲပြားမျိုးစုံ ၄၄ ပြား၊ရွှေဟန်းချိန်း ၁၂ ခု၊ရွှေဆွဲကြိုးမျိုးစုံ ၆၇ ကုံး၊ရွှေလက်ကောက်မျိုးစုံ ၂၃ ကွင်း၊ရွှေကြယ်သီး နှစ်ခု၊စိတ်ကြွဆေး ၅၄၅၀ ပြား၊အငှားယာဉ် နှစ်စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဥ်အားဖော်ထုတ်စစ်ဆေးရမိခဲ့သည်။

ကျုံစင်းအာမခံရွှေဆိုင်ပိုင်ရှင် ဦးနှင်းငွေ(၅၁)နှစ်သည် ဇနီးဖြစ်သူ ဒေါ်သူဇာအေး(၄၅)နှစ်၊ သားဖြစ်သူ မောင်မောင်သက်ခိုင်(၉)နှစ်တို့နှင့်အတူ ၎င်း၏ ရွှေဆိုင်မှ နေအိမ်သို့ပြန်လာစဥ် အင်းစိန်ခုံးတံတားအလယ်အရောက် ရွှေထည်ပစ္စည်း စုစု ပေါင်းအလေးချိန် ၄ ပိဿာ ၅၀ ကျပ်သားခန့်ထည့်ထားသည့် လက်ဆွဲအိတ် နှစ်လုံး (ကာလ တန်ဖိုးငွေ သိန်း ၇,၂ဝဝ ကျပ်ခန့်)အား လုယက်ခံခဲ့ရခြင်းဖြစ်သည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူသွားမည်ဖြစ်ကာ ဖမ်းဆီးရန်ကျန်နေသည့် ပြစ်မှုကျူးလွန်ရာ၌ပါဝင်ခဲ့သူ များအား ထပ်မံဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။

Zaw Gyi

အင္းစိန္ဂုံးေက်ာ္တံတားေပၚတြင္ ေငြက်ပ္သိန္း ၇၂၀၀ ေက်ာ္တန္ဖိုးရွိ ေရႊထည္ပစၥည္းမ်ားကိုလု ယက္ခဲ့သူ ၁၀ ဦးကို ေရႊထည္ပစၥည္းအခ်ိဳ႕ႏွင့္အ တူဖမ္းမိ

အင္းစိန္ၿမိဳ႕နယ္၊ေစ်းကုန္းရပ္ကြက္၊လွိုင္ျမစ္လမ္း ၊အင္းစိန္းေစ်း၌ဖြင့္ထားသည့္ က်ဳံစင္းအာမခံေရႊဆိုင္မွ ေငြက်ပ္သိန္း ၇၂၀၀ ေက်ာ္တန္ဖိုးရွိ ေရႊထည္ပစၥည္းမ်ားကို ဒီဇင္ဘာ ၁၉ ရက္က အင္းစိန္ဂုံးေက်ာ္တံတားေပၚတြင္ လုယက္မွုက်ဴးလြန္ခဲ့သူ ၁၀ ဦးအား ေငြက်ပ္ ၁၆၄ သိန္း ၄ ေသာင္းအပါအ ဝင္ ေရႊထည္ပစၥည္းအခ်ိဳ႕ႏွင့္အတူဖမ္းဆီးရမိခဲ့သည္။

ျဖစ္စဥ္မွ ျပစ္မွုက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရးအတြက္ လုံျခဳံေရးအဖြဲ႕ဝင္မ်ားကစုံစမ္းစစ္ ေဆးခဲ့ရာ ဒီဇင္ဘာလ ၂၂ ရက္ ညေနပိုင္း၌ ျပစ္မွုက်ဴးလြန္ရာတြင္အသုံးျပဳခဲ့သည့္ Probox ယာဥ္အား အင္းစိန္ၿမိဳ႕နယ္၊ဒညင္းကုန္းဘူတာအနီးရွိ “အာကာေက်ာ္” ကားေဘာ္ဒီႏွင့္ေဆးမွုတ္႐ုံတြင္ သိမ္းဆီးရမိခဲ့သည္။ယာဥ္ေပၚမွ လက္ပစ္ဗုံးတစ္ လုံးကိုလည္း သိမ္းဆီးရမိခဲ့သည္။

