ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာစစ်ဘေးရှောင်များကိုကူညီပေးရန် NGO အဖွဲ့ ၁၅ ဖွဲ့ပူးပေါင်းတောင်းဆို

0
205

ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာစစ်ဘေးရှောင်များကိုကူညီပေးရန် NGO အဖွဲ့ ၁၅ ဖွဲ့ပူးပေါင်းတောင်းဆို

Save the Children အပါအဝင် နိုင်ငံတကာ NGO အဖွဲ့အစည်း ၁၅ ဖွဲ့ပူးပေါင်း၍ ကရင်ပြည်နယ်၊မြဝတီမြို့နယ်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဖက်သို့ စစ်ဘေးရှောင်လာကြသည့် မြန်မာစစ်ဘေးရှောင်များအား ထိုင်းနိုင်ငံအစိုးရကလိုအပ်သည့် အကူအညီများပေးရန် တောင်းဆိုခဲ့သည်။

မြန်မာစစ်ဘေးရှောင်များအား လိုအပ်သည့်အကူအညီများပေးရန်၊စစ်ဘေးရှောင်များ၏ အသက်အန္တရာယ်ကိုကာကွယ်ပေးရန်၊လူသားချင်းစာနာထောက်ထားမှုများပေးအပ်ရန်နှင့်ခိုလှုံခွင့်ပေးရန်တို့အား ထည့်သွင်းတောင်ဆိုခဲ့ထားသည်။

ထိုင်းနိုင်ငံအတွင်းသို့ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် မြန်မာစစ်ဘေးရှောင်အများစုသည် သောင်ရင်းမြစ်အားဖြတ်၍သွားရောက်ခဲ့ကြခြင်းဖြစ်သည်။ စစ်ဘေးရှောင်ထောင်ချီရောက်ရှိခိုလှုံနေကြပြီး ထိုင်းနိုင်ငံအစိုးရက စစ်ဘေးရှောင်စခန်းနှစ်ခုဖွင့်လှစ်၍ ထိုင်းနိုင်ငံစစ်တပ်နှင့်အသင်းအဖွဲ့များကလိုအပ်သည့် အစားအသောက်၊ကျန်းမာရေး၊အဝတ်အထည်၊စောင်၊ခြင်ထောင်နှင့်တကိုယ်ရေသုံးပစ္စည်းများ၊ရွက်ဖျင်တဲများကို ကူညီထောက်ပံ့ပေးလျက်ရှိသည်။

NGO ၁၅ ဖွဲ့၏ တောင်းဆိုချက်များထဲတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်ဘေးရှောင်များလာရောက်ခိုလှုံနိုင်စေရန် နယ်စပ်ဂိတ်ဖွင့်ပေးရန်၊UNHCR နှင့်လက်တွဲ၍ မြန်မာစစ်ဘေးရှောင်များကို စီစစ်ခိုလှုံခွင့်ပေးရန်၊ကုလသမဂ္ဂနှင့်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ဝင်များကို မြန်မာစစ်ဘေးရှောင်များနဲ့တွေ့ဆုံခွင့်ပေးရန်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများက ချမှတ်ထားသည့် လူသားချင်းစာနာမှုအကူညီပေးရေး ဘုံသဘောတူညီချက်များကို အကောင်ထည်ဖေါ်ရန်တို့ကိုလည်း ထည့်သွင်းတောင်းဆိုထားသည်။

ထိုင်းနိုင်ငံအစိုးရမှ မြဝတီမြို့နယ်အတွင်း ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းမှစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရောက်ရှိလာသည့် မြန်မာစစ်ဘေးရှောင် ထောင်ကျော်အားကူညီပေးလျက်ရှိပြီး ထပ်မံရောက်ရှိလာမည့် စစ်ဘေးရှောင်များအား လက်မခံတော့ကြောင်း ပြောဆိုပြီးနောက် NGO အဖွဲ့အစည်း ၁၅ ဖွဲ့က စစ်ဘေးရှောင်များအားထပ်မံလက်ခံရန် ယင်းသို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့နယ်အတွင်း နစက လုံခြုံရေးအဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ ယနေ့အထိဖြစ်ပွားနေသည့် ထိတွေ့တိုက်ပွဲများ၊လက်နက်ကြီးပစ်ခတ်မှုများနှင့်လေယာဥ်ဖြင့်ပစ်ခတ်မှုများကြောင့် နေအိမ်များအားစွန့်ခွာထွက်ပြေးရေသည့် ဒေသခံတစ်သောင်းကျော်ရှိကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသူများထံမှ သိရသည်။

Photo – CJ

Zaw Gyi

ထိုင္းနိုင္ငံအစိုးရအေနျဖင့္ ျမန္မာစစ္ေဘးေရွာင္မ်ားကိုကူညီေပးရန္ NGO အဖြဲ႕ ၁၅ ဖြဲ႕ပူးေပါင္းေတာင္းဆို

