ပြည်ထောင်စုလွှတ်တော် ဒု-ဥက္ကဋ္ဌဟောင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ်လေးနှစ်ချမှတ်ခံရ

0
142

ပြည်ထောင်စုလွှတ်တော် ဒု-ဥက္ကဋ္ဌဟောင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ်လေးနှစ်ချမှတ်ခံရ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ် ပြည်ထောင်စုလွှတ်တော် ဒု-ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ဟာ ယခုအပါတ်ထဲမှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် လေးနှစ် ချမှတ်ခံလိုက်ရတယ်လို့ ရှေ့နေအသိုင်းအဝိုင်းကပြောပါတယ်။

အမှုဖွင့်တရားစွဲဆိုခံထားရတဲ့ ပုဒ်မ ၅၀၅ (က)၊ (ခ) အမှု ၂မှုတွေအတွက် ဒီဇင်ဘာ ၂၂ ရက် က အမိန့်ချလိုက်တာပါ။

“ဦးထွန်းထွန်းဟိန်က လားရှိုးထောင်ထဲမှာ ဖမ်းခံထားရတာကြာနေပြီ အခုမှ အမိန့်ချလိုက်တာလို့သိရတယ်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ရဲ့ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်ထုတ်ပြန် ကြေညာချက် နှစ်စောင်နဲ့ ပတ်သတ်ပြီး အခြား ဗဟိုအလုပ်အမှုဆောင်တွေနဲ့အတူ တရားစွဲခံထာရတာလို့ သိရပါတယ်”ဟု နီးစပ်သူတစ်ဦးကပြောပြပါတယ်။

၂၀၁၀နောက်ပိုင်း ပြည်သူ့လွတ်​တော်နှင့်အမျိုးသားလွတ်တော်အကြီးအမှူးတာဝန်ထမ်းဆောင်ခဲ့ကြဖူးသူတွေထဲ တရားစွဲခံရပြီး ထောင်ကျခဲ့တာ ပြည်ထောင်စုလွှတ်တော် ဒု-ဥက္ကဋ္ဌဟောင်း ဦးထွန်းထွန်းဟိန် တစ်ဦးထဲရှိပါ​တယ်။

Zaw gyi

ျပည္ေထာင္စုလႊတ္ေတာ္ ဒု-ဥကၠ႒ေဟာင္း အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ေလးႏွစ္ခ်မွတ္ခံရ

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီရဲ့ ဗဟိုအလုပ္အမွုေဆာင္တစ္ဦးလည္းျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္ ဒု-ဥကၠ႒ေဟာင္းလည္းျဖစ္တဲ့ ဦးထြန္းထြန္းဟိန္ဟာ ယခုအပါတ္ထဲမွာပဲ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ေလးႏွစ္ ခ်မွတ္ခံလိုက္ရတယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းကေျပာပါတယ္။

အမွုဖြင့္တရားစြဲဆိုခံထားရတဲ့ ပုဒ္မ ၅၀၅ (က)၊ (ခ) အမွု ၂မွုေတြအတြက္ ဒီဇင္ဘာ ၂၂ ရက္ က အမိန္႔ခ်လိုက္တာပါ။

“ဦးထြန္းထြန္းဟိန္က လားရွိုးေထာင္ထဲမွာ ဖမ္းခံထားရတာၾကာေနၿပီ အခုမွ အမိန္႔ခ်လိုက္တာလို႔သိရတယ္။အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ဗဟိုအလုပ္အမွုေဆာင္ အဖြဲ႕ ရဲ့ ေဖေဖာ္ဝါရီ ၇ ရက္နဲ႔ ၁၃ ရက္ထုတ္ျပန္ ေၾကညာခ်က္ ႏွစ္ေစာင္နဲ႔ ပတ္သတ္ၿပီး အျခား ဗဟိုအလုပ္အမွုေဆာင္ေတြနဲ႔အတူ တရားစြဲခံထာရတာလို႔ သိရပါတယ္”ဟု နီးစပ္သူတစ္ဦးကေျပာျပပါတယ္။

၂၀၁၀ေနာက္ပိုင္း ျပည္သူ႔လြတ္​ေတာ္ႏွင့္အမ်ိဳးသားလြတ္ေတာ္အႀကီးအမွူးတာဝန္ထမ္းေဆာင္ခဲ့ၾကဖူးသူေတြထဲ တရားစြဲခံရၿပီး ေထာင္က်ခဲ့တာ ျပည္ေထာင္စုလႊတ္ေတာ္ ဒု-ဥကၠ႒ေဟာင္း ဦးထြန္းထြန္းဟိန္ တစ္ဦးထဲရွိပါ​တယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here