ယာဥ္ပိုင္ရွင္ျဖစ္သည့္ ကိုသန္႔ဇင္ဦး(ခ)ဝတုတ္ (၃၃)ႏွစ္ႏွင့္မေအးေအးဟန္(ခ)သဲသဲ(၄၃)ႏွစ္တို႔အား ယင္းေန႔ညပိုင္းတြင္ ဒဂုံ(ေျမာက္ပိုင္း)ၿမိဳ႕ နယ္၊(၄၂)ရပ္ကြက္ရွိေနအိမ္မွ ေငြက်ပ္ ၁၁ သိန္း ၄ ေသာင္း၊ ေရႊလက္စြပ္မ်ိဳးစုံ ၁၆၅ ကြင္း၊ ေရႊနားကပ္မ်ိဳးစုံ ၁၄ ရံ၊ ေရႊဆြဲျပားမ်ိဳးစုံ ၄ ျပား၊ ေရႊဟန္းခ်ိန္း ၂ ခု၊ ေရႊဆြဲႀကိဳးမ်ိဳးစုံ ၄၆ ကုံး၊ ေရႊလက္ ေကာက္မ်ိဳးစုံ ၁၅ ကြင္းတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ျပစ္မွုက်ဴးလြန္သူႏွစ္ဦး၏ထြက္ဆိုခ်က္အရ ျပစ္ မွုက်ဴးလြန္ရာ၌ပါဝင္ခဲ့သည့္ အမ်ိဳးသား ေျခာက္ဦးႏွင့္အမ်ိဳးသမီး ႏွစ္ဦးတို႔အား ေရႊထည္ပစၥည္းအခ်ိဳ႕ႏွင့္အတူ ေနရာအသီးသီးမွ ထပ္မံဖမ္းဆီးရမိခဲ့သည္။

ျဖစ္စဥ္မွ ျပစ္မွုက်ဴးလြန္သူ ၁၀ ဦးအား ေငြက်ပ္ ၁၆၄ သိန္း ၄ ေသာင္း၊ေရႊလက္စြပ္မ်ိဳးစုံ ၂၈၄ ကြင္း၊ေရႊနားကပ္မ်ိဳးစုံ ၈၇ ရံ၊ေရႊဆြဲျပားမ်ိဳးစုံ ၄၄ ျပား၊ေရႊဟန္းခ်ိန္း ၁၂ ခု၊ေရႊဆြဲႀကိဳးမ်ိဳးစုံ ၆၇ ကုံး၊ေရႊလက္ေကာက္မ်ိဳးစုံ ၂၃ ကြင္း၊ေရႊၾကယ္သီး ႏွစ္ခု၊စိတ္ႂကြေဆး ၅၄၅၀ ျပား၊အငွားယာဥ္ ႏွစ္စီးတို႔ႏွင့္အတူဖမ္းဆီးရမိခဲ့ၿပီး ျဖစ္စဥ္အားေဖာ္ထုတ္စစ္ေဆးရမိခဲ့သည္။

က်ဳံစင္းအာမခံေရႊဆိုင္ပိုင္ရွင္ ဦးႏွင္းေငြ(၅၁)ႏွစ္သည္ ဇနီးျဖစ္သူ ေဒၚသူဇာေအး(၄၅)ႏွစ္၊ သားျဖစ္သူ ေမာင္ေမာင္သက္ခိုင္(၉)ႏွစ္တို႔ႏွင့္အတူ ၎၏ ေရႊဆိုင္မွ ေနအိမ္သို႔ျပန္လာစဥ္ အင္းစိန္ခုံးတံတားအလယ္အေရာက္ ေရႊထည္ပစၥည္း စုစု ေပါင္းအေလးခ်ိန္ ၄ ပိႆာ ၅၀ က်ပ္သားခန႔္ထည့္ထားသည့္ လက္ဆြဲအိတ္ ႏွစ္လုံး (ကာလ တန္ဖိုးေငြ သိန္း ၇,၂ဝဝ က်ပ္ခန႔္)အား လုယက္ခံခဲ့ရျခင္းျဖစ္သည္။

ျဖစ္စဥ္မွျပစ္မွုက်ဴးလြန္သူမ်ားအား ဥပေဒအရထိေရာက္စြာအေရးယူသြားမည္ျဖစ္ကာ ဖမ္းဆီးရန္က်န္ေနသည့္ ျပစ္မွုက်ဴးလြန္ရာ၌ပါဝင္ခဲ့သူ မ်ားအား ထပ္မံဖမ္းဆီးရမိေရးအတြက္ လုံျခဳံေရးအဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here