Save the Children အပါအဝင္ နိုင္ငံတကာ NGO အဖြဲ႕အစည္း ၁၅ ဖြဲ႕ပူးေပါင္း၍ ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕နယ္၌ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ထိုင္းနိုင္ငံဖက္သို႔ စစ္ေဘးေရွာင္လာၾကသည့္ ျမန္မာစစ္ေဘးေရွာင္မ်ားအား ထိုင္းနိုင္ငံအစိုးရကလိုအပ္သည့္ အကူအညီမ်ားေပးရန္ ေတာင္းဆိုခဲ့သည္။

ျမန္မာစစ္ေဘးေရွာင္မ်ားအား လိုအပ္သည့္အကူအညီမ်ားေပးရန္၊စစ္ေဘးေရွာင္မ်ား၏ အသက္အႏၲရာယ္ကိုကာကြယ္ေပးရန္၊လူသားခ်င္းစာနာေထာက္ထားမွုမ်ားေပးအပ္ရန္ႏွင့္ခိုလွုံခြင့္ေပးရန္တို႔အား ထည့္သြင္းေတာင္ဆိုခဲ့ထားသည္။

ထိုင္းနိုင္ငံအတြင္းသို႔ ျဖစ္ပြားေနသည့္တိုက္ပြဲမ်ားေၾကာင့္ ျမန္မာစစ္ေဘးေရွာင္အမ်ားစုသည္ ေသာင္ရင္းျမစ္အားျဖတ္၍သြားေရာက္ခဲ့ၾကျခင္းျဖစ္သည္။ စစ္ေဘးေရွာင္ေထာင္ခ်ီေရာက္ရွိခိုလွုံေနၾကၿပီး ထိုင္းနိုင္ငံအစိုးရက စစ္ေဘးေရွာင္စခန္းႏွစ္ခုဖြင့္လွစ္၍ ထိုင္းနိုင္ငံစစ္တပ္ႏွင့္အသင္းအဖြဲ႕မ်ားကလိုအပ္သည့္ အစားအေသာက္၊က်န္းမာေရး၊အဝတ္အထည္၊ေစာင္၊ျခင္ေထာင္ႏွင့္တကိုယ္ေရသုံးပစၥည္းမ်ား၊ရြက္ဖ်င္တဲမ်ားကို ကူညီေထာက္ပံ့ေပးလ်က္ရွိသည္။

NGO ၁၅ ဖြဲ႕၏ ေတာင္းဆိုခ်က္မ်ားထဲတြင္ ထိုင္းနိုင္ငံအေနျဖင့္ ျမန္မာစစ္ေဘးေရွာင္မ်ားလာေရာက္ခိုလွုံနိုင္ေစရန္ နယ္စပ္ဂိတ္ဖြင့္ေပးရန္၊UNHCR ႏွင့္လက္တြဲ၍ ျမန္မာစစ္ေဘးေရွာင္မ်ားကို စီစစ္ခိုလွုံခြင့္ေပးရန္၊ကုလသမဂၢႏွင့္လူသားခ်င္းစာနာေထာက္ထားမွုအဖြဲ႕ဝင္မ်ားကို ျမန္မာစစ္ေဘးေရွာင္မ်ားနဲ႔ေတြ႕ဆုံခြင့္ေပးရန္ႏွင့္အာဆီယံအဖြဲ႕ဝင္နိုင္ငံမ်ားက ခ်မွတ္ထားသည့္ လူသားခ်င္းစာနာမွုအကူညီေပးေရး ဘုံသေဘာတူညီခ်က္မ်ားကို အေကာင္ထည္ေဖၚရန္တို႔ကိုလည္း ထည့္သြင္းေတာင္းဆိုထားသည္။

ထိုင္းနိုင္ငံအစိုးရမွ ျမဝတီၿမိဳ႕နယ္အတြင္း ဒီဇင္ဘာ ၁၆ ရက္နံနက္ပိုင္းမွစတင္ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ေရာက္ရွိလာသည့္ ျမန္မာစစ္ေဘးေရွာင္ ေထာင္ေက်ာ္အားကူညီေပးလ်က္ရွိၿပီး ထပ္မံေရာက္ရွိလာမည့္ စစ္ေဘးေရွာင္မ်ားအား လက္မခံေတာ့ေၾကာင္း ေျပာဆိုၿပီးေနာက္ NGO အဖြဲ႕အစည္း ၁၅ ဖြဲ႕က စစ္ေဘးေရွာင္မ်ားအားထပ္မံလက္ခံရန္ ယင္းသို႔ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

ျမဝတီၿမိဳ႕နယ္အတြင္း နစက လုံျခဳံေရးအဖြဲ႕မ်ားႏွင့္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္တို႔ ယေန႔အထိျဖစ္ပြားေနသည့္ ထိေတြ႕တိုက္ပြဲမ်ား၊လက္နက္ႀကီးပစ္ခတ္မွုမ်ားႏွင့္ေလယာဥ္ျဖင့္ပစ္ခတ္မွုမ်ားေၾကာင့္ ေနအိမ္မ်ားအားစြန္႔ခြာထြက္ေျပးေရသည့္ ေဒသခံတစ္ေသာင္းေက်ာ္ရွိေၾကာင္း စစ္ေဘးေရွာင္မ်ားကိုကူညီေပးေနသူမ်ားထံမွ သိရသည္။